1 နှစ် - ဘာသာပြန်ပါ။

တာချီလိတ်မြို့တွင် ကျပ် ၅ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့တွင် ငွေကျပ် ၅ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း)၊ ကက်တမင်း၊ အက်တက်စီနှင့် Happy Water များ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ကျန်ကြားအန်၏နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလိုနှင့် အက်တက်စီဆေးပြား ၁၂၈,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီခွဲအချိန် တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်ရှိ ဖမ်းဆီးရမိ စိတ်ပြောင်းဆေးဝါးများပိုင်ရှင် တွမ်လောင်ဖူး(ခ) အားဟွာ၏ နေအိမ်ကို ဆက်လက်ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ တွမ်ရှီးခွမ်အား စိတ်ပြောင်းဆေးဝါး Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀ ပြား၊ အက်တက်စီအမှုန့် ၉ ကီလိုနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၅ ဒသမ ၇ ဘီလီယံကျော် တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလို၊ အက်တက်စီ ဆေးပြား ၁၂၈,၀၀၀ ပြား၊ Happy Water ၂ ကီလို၊ Happy-5 ဆေးပြား ၁၆,၀၀၀ ပြား၊ အက်တက်စီအမှုန့် ၉ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

#centralbewsnaypyitaw

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၁၈

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၇ ဒေါ်လာ

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း

- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၃၃၀၀၀၀ ကျပ်

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၁၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၇၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၁၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၇၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၃၀ ကျပ်
ဝယ်ဈေး - ၄၃၃၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၄၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၂၀ ကျပ်
ဝယ်ဈေး - ၄၆၀၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၁.၅၈ ကျပ်
ဝယ်ဈေး - ၁၂၈.၂၁ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၀၅ ကျပ်
ဝယ်ဈေး - ၉၈၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၈ ကျပ်
ဝယ်ဈေး - ၆၀၂ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၂၈ ကျပ်
ဝယ်ဈေး - ၂၈.၅၃ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၀၁ ကျပ်
ဝယ်ဈေး - ၅၁.၆၆ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၃ ကျပ်
ဝယ်ဈေး - ၃.၀၅ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၂၀ ကျပ်
ဝယ်ဈေး - ၅၅၇၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၄၅ ကျပ်
ဝယ်ဈေး - ၂၇၇၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၄၅ ကျပ်
ဝယ်ဈေး - ၃၀၆၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၄ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၅ ကျပ်
ဝယ်ဈေး - ၁၁၉၅ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

အသဲရောင် (C) ပိုးရှိသူများအတွက် နိုင်ငံတော်စရိတ်ဖြင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်မည်

အသဲခြောက် အသဲကင်ဆာရောဂါဖြစ်စေသည့် အသဲရောင် (C)ပိုးရှိသူများအတွက် နိုင်ငံတော်စရိတ်ဖြင့် ဆေးဝါးများပေးအပ်သွားမည်ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်း မာရေးဦးစီးဌာနက အသိပေးထားသည်။

ပြီးခဲ့သည့်နှစ်အတွင်း လူဦး‌ရေ(၅၀၀)ကျော်ကို စစ်ဆေးပေးရာ၌ စီပိုးရောဂါရှိသူ(၈)ဦးတွေ့ရှိခဲ့ပြီး ၎င်းတို့အတွက် ဆေးဝါးများ ထောက်ပံ့ပေးအပ်သွားရန်စီစဉ်လျှက်ရှိကြောင်း သိရသည်။

ထို့ပြင် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ စာရင်းတွင် မပါဝင်သူများ ရောဂါပိုးရှိပြီး ၊ ဆေးသောက်ရန်အခက်အခဲရှိပါက ဒီဇင်ဘာ (၁၇)ရက် နောက်ဆုံးထားစာရင်းလာရောက် ပေးသွင်းနိုင်ကြောင်း အသိပေးထားသည်။

1 နှစ် - ဘာသာပြန်ပါ။

မြန်မာနိုင်ငံကူးလက်မှတ်လျှောက်ထားမှုအား AYA Pay ဖြင့်လည်း ငွေပေးချေနိုင်

နိုင်ငံကူးလက်မှတ်လျှောက်ထားမှုအား Online မှ ငွေပေးချေသည့် Online Appointment System ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ငွေပေးချေမှုအားAYA Pay ဖြင့်လည်း ငွေပေးချေနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

ယခင်ကမ္ဘောဇဘဏ်၏ KBZ Pay ကို အသုံးပြုဆောင်ရွက်လျက်ရှိ‌ပြီး AYA Pay အသုံးပြုသူများအဆင်ပြေစေရန်အတွက် ဒီဇင်ဘာ ၁ ရက်မှစတင်ပြီး
ဧရာဝတီဘဏ်၏ AYA Pay ဖြင့်လည်း ငွေပေးချေနိုင်ပြီဖြစ်ကြောင်း အသိပေးထားခြင်းဖြစ်သည်။

လက်ရှိတွင် အွန်လိုင်းဘိုကင်တင်၍ QR စနစ်ဖြင့် ရက်ချိန်းရယူရာတွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လအတွင်း ရက်များကို ရက်ချိန်းရယူနိုင်မည် ဖြစ်သည်။

နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး (ရန်ကုန်)တွင် အွန်လိုင်းဘိုကင်တင်၍ QR စနစ်ဖြင့် ၂၇ဝဝ ဦးနှုန်းဖြင့်လည်းကောင်း၊ နေပြည် တော်၊ မြစ်ကြီးနား၊ ဟားခါး၊ လွိုင်ကော်၊ မကွေး၊ မန္တလေး၊ မုံရွာ၊ တောင်ကြီး၊ ကျိုင်းတုံ၊ လားရှိုး၊ တာချီလိတ်၊ ဘားအံ၊ မြဝတီ၊ မော်လမြိုင်၊ ထားဝယ်၊ ကော့သောင်း၊ ပုသိမ်၊ စစ်တွေ၊ ပဲခူးမြို့များရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ရုံးများတွင်လည်း နေ့စဉ်လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ်လျှောက်ထားသူများအနေဖြင့် အွန်လိုင်းဘိုကင်စနစ်ဖြင့် စတင်ရက်ချိန်းယူရပြီး ရက်ချိန်းရရှိမှသာ ရုံးတွင်သွားရောက်ပြုလုပ်ရမည်ဖြစ်သည်။

image
1 နှစ် - ဘာသာပြန်ပါ။

အသင်းမှာဆက်နေမှာလား အသင်းကနေထွက်သွားမှာလားဆိုတဲ့အပေါ်
ရက်ရှ်ဖို့ဒ်🗣️""ကျွန်တော့် ပုဂ္ဂိုလ်ရေးအရတော့ စိန်ခေါ်မှုအသစ်တွေနဲ့ နောက်တစ်ဆင့်တက်ဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ကျွန်တော်ထင်ပါတယ် ၊ကျွန်တော်အသင်းကနေထွက်သွားတဲ့အခါ ခက်ခဲတဲ့ခံစားချက်တွေရှိလာမှာမဟုတ်သလိုမန်ချက်စတာယူနိုက်တက်နဲ့ပတ်သတ်ပြီးတော့လည်း မကောင်းတဲ့စကားတွေပြောမှာမဟုတ်ပါဘူး။ ကျွန်တော်ထွက်သွားတဲ့အခါ ကြေညာချက်တစ်ခုထုတ်ပါလိမ့်မယ်၊ အဲ့ဒါကလည်းကျွန်တော်ကိုယ်တိုင်ပဲထုတ်မှာပါ။"
နှလုံးသားထဲမှာအမြဲတမ်းအနီရောင်ဖြစ်နေမှာလား- "ဟုတ်ကဲ့၊ 100%။"

image
1 နှစ် - ဘာသာပြန်ပါ။

အသဲရောင် (C) ပိုးရှိသူများအတွက် နိုင်ငံတော်စရိတ်ဖြင့် ဆေးဝါးများ ထောက်ပံ့ပေးအပ်မည်ဟုဆို

ဒီဇင်ဘာ ၁၈

အသဲခြောက် အသဲကင်ဆာရောဂါဖြစ်စေသည့် အသဲရောင် (C)ပိုးရှိသူများအတွက် နိုင်ငံတော်စရိတ်ဖြင့် ဆေးဝါးများပေးအပ်သွားမည်ဖြစ်ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူ့ကျန်း မာရေးဦးစီးဌာနက အသိပေးထားပါတယ်။

ပြီးခဲ့သည့်နှစ်အတွင်း လူဦး‌ရေ(၅၀၀)ကျော်ကို စစ်ဆေးပေးရာ၌ စီပိုးရောဂါရှိသူ(၈)ဦးတွေ့ရှိခဲ့ပြီး ၎င်းတို့အတွက် ဆေးဝါးများ ထောက်ပံ့ပေးအပ်သွားရန်စီစဉ်လျှက်ရှိကြောင်း သိရပါတယ်။

ထို့ပြင် မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ စာရင်းတွင် မပါဝင်သူများ ရောဂါပိုးရှိပြီး ၊ ဆေးသောက်ရန်အခက်အခဲရှိပါက ဒီဇင်ဘာ (၁၇)ရက် နောက်ဆုံးထားစာရင်းလာရောက် ပေးသွင်းနိုင်ကြောင်း အသိပေးထားပါတယ်။

#centralnewznaypyitaw

image
Khine Su Zin မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

၂၀၂၄ အတွက် FIFA The Best အလှဆုံးသွင်းဂိုးဆုအတွက် ဂါနာချိုရရှိပြီး အကောင်းဆုံးကစားသမားဆုကို ဗီနီစီးယပ်စ်ဆွတ်ခူး

ဒီဇင်ဘာ ၁၈

၂၀၂၄ ခုနှစ်အတွက် FIFA ရဲ့ The Best ဆုတွေထဲမှာ အလှဆုံးသွင်းဂိုး Puskas Award ဆုအတွက် မန်ယူတောင်ပံကစားသမား ဂါနာချိုရရှိပြီး အကောင်းဆုံးကစားသမားဆုကို ဗီနီစီးယပ်စ်က ဆွတ်ခူးနိုင်ခဲ့ပါတယ်။

FIFA က ချီးမြှင့်တဲ့ ၂၀၂၄ ခုနှစ် တစ်နှစ်တာ အကောင်းဆုံးဆု ရရှိခဲ့သူတွေက အကောင်းဆုံးကစားသမားဆုကို ဗီနီစီးယပ်စ် (ရီးရဲမက်ထရစ်)၊ အကောင်းဆုံးဂိုးသမားဆုကို မာတီနက်ဇ် (အက်စတွန်ဗီလာ)၊ အကောင်းဆုံးသွင်းဂိုး Puskas ဆုကို အဲဗာတန်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ နိုင်ခဲ့တဲ့ပွဲမှာ မန်ယူတောင်ပံကစားသမား ဂါနာချိုက ဘိုင်စကယ်ကစ်နဲ့ နောက်ပြန်ကန်သွင်းယူခဲ့တဲ့ဂိုးကို ရွေးချယ်ခဲ့ပြီး အကောင်းဆုံးနည်းပြဆုကို အန်ဆယ်လော့တီ (ရီးရဲမက်ထရစ်)၊ Fair Play Award ဆုကို သီယာဂိုမိုင်ယာ (အင်တာနေစီယိုနယ်)၊ အကောင်းဆုံး အမျိုးသမီးကစားသမားဆုကို
အီတာနာဘွန်မာတီ (ဘာစီလိုနာ)၊ အကောင်းဆုံး အမျိုးသမီးနည်းပြဆုကို အမ်မာဟေးစ် (အမေရိကန်)၊ အကောင်းဆုံး အမျိုးသမီးဂိုးသမားဆုကို အလီဆာနာဟာ (ချီကာဂိုရက်ဒ်စတား) နဲ့ Fan Award ဆုကို ဂူဟာမီး ဂန်ဒယာ မိုယာဆိုတဲ့ ကလေးငယ်က ဆွတ်ခူးနိုင်ခဲ့တာပါ။

ဒါ့အပြင် အကောင်းဆုံး ၁၁ ဦးအသင်းမှာလည်း ဂိုးသမားနေရာ မာတီနက်ဇ်၊ နောက်တန်းမှာ ဆာလီဘာ၊ ဒီယက်စ်၊ ရူဒီဂါ၊ ကာဗာဂျယ်၊ အလယ်တန်းမှာ တိုနီခရူးစ်၊ ရိုဒရီ၊ ဘယ်ဟင်ဟမ်နဲ့ ရှေ့တန်းမှာ ဗီနီစီးယက်စ်၊ ဟာလန်း၊ လမိုင်းယာမယ်လ်တို့ ရွေးချယ်ခံခဲ့ရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage
+7

Skin Tone

Fashion