#အပ်မှိုချဉ်စပ်

👩‍🍳 ဝါးလို့ကောင်း စားလို့အရသာရှိတဲ့အပ်မှိုချဉ်စပ်လေး လုပ်စားကြည့်ကြရအောင်နော် 🤤

🔹🔸ပါဝင်ပစ္စည်းများ🔸🔹
-----------------------------------------
🔹 အပ်မှို ----1ထုပ်
🔹 ငရုပ်သီးစိမ်း ----15တောင့်
🔹 ကြက်သွန်ဖြူ ----အမွှာသေး 10မွာ
🔹 ငရုပ်သီးခွဲကြမ်း ----ထမင်းစားဇွန်းနဲ့တစ်ဇွန်း
🔹 သံပုရာသီး ----1လုံး
🔹 ကြက်သားမှုန့် ----အ‌ေသး1ထုပ်
🔹 ရှာလကာရည် ----ထမင်းစားဇွန်း 4ဇွန်းခန့်
🔹 နံနံပင် ----အနည်းငယ်
🔹 ဆီ ----ထမင်းစားဇွန်း 3ဇွန်းခန့်
🔹 ရေ ----အနည်းငယ်
🔹 နှမ်း ----အနည်းငယ်

👩‍🍳ချက်ပြုတ်နည်း👩‍🍳
*********************

1️⃣ ပထမဦးစွာ အပ်မှိုကို ရေစိမ်ထားပါ။ ပြီးနောက် ရေနွေးနဲ့ 3မိနစ်ခန့်စိမ်ထားပါ။

2️⃣ ငရုတ်သီးခွဲကြမ်းနဲ့ကြက်သွန်ဖြူရောထောင်းပါ။ ပြီးနောက်ငရုပ်သီးစိမ်းအား ကိုယ်အစပ်စားနိုင်သလောက်ထောင်းထားပါ။

3️⃣ ဒယ်အိုးထဲသို့ ဆီ ထမင်းစားဇွန်းနဲ့သုံးဇွန်းခန့်ထည့်ပါ ဆီပူလာပါက ခွဲကြမ်းနဲ့ကြက်သွန်ဖြူထောင်းထားတာကို ဆီသပ်ပါ။ ပြီးရင် ငရုပ်သီးစိမ်းထောင်းထားတာထည့်ပါ။ အနေတော်မေွှးလာလျှင် နှမ်းနည်းနည်းထည့်ပါ။

4️⃣ ပြီးရင် ရှာလကာရည်ထည့် ကြက်သားမှုန့်ထည့် ရေအနည်းငယ်ခန့်ထည့်ပြီး၊ 1မိနစ်လောက်ထားပါ။ ပြီးနောက် အပ်မှိုကိုထည့်ပြီး 1မိနစ်လောက်ချက်ထားပါ။ပြီးရင်နံနံပင်လေးအပေါ်က အုပ်ပြီး ဒယ်အိုးချလိုက်လို့ရပါပြီ 😋

🤤 အရသာရှိပြီး ချဉ်ချဉ်စပ်စပ်လေးနဲ့ အပ်မှိုချဉ်စပ်လေးကိုသုံးဆောင်နိုင်ပါပြီနော် 🤤


#အပ်မှို #ချဉ်စပ်
#cooking
#ချက်ပြုတ်နည်း #ဟင်းချက်နည်းများ

image