သံမဏိစိုးလင်းဦးနဲ့ မွှေထိုင်း ဖိုက်တာ ဆက်ဆန်တို့ ဇန်နဝါရီလကုန်ပိုင်း ထိုးသတ်မည်

ဒီဇင်ဘာ ၉

ရိုးရာလက်ဝှေ့ကျော် သံမဏိစိုးလင်းဦးနဲ့ မွှေထိုင်း ဖိုက်တာ ဆက်ဆန်တို့ ဟာ ၂၀၂၅ ခုနှစ် ဇန်န၀ါရီ (၂၄)ရက်နေ့မှာ ထိုးသတ်သွားမယ်လို့ သိရပါတယ်။

ONE Friday Fight 170 ပွဲစဉ်မှာ ထိုးသတ်သွားမှာဖြစ်ပြီး စိုးလင်းဦးဟာ နိုဝင်ဘာ (၃၀) ရက်နေ့က ညပိုင်းက ယာဥ် မတော်တဆမှုကြောင့် ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့မှာတော့ ဆေးရုံ ပြန်လည်ဆင်းခွင့်ရရှိခဲ့ပြီး သူရဲ့ လူမှုကွန်ယက်မှာ “ ကျွန်တော် ဒီပွဲကို ပြန်ကစားသွားမှာပါ။ ကျွန်တော့်ကို အားပေးချစ်ခင်တဲ့ သူတွေရဲ့ ဆုတောင်းခြင်း ခွန်အားတွေနဲ့ အကောင်းဆုံး ယှဥ်ပြိုင်သွားပါ့မယ်လို့” ဒီဇင်ဘာ ၆ ရက်နေ့က ရေးသားထားတာကိုတွေ့ရပါတယ်။

စိုးလင်းဦးဟာ ONE ပွဲစဉ် တစ်လျှောက် (၄)ပွဲ ထိုး (၃)ပွဲနိုင် (၁)ပွဲရှုံး ရရှိထားတာပဲ ဖြစ်ပါတယ်။

#centralnewsnaypyitaw

image
1 y - Translate

Kinda missed my prime days. 😂🤣

image
1 y - Translate

Kinda missed my prime days. 😂🤣

image
1 y - Translate

Kinda missed my prime days. 😂🤣

imageimage
1 y - Translate

ABC Soup (ABCဟင်းရည်)
...........................................
ဒီဟင်းရည်မှာ ဗီတာမင် A.B. C တွေပါဝင်လို့
အလွယ်တကူအနေနဲ့ ABC ဟင်းရည်လို့ခေါ်ပါတယ်တဲ့။
ဒီဟင်းရည်ချက်ဖို့အတွက် ဝက်ရိုး(သို့)
ကြက်ရိုးတို့ကို သုံးနိုင်ပါတယ်။

ထည့်ရမှာလေးတွေကတော့
ကြက်ရိုး(သို့) ဝက်ရိုး...... ၂၀သား
ပြောင်းဖူး................... ၂ဖူး
မုန်လာဥနီ .. . ... ...........၁တောင့်( သေးရင် ..၂တောင့်)
အာလူး..........................၁လုံး
ကြက်သွန်နီဥကြီး........... ၁လုံး(သေးရင် ၂လုံး)တို့ပါ။

အရင်ဆုံးဝက်ရိုး(သို့) ကြက်ရိုးတို့ကို
ရေစင်အောင်ဆေးပြီး ရေနွေးပူပူနဲ့ဖျောဆေးထားပါ။

ပြီးရင် ချက်မဲ့အိုးခပ်ကြီးကြီးထဲ
ရေတဝက်လောက်ထည့်ပြီး ဆူလာအောင်တည်၊
ဆူလာရင် အရိုး တွေထည့်၊ ပြောင်းဖူး၊ ဥနီ၊ အာလူး၊
ကြက်သွန်နီတို့ကို ပုံပါအတိုင်း လှီးထည့်ပြီး
တနာရီကြာခန့်တည်ထားရုံပါ။
ရေခမ်းလာလျှင် ရေနွေးထပ်ထည့်၊
ချခါနီးမှာမှ ဆားလေးနည်းနည်းဖြူးထည့်ပေးပါ။
အချိုအရသာတွေထွက်လာမှာမို့
ဟင်းခတ်မှုန့်တွေ မထည့်လဲရပါတယ်။

ခုချိန်မှာ ကိုယ်ခံအားကောင်းနေဖို့အတွက်
အရိုးပြုတ်ရည်လေးတွေ မကြာခန
ချက်သောက်ကြမယ်နော်။

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၉-၁၂-၂၀၂၄)

တည်ငြိမ်နေဆဲ စက်သုံးဆီဈေးနှုန်းများ

image

ဗန်းမော်မှာ တိုက်ပွဲပြင်းထန်နေပြီး တမြို့လုံးနီးပါးစစ်ရှောင်နေရ

ဒီဇင်ဘာ ၉

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIA)တို့တိုက်ပွဲတွေ ပြင်းထန်နေပြီး တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေရတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဗန်းမော်မြို့ ၃ မိုင်ကျေးရွာမှာရှိတဲ့ စာသင်ကျောင်းတွေနဲ့ နေအိမ်တွေ မီးလောင်နေတယ်လို့လည်း စစ်ဘေးရှောင်လာသူတွေက ပြောပါတယ်။

စစ်ဘေးရှောင်ကြသူတွေဟာ ဧရာဝတီမြစ်ထဲကနေ စက်လှေတွေနဲ့ နီးစပ်ရာရွာတွေကို စစ်ဘေးရှောင်နေကြပြီး မြစ်တစ်ဘက်ကမ်း ထီးလင်းနဲ့ အထက်ဘက် ရွှေဂူမြို့တွေဘက်ကို စစ်ရှောင်သူတွေလည်း ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဆက်သွယ်ရေးဖုန်းနဲ့ အင်တာနက်လိုင်းတွဆက်သွတောက်နေပြီး ဗန်းမော်မြို့ထဲမှာ ပိတ်မိနေသူတွေကို လူမှုကူညီရေးအသင်းတွေက ကယ်ထုတ်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့ကစပြီး ဗန်းမော်မြို့မှာရှိတဲ့ တပ်စခန်းတွေကို KIA က စတင်ထိုးစစ်ဆင်ပြီးနောက် တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။

ဗန်းမော်မြို့မှာ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) လက်အောက်ခံတပ်စခန်း ၈ ခုအထိရှိနေပါတယ်။

အလားတူ ဗန်းမော်-မံစီ-မိုးမောက် လမ်းပိုင်းတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

၂၀၁၄ သန်း ‌ခေါင် စာရင်းအရ ဗန်းမော်မြို့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်ပြီး ဗန်းမော်ခရိုင်အတွင်း လူဦးရေ ၃ သိန်းကျော်ရှိပါတယ်။

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image
image
image
image

ပြင်သစ်အတွက် ဆက်ပြီးကစားပေးမယ်လို့ ဘတ်ပီကတိပြု

ဒီဇင်ဘာ ၉

ရီးရယ်လ်အသင်းတိုက်စစ်မှူး ဘတ်ပီဟာ ပြီးခဲ့တဲ့ ပြင်သစ်အသင်းရဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာ လူစာရင်းတွေမှာ ချန်လှပ်ခြင်း ခံခဲ့ရပေမယ့် နိုင်ငံအသင်းအတွက် ဆက်ပြီးကစားပေးဖို့ ကတိပြုခဲ့ပါတယ်။

ဘတ်ပီက “ပြင်သစ်ဘောလုံးအသင်းက ဘောလုံးမှာ အမြဲတမ်း အမြင့်ဆုံးဖြစ်ပြီး ဒါက နိုင်ငံအသင်းပါ။ ပြင်သစ် ထက် ပိုပြီးအရေးကြီးတာ ဘာမှမရှိဘူးဆိုပြီး ကျနော် အမြဲတမ်း ပြောဖူးပါတယ်။ ပြင်သစ်အသင်းအပေါ် ကျနော့်ရဲ့ ချစ်ခြင်းတွေက ဘယ်တော့မှ မပြောင်းလဲဘဲ နိုင်ငံအသင်းအတွက် ဆက်ပြီးကစားသွားမယ်”လို့ Canal+ ကို ပြောခဲ့ တာပါ။

အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပြင်သစ်အသင်းအတွက် ၈၆ ပွဲ ပါဝင်ကစားထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့သလို အာဂျင်တီးနားအသင်းကို အ-ရေး-နိမ့်ခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်း ခေါင်းဆောင် ဘတ်ပီဟာ ဒဏ်ရာကနေ သက်သာပြီးနောက် ကြိုတင်ကာကွယ်မှုအဖြစ် အောက်တိုဘာက နိုင်ငံအသင်း လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာပါ။

ဒါအပြင် ဘတ်ပီဟာ အကြောင်းပြချက် ရှင်းရှင်းလင်းလင်း မရှိဘဲ ပြင်သစ်အသင်းရဲ့ နိုဝင်ဘာ လူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရပါတယ်။

ဘတ်ပီဟာ ပြင်သစ်အသင်းအတွက် ၄၈ ဂိုး သွင်းယူထားပေမယ့် ၂၀၂၄ ခုနှစ်ထဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ရုန်းကန် ခဲ့ရတာပါ။

ဘတ်ပီဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နှာခေါင်းရိုးကျိုး ဒဏ်ရာနဲ့ ပွဲတွေကို ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ဘတ်ပီကို ပြီးခဲ့တဲ့ နိုဝင်ဘာက ယှဉ်ပြိုင်ခဲ့တဲ့ နေးရှင်းလိဂ် ပွဲတွေအတွက်သာ ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောထားတာပါ။

ဘတ်ပီက “နိုဝင်ဘာနဲ့ပတ်သက်ပြီး ကျနော် မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒါက နည်းပြရဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး သူပြောတဲ့ အနောက်ကို လိုက်ရမှာပါ။ သူကနည်းပြဖြစ်တဲ့အတွက် သူ့ရဲ့ဆုံးဖြတ်ချက်ကို ကျနော် အပြည့်အဝ လေးစားပါတယ်။ ကျနော်က သွားချင်ပေမယ့် ဘာကြောင့်လဲဆိုတာတော့ ကျနော်မပြောနိုင်ပါဘူး”လို့ ပြောခဲ့ပါတယ်။

နွေရာသီက ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာပြီး ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဘတ်ပီဟာ စပိန်ကလပ် မှာ သူ့ရဲ့အကောင်းဆုံးပုံစံ မရရှိသေးပေမယ့် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားအပြီးမှာ ၁၁ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: BBC

ပုံ - ဘတ်ပီကို တွေ့ရစဉ်

#centralnewsnaypyitaw

image
1 y - Translate

Collection of my dream travels ✈️💜

image
1 y - Translate

Collection of my dream travels ✈️💜

image