51 w - Translate

TATTOO IDEAS 🔥🔥🔥

image
51 w - Translate

TATTOO IDEAS 🔥🔥🔥

image
51 w - Translate

TATTOO IDEAS 🔥🔥🔥

image
51 w - Translate

TATTOO IDEAS 🔥🔥🔥

image
51 w - Translate

TATTOO IDEAS 🔥🔥🔥

image
51 w - Translate

TATTOO IDEAS 🔥🔥🔥

imageimage
+15

မင်မင် ငပလီမှာ ကြုံခဲ့ရတဲ့အဖြစ်အပျက်လေးပြောပြမယ်
ငပလီကို မိသားစုလိုက်ခရီးစထွက်ခဲ့ကြတာပေါ့ ခရီးထွက်ဖို့စီစဉ်တုန်းက လေယာဉ်နဲ့သွားရမလား (သို့) ကားနဲ့ပဲသွားရမလားဆိုတာစဉ်းစားကြရင်း ရခိုင်ရိုးတောင်တန်းတွေကို ကားလေးနဲ့ ခရီးထွက်ပြီး ရှုခင်းလေးတွေကြည့်ရင်း သာသာယာယာ ခရီးသွားကြမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြလေသတည်းပေါ့ကွယ်။ ရန်ကုန်ကစထွက်တော့ မနက်၄နာရီအချိန် ပျော်ပျော်ပါးပါး ဘုရားစာတရားစာလေး စဖွင့်ပြီးခရီးထွက်ခဲ့ကြတာပေါ့။ ငပလီကိုမရောက်ခင် ဂွမြို့ကိုကျော်ပြီး ပင်လယ်စမြင်ရတဲ့ကမ်းသာယာကမ်းခြေကိုစရောက်ရှိလာပါပြီ "အိုးး လှလိုက်တာရေတွေက ကြည်လဲ့ပြာစင်းနေတာပဲ"။‌ ကမ်းသာယာကိုရောက်တော့နေ့လည် ၁နာရီလောက်ရှိနေတော့ ဒီမှာပဲထမင်းစားနားကြမယ်ဆိုပြီး ခဏနားလိုက်ကြတယ်။ ခရီးတထောက်နားပြီး ၂နာရီကျော် သုံးနာရီနီးပါလောက်ခရီးဆက်လိုက်တာ နောက်ဆုံး ငပလီမှာတည်းမဲ့ ဟော်တယ်ကိုရောက်လာကြတယ်။
ပထမနေ့ - အေးဆေးပဲလျှောက်လည်ကြ ပင်လယ်စာတွေလျှောက်စားလိုက် ရေကူးလိုက်နားလိုက်ပေါ့။
ဒုတိယနေ့ - အာ့မှာတွေ့တာပဲ အာနေ့က ပင်လယ်မှာ ရေဆင်းကူးပြီး ပြန်တက်လာတော့ အချစ်နဲ့ရေကူးကန်မှာဆက်ကူးမယ်ဆိုပြီးကူးကြတယ်၊ ကူးပြီတော့ ရေကူးကန်ဘေးက ဘားလေးမှာ ကြည့်လိုက်တော့ cocktail promotion‌ လေးတွေ့တော့ တစ်ယောက်တစ်ခွက်သောက်ကြမယ်ဆိုပြီး ဘားမှာထိုင်သောက်လိုက်ကြတယ်ပေါ့။ ခဏကြာတော့ မားမားကထမင်းစားဖို့လာခေါ်တော့ ရွာထဲမှာထမင်းသွားစားကြပြီး ပြန်လာတော့ ဟော်တယ်ခန်းထဲမှာဘီယာနဲ့ အေဘီစီလေးရောပြီး ဘောလုံးပွဲကြည့်ရင် အချစ်နဲ့အတူ သောက်ကြတာပေါ့။ ခဏကြာတော့ ဆရာကြီးက cocktail အစွမ်းတွေပြပြီး အိပ်ပျော်သွားလေရဲ့ ကိုယ်ကတော့တစ်ယောက်ထဲကျန်ခဲ့ပြီးဘောလုံးပွဲဆက်ကြည့်နေရင်း နောက် ၅မိနစ်နေတော့ ပွဲကပြီးသွားတယ်။ အာ့တော့မှ တီဗီလေးပိတ်၊ ခေါင်းရင်းကနေ အခန်းမီးအကုန်လုံးကိုလှမ်း ပိတ်လို့ရတဲ့ မီးခလုတ်လေးကိုပိတ်လိုက်ပြီး ခေါင်းရင်း night light မီးလေးကိုပဲချန် မပိတ်ပဲထားလိုက်တဲ့အချိန်မှာ မျက်လုံးကလည်း ခြေရင်းက အဝတ်ဘီဒို ဘေးကို autoရောက်မိသားဖြစ်သွားရော၊ အာ့အချိန် ဘီဒိုဘေးမှာ ဝတ်ရုံအမည်းကြီးခြုံထားတဲ့လူပုံစံတစ်ခုခုက မတ်တပ်ရပ်ပြီး ကျမကို စိုက်ကြည့်နေပါတယ်ရှင်။ ကိုယ်က မသေချာလို့ မီးပြန်ဖွင့် အာ့အရာကြီးက ပြန်ပျောက်သွား၊ မီးပြန်ပိတ်ရင် ပြန်ပေါ်လာ၊ အာ့လိုနဲ့ ၃ခေါက်လောက် ပိတ်လိုက်ဖွင့်လိုက်လုပ်လိုက်တာ နောက်ဆုံးတစ်စုံတစ်ခုဆိုတာ သေချာသွားတော့‌ စောင်ကြီး ခေါင်းမှူးခြုံ ဘေးကမူးပြီးအိပ်နေတဲ့ ဆရာကြီးနားထိုးပြီးအိပ်တော့တာပဲ။ မနက်မိုးလင်းတော့ ဆရာကြီးက ဒီအခန်းထဲဧည့်သည်ရှိတယ်ဟဆိုပြီးထပြောပါလေရော။ ကျမက ဟာဘာဧည့်သည်လဲဆိုပြီး ပြန်ပြောတော့ ခါတိုင်ပြောနေကြဧည့်သည်ပေါ့ကွာဆိုပြီးပြောလိုက်မှ ကျမညက တွေ့ခဲ့တဲ့ ဧည့်သည်ကို မေတ္တာပို့ပေးမိပါတော့တယ်။ ကြုံရတဲ့ အဖြစ်အပျက်လေးပါပဲ

image

သမိုင်းပညာရှင် ဒေါက်တာတိုးလှနဲ့ လူပုဂ္ဂိုလ် ၄ ဦး ကို အမျိုးသားစာပေတစ်သက်တာ ဆုချီးမြှင့်

နိုဝင်ဘာ ၂၂

ထင်ရှားတဲ့ သမိုင်းပညာရှင် ဒေါက်တာတိုးလှ၊ ဒေါက်တာကျော်ဝင်း (သမိုင်း)၊ စာရေးဆရာ ဒေါက်တာမင်းတင်မွန် (ပါရဂူမင်းနန္ဒာ)၊ ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်) နဲ့ ဦးညွန့်ဆွေ (မောင်ဆွေသက်) တို့ကို ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု ချီးမြှင့်လိုက်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာန က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒေါက်တာတိုးလှ ဟာ နာမည်ကျော် သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်း ရဲ့ တပည့်ဖြစ်ခဲ့ဖူးပြီး သမိုင်းသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တာဝန်အထိ ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

မြန်မာ့ရှေးဟောင်းပစ္စည်းတွေကိုစုဆောင်းသူတစ်ဦးအနေနဲ့ နိုင်ငံတကာမှာ ထင်ရှားတဲ့ စာရေးဆရာ Terence Tan (ဒေါက်တာတန်) အင်္ဂလိပ်ဘာသာနဲ့ ရေးသားပြီး ၂၀၂၃ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ Ancient Beads and Jewellery of Myanmar စာအုပ် ကို စစ်ကောင်စီ က အင်္ဂလိပ်ဘာသာ (သုတ) အမျိုးသားစာပေဆု ပေးအပ်ခဲ့ပါတယ်။

စာပေဗိမာန်ဆုတွေထဲမှာဆိုရင် ရှေးဟောင်းသုတေသန ဒုညွှန်ကြားရေးမှူးချုပ်‌ဟောင်း ‌ဒေါက်တာသိန်းလွင်(စာရေးဆရာ မြန်စာမြေသိန်းလွင်) က “ပျို့စာဆို ဦးနိုး၏ ဘဝနှင့် စာပေ” စာအုပ်နဲ့ သုတပဒေသာ (ဝိဇ္ဇာ) ပထမဆု ကိုရရှိခဲ့ပါတယ်။

ပုံစာ- မစ္စတာတန်၊ ဒေါက်တာတိုးလှ၊ ဒေါက်တာသိန်းလွင်(မြန်စာမြေသိန်းလွင်)
ဓာတ်ပုံ - မစ္စတာတန်၊ ဒေါက်တာတိုးလှ၊ ဒေါက်တာသိန်းလွင်(မြန်စာမြေသိန်းလွင်)

Credit - BBC

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
51 w - Translate

အားငယ်မှုတွေနဲ့ မေးမိတဲ့
စကားလေး တစ်ခွန်း
( မအားတာလားဟင် )

ရင်နာခြင်းတွေနဲ့ ပြောမိတဲ့
စကားလေး တစ်ခွန်း
( မနောက်ယှက်တော့ပါဘူး )

ပြိုလဲခြင်းတွေနဲ့‌ လက်လျော့စွာ ပြောမိတဲ့
စကားလေး တစ်ခွန်း
( ဒါဆိုလဲသဘောအတိုင်းပါ )

ဝမ်းနည်းခြင်းတွေနဲ့ မျော့်လင့်တကြီးပြောမိတဲ့စကားလေးတစ်ခွန်း
( စောင့်နေမယ်နော် )

ဒီစကားလေး 4 ခွန်းကို ဝမ်းနည်း အားငယ်စွာ
ပြိုလဲကြချိန်တွေမှာ ကိုယ်ယုံကြည်အားကိုးမိတဲ့
သူတွေကိုသာ ပြောမိတက်တယ်

အဲ့ဒါတွေကို နည်းနည်းလေးတောင်မှ မသိခဲ့ကြဘူးမဟုတ်လား😔

#မင်းတို့ရဲ့မမ☘️☘️☘️
#crd

image
51 w - Translate

ဒီအယ်မကြီး နှစ်ယောက်ရဲ့ မှုခင်းဆရာဝန်နဲ့ စုံထောက်ဇာတ်ကားလေး မနက်ဖြန်ဆိုစကြည့်ရတော့မယ်နော် 💞

#petrichortheseries

image