ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ထိုင်းနှင့် အမေရိက တိုက်ရိုက်လေကြောင်းပြေးဆွဲမှု ပြန်စမည်
အမေရိကန်သယ်ယူပို့ဆောင်ရေးဌာန၏ ဖက်ဒရယ်လေကြောင်းအုပ်ချုပ်ရေးအဖွဲ့(FAA) က ထိုင်းနိုင်ငံ လေကြောင်းဘေးကင်းလုံခြုံမှုအဆင့်ကို အဆင့် ၂ မှ ၁ သို့ မြှင့်တင်ပေးမည့် လာမည့်နှစ် ဖေဖော်ဝါရီလလောက်တွင် ထိုင်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုအကြား တိုက်ရိုက်လေကြောင်းပြေးဆွဲမှုကို ပြန်စနိုင်မည်ဟု မျှော်လင့်ကြောင်း ဒုတိယဝန်ကြီးချုပ်၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး ဆူရီယာ ဂျန်ဂရန်ဂရင်းကစ်က ပြောဆိုလိုက်သည်။
FAA သည် နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်အတွင်း ထိုင်းနိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့(CAAT) နှင့်အတူ စစ်ဆေးမှုလုပ်ခဲ့ရာ၌ ကျေနပ်လောက်စရာ အကဲဖြတ်ချက်များ ရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံ၏ လေကြောင်းဘေးကင်းမှုဆိုင်ရာ စံနှုန်းများတွင် သိသာထင်ရှားသော တိုးတက်မှုရှိခဲ့သည်ဟု မစ္စတာ ဆူရီယာက မကြာသေးမီတွင် ကြေညာခဲ့သည်။
အချို့အသေးအဖွဲ့ကိစ္စများ ကျန်ရှိနေသေးသော်လည်း ယင်းသည် အပြီးသတ်ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိနိုင်ဖွယ်မရှိကြောင်းနှင့် ထိုင်းနိုင်ငံအနေဖြင့် လာမည့်နှစ်တွင် ဘေးကင်းလုံခြုံမှုအဆင့် ၁ အနေအထားကို ပြန်သတ်မှတ်ခံရနိုင်ပြီး နိုင်ငံ၏ လေကြောင်းကဏ္ဍအတွက် အရေးပါသောမှတ်တိုင်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
ထိုင်းနိုင်ငံ၏ လေကြောင်းဘေးကင်းလုံခြုံမှုဆိုင်ရာ အခြေအနေသည် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့အစည်း(ICAO)၏ စံချိန်စံညွှန်းများနှင့် မကိုက်ညီဆိုသည်ကို FAA က ပြန်လည်အကဲဖြတ်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် လေကြောင်းဘေးကင်းလုံခြုံမှုအဆင့် ၂ သို့ အဆင့်နှိမ့်ချသတ်မှတ်ခဲ့ခြင်းဖြစ်သည်။
ထိုင်းနှင့် မလေးရှားတွင်ရေကြီး၍ ေ-သဆုံးသူ ၁၂ ဦး ရှိလာ
ထိုင်းနိုင်ငံတောင်ပိုင်းနှင့် မလေးရှားနိုင်ငံမြောက်ပိုင်းတွင် ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံးရေကြီးမှုများဖြစ်နေကာ စနေနေ့တွင် ေ-သဆုံးသူ ၁၂ ဦးရှိ အထိရှိလာခဲ့သည်ဟု အာဏာပိုင်များက ပြောသည်။ ပြီးခဲ့သည့် သုံးရက်တာအတွင်း မြစ်ရေမြင့်တက်သဖြင့် လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
ထိုင်း နိုင်ငံတောင်ပိုင်းတွင် အိမ်ထောင်စုပေါင်း ၅၃၄,၀၀၀ နီးပါး ရေဘေးဒဏ်ခံခဲ့ရပြီး သောကြာနေ့အထိ ေ-သဆုံးသူ လေးဦးသာရှိခဲ့ရာမှ စနေနေ့တွင် ၉ ဦးသို့ မြင့်တက်ခဲ့ကြောင်းနှင့် ရေဘေးသင့်ဧရိယာများတွင် ထူထောင်ထားသည့် ယာယီခိုလှုံရေးစခန်း ၂၀၀ တွင် လူထောင်နှင့်ချီ၍ နေရာချထားရကြောင်း သဘာဝဘေးတားဆီးလျှော့ချရေးဌာနက ပြောဆိုခဲ့သည်။
ဆွန်ခလာပြည်နယ် ချာနာခရိုင်တွင် နှစ်ပေါင်း ၅၀ အတွင်း အဆိုးဝါးဆုံး ရေကြီးမှုကို ကြုံတွေ့နေရကာ ရေနစ်မြုပ်နေသော နေအိမ်များမှ လူများကို ထရပ်ကားများဖြင့် သယ်ထုတ်ပေးခဲ့ရပုံကို ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ စနေနေ့က ယာလာပြည်နယ် Sateng Nok ခရိုင်မှ အခြားဗီဒီယိုတစ်ခုတွင် ရေနစ်မြုပ်နေသည့် နေအိမ်ခေါင်မိုးပေါ်မှ ကလေ-းငယ်တစ်ဦးကို ကယ်ဆယ်ရေးသမားများက ခေါ်ဆောင်ပေးခဲ့သည်ကို တွေ့ရသည်။
ထိုင်းတောင်ပိုင်း ဧရိယာများစွာတွင် စနေနေ့တွင်လည်း မိုးသည်းထန်စွာဆက်လက် ရွာသွန်းနိုင်ပြီး ရေဘေးသင့်ဒေသများတွင်ထပ်မံ၍ ရေကြီးရေလျှံနိုင်သည်ဟု ထိုင်းနိုင်ငံ မိုးလေဝသဌာနက ပြောကြားခဲ့သည်။
အိမ်နီးချင်း မလေးရှားနိုင်ငံဘက်တွင်လည်း ပြည်နယ်ကိုးခုခန့်တွင် လူ ၁၃၉,၀၀၀ နီးပါးသည် ရေဘေးဒဏ်ခံခဲ့ရပြီး သောကြာနေ့မှစကာ ေ-သဆုံးသူ သုံးဦးရှိလာသည်ဟု အမျိုးသားသဘာဝဘေးကွပ်ကဲရေးစင်တာက ပြောဆိုသည်။
မလေးရှားနိုင်ငံ ပြည်နယ်များစွာတွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံခဲ့မှုများကြောင့် အသက်အိုးအိမ်စည်းစိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရသည့် ညီနောင်မလေးရှားပြည်သူများအတွက် အလေးအနက်စာနာရပါကြောင်းကို ပါကစ္စတန်ပြည်သူများကိုယ်စား ဖော်ပြရပါသည်ဟု ပါကစ္စတန်ဝန်ကြီးချုပ် မူဟာမက် ရှာဘတ်ဇ် ရှာရစ်ဖ်က စနေနေ့တွင် ပြောဆိုခဲ့သည်။
ဘန်ဝှိုက်ရဲ့ ဒဏ်ရာအပေါ် အာတီတာက
" ခွဲစိတ်မှုက ကောင်းကောင်းမွန်မွန် ပြီးသွားခဲ့တာပါ။ ခွဲစိတ်မှုပြီးတဲ့နောက် ဘာတုံ့ပြန်မှု မှ မရှိခဲ့ပါဘူး'
" သူတစ်နေ့ချင်း တိုးတက်နေပေမဲ့ ဒါက ၄ ပတ်ကနေ ၆ ပတ်အထိ ကြာနိုင်ပါတယ်"
"ငါတို့ အရမ်းကို ဂရုတစိုက်လုပ်နေတာဖြစ်ပြီး ဒူးအပေါ်မှာ ဖိအားတွေမရှိရအောင်ကြိုးစားသွားမှာပါ"
လို့ပြောကြားခဲ့ပါတယ်။
- မနာလို မဖြစ်မိဘူး -
တစ်ယောက်ယောက်က ကိုယ့်ကို ငါဒီလောက်ပိုက်ဆံရှာနိုင်ပြီ၊ အမြင့်ဆုံးဖုန်းကို ကိုင်နေပြီ၊ ကားစီးနေရပြီ၊ ရည်းစားရနေပြီ၊ certificate ထက်ရပြီလို့ လာပြောပြရင် မနာလိုလည်း မဖြစ်ဘူး၊ အားကျတာလည်း မရှိဘူး။ သူတို့အတွက်တောင် ကိုယ်က congrats ဖြစ်နေမိတယ်...။
ငယ်ငယ်ကတည်းကပါပဲ...။
သူများကို မနာလိုမဖြစ်ခဲ့ဘူး။ သူငါ့ထက်သာတယ်၊ ငါ့ထက်အဆင့်မြင့်တယ်ဆိုတာလည်း မခံစားဖူးဘူး။ သူတို့နဲ့လည်း ယှဉ်ပြိုင်ချင်စိတ်လည်း မရှိဘူး...။ တချို့က အဲ့လိုခံစားရအောင် ကြိုးစားပေမယ့် အဲ့အတွက်ခံစားဖို့ မလိုအပ်ဘူးလို့ ထင်နေတတ်တယ်...။
စိတ်ရင်းနဲ့ပြောရမယ်ဆိုရင် သူတို့ရချင်တဲ့အရာက ကိုယ်လိုချင်နေတဲ့အရာ မဟုတ်နေဘူး...။ သူတို့ယှဉ်ချင်နေတဲ့အရာက ကိုယ့်ကိုဘာတုန်လှုပ်မှု မဖြစ်စေဘူး...။ ကိုယ်ရရမယ့်အရာက နှိုင်းယှဉ်ယူမှ ရမယ့်အရာ မဟုတ်လို့ပါပဲ...။ ကိုယ့်အတွက် သီးသန့်ရှိနေပြီးသား မလို့ပါ...။
ဒီလိုပြောလို့ မင်းကတိုးတက်ချင်စိတ်မရှိဘူးလို့ ထင်နေလိမ့်မယ်...။ ဒါပေမယ့် ကိုယ့်ဆီမှာ တိုးတက်ချင်စိတ်အပြည့်ကို ရှိတယ်...။ ကိုယ်လည်း ကိုယ်ရချင်တဲ့အရာကို ရယူနိုင်ဖို့ကို ကြိုးစားနေတယ်...။ အဲ့အတွက် လိုအပ်တဲ့အရည်အချင်းကို ဖြည့်ဆည်းနေတယ်...။ ကိုယ်ရချင်တဲ့အရာကို ကိုယ့်ရဲ့အရည်အချင်းနဲ့ သက်သေပြနေပြီးသားမို့ လာယှဉ်ပြရင်တောင် ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိပါတယ်...။
အမှန်တိုင်းဝန်ခံရရင် နှိုင်းယှဉ်စရာကို မလိုတာပါ...။ ကိုယ်ဆိုတဲ့ဖြစ်တည်မှုက သက်သေပြပြီးသားမို့ပါ...။ ပြီးတော့ တစ်ခုခုကိုရချင်တဲ့အခါ သူများကိုစိတ်အနှောက်အယှက်ဖြစ်စေပြီး ရချင်တဲ့သူမဟုတ်ပါဘူး။ ကိုယ့်အတွက်တော့ ကိုယ်ရချင်တဲ့အရာက ကိုယ်ဆီရောက်လာဖို့သာ အဓိကပါပဲ...။ သူများကို စိတ်ထိခိုက်စေပြီး ရလိုက်ရင် ဒါကိုယ့်ဟာမဟုတ်ဘူးလို့ ခံစားစေတဲ့သူမို့လို့ပါ...။
အကယ်လို့ လာကြွားရင် congratulations ပါလို့ပဲ ပြောချင်တယ်...။ တကယ်စိတ်ရင်းနဲ့ congrats တာပါ...။ ဒီအတွက်ခင်ဗျာဘယ်လောက်ကြိုးစားခဲ့လဲဆိုတဲ့ အသိအမှတ်ပြုချင်ရုံသက်သက်ပါပဲ...။ ဘာမနာလိုမှုတွေ၊ အားကျမှုတွေ မရှိပါဘူး...။ ဘာလို့ဆို ခင်ဗျာရနေတဲ့အရာက ကိုယ့်အတွက်အသုံးမဝင်လို့ပါ...။
အကယ်လို့ ရချင်တဲ့အရာတူလာခဲ့ရင်လည်း အဲ့အရာကို အရည်အချင်းပိုပြည့်တဲ့သူက ရတာပဲလို့ပဲ ခံစားမိမှာပါ...။ သို့မဟုတ်လည်း ကိုယ့်အတွက် ကောင်းတဲ့အရာက စောင့်နေတယ်လို့ပဲ ခံစားမိနေမှာပါ...။
ဒါက ကိုယ်ပါပဲ...။ ဘယ်သူ့ကိုမှ မနာလိုမဖြစ်မိပါဘူး။ ကိုယ့်ကိုမနာဖြစ်အောင်ဆိုပြီး လာမလုပ်ပြပါနဲ့...။ ဘာမှမခံစားရတဲ့အပြင် ရယ်ချင်လို့ပါ...။ လူတိုင်းမှာ ကိုယ်စီလှပ၊ ထူးခြားနေတာပါပဲ...။ မနာလိုစရာ ဘာအကြောင်းပြချက်မှ မရှိတာပါ...။
Sorry, it doesn’t work on me.