Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကုလအေဂျင်စီများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ လူသားချင်းစာနာမှုအကူအညီပေးမှုများကို ပိတ်ဆို့တားဆီးမှုမရှိဟု နိုင်ငံခြားရေးဝန်ကြီးပြော
ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လူသားချင်းစာနာမှုအကူအညီပေးမှုတွေကို ပိတ်ဆို့တားဆီးမှုမရှိဘဲ လုံခြုံရေးဆောင်ရွက်ပေးနိုင်တဲ့ ဒေသအားလုံးကို ခွင့်ပြုဆောင်ရွက်ပေးနေတယ်လို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ၈ရက်က နေပြည်တော်မှာပြုလုပ်တဲ့ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ယာယီဌာနေညှိနှိုင်းရေးမှူး/လူသားချင်းစာနာမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူးနဲ့ ကုလသမဂ္ဂအေဂျင်စီတွေက ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံရှင်းလင်းပွဲမှာ အခုလိုပြောကြားလိုက်တာပါ။
နိုင်ငံတော်အစိုးရအနေနဲ့ လူသားချင်းစာနာမှုအကူအညီ အမှန်တကယ်လိုအပ်နေသူတွေဆီကို ခွဲခြားမှုမရှိ ဖြန့်ဝေပေးနိုင်ရေးအတွက် အလေးထားသလို ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ခရီးသွားလာခြင်းကို လုံခြုံရေးကိစ္စ အလေးထားစီစဉ်ဆောင်ရွက်ပေးနေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေနဲ့ မြန်မာနိုင်ငံအခြေအနေမှန်တွေကို သမာသမတ်ကျကျ ဘက်လိုက်မှုမရှိဘဲ နိုင်ငံတကာအသိုက်အဝန်းကို အသိပေးစေလိုတယ်လို့လည်း ဦးသန်းဆွေက ပြောကြားခဲ့ပါတယ်။
ဓာတ်ပုံ-MOFA
နက္ခတ်တာရာပြခန်းကို အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်နေ
----------------------
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်နဲ့ ပြည်သူ့ဥယျာဉ်အတွင်းရှိ နက္ခတ်တာရာပြခန်းကို အာကာသ ပြခန်းအဖြစ် အဆင့်မြှင့်တင်နေတယ်လို့ သိရပါတယ်။ အောက်တိုဘာ ၈ ရက်မှာ နစက ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဲဒီပြခန်းကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးက အာကာသပြခန်းအဖြစ် အဆင့်မြှင့်တင်ဆောင် ရွက်နေတဲ့ အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့ပါတယ်။
အဲဒီနောက် နစက ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ နက္ခတ်တာရာပြခန်းအတွင်းရှိ ပြကွက်အလိုက် ပြသထားရှိ မှုတွေနဲ့ ကြယ်နက္ခတ်တာရာတွေ လေ့လာတဲ့ ပြကွက်တွေကို ကြည့်ရှုခဲ့ကြပါတယ်။ နက္ခတ်တာရာပြခန်းကို ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ၁၉၈၇ ခုနှစ်မှာ စတင် ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ကျောင်းသားလူငယ်တွေနဲ့ ပြည် သူတွေ နက္ခတ်တာရာ သိပ္ပံဆိုင်ရာ ဗဟုသုတတွေ တိုးပွားလာစေရေး၊ ပညာပေးရေးနဲ့ အပန်းဖြေ ပျော်ရွှင်စေရေး တို့အတွက် ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။