1 y - Translate

😻 ပေါ့ပေါ့ပါးပါး Same Meaning လေးတွေပါ။

Credit to Tharapar Community

image
1 y - Translate

😻 ပေါ့ပေါ့ပါးပါး Same Meaning လေးတွေပါ။

Credit to Tharapar Community

image
1 y - Translate

😻 ပေါ့ပေါ့ပါးပါး Same Meaning လေးတွေပါ။

Credit to Tharapar Community

image
1 y - Translate

😻 ပေါ့ပေါ့ပါးပါး Same Meaning လေးတွေပါ။

Credit to Tharapar Community

image
image
image
image
1 y - Translate

Collagen တွေထဲမှာ ကျန်းမာရေးထောက်ခံချက်ရရှိထားပြီး အာနိသင်နှစ်မျိုးကိုပေးတဲ့ ကိတ်ဖြူကော်လာဂျင်ကို သောက်ဖူးကြလား❓

Collagen သောက်ပေးခြင်းအားဖြင့်...

- အဖြူဆင်းသက်သာ ရာသီမှန်ပြီး ကျန်းမာစေတယ်

- ကိတ်သင့်တာကိတ်ပြီး ခန္ဓာကိုယ်လှစေတယ်

- အသားအရေကျန်းမာ ဖြူဝင်းစေတယ်

- အရိုးအဆစ်တွေ အားကောင်းနုပျိုစေတယ်

- အသားဖြူမြန်ပြီး အသားအရေနူးညံ့စိုပြေစေပါတယ်

ဒီလိုမျိုး ထိရောက်မှုရှိရှိနဲ့ သောက်ရင် သောက်သလောက် အကျိုးရှိစေတဲ့ Daily Need ရဲ့ ကိိတ်ဖြူကော်လဂျင်လေးကို မှာယူလိုပါက message box မှာ အခုပဲ ဆက်သွယ်လိုက်တော့နော် 📢

#dailyneed #collagen #beauty

image
1 y - Translate

မင်းသမီး ဂန္တဝင် ဖွင့်လှစ်ထားတဲ့ ကော်ဖီဆိုင်ကို သွားရောက်အားပေးခဲ့ကြတဲ့ အနုပညာရှင်များ

သရုပ်ဆောင်ဟောင်းတစ်ဦးဖြစ်တဲ့ ဂန္တဝင်က Comfort Hill ဆိုတဲ့ ကော်ဖီဆိုင်လေးကို ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ သူမရဲ့ cafe ဆိုင်လေးဟာ အခြားသောဆိုင်တွေနဲ့မတူတဲ့အချက်က အရိပ်အာဝါသနဲ့အေးမြစေတဲ့ သစ်ပင်ပန်းမန်တွေကို အများဆုံးစိုက်ပျိုးထားပြီး တောအုပ်လေးတစ်ခုကိုရောက်နေသကဲ့သို့ ခံစားရစေမယ့် ငှက်လေးတွေနဲ့ ငါးလေးတွေကိုပါ မွေးမြူထားတာဖြစ်ပါတယ်။ ဂန္တဝင်ရဲ့ကော်ဖီဆိုင်လေးကို အနုပညာရှင်များကလည်း လာရောက်လည်ပတ်အားပေးခဲ့ကြတာကိုတွေ့ရပါတယ်။ ဆိုင်လေးကတော့ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်မှာ ဖွင့်လှစ်ထားတာပါ။

#crd

image

ရုံး ၅ ရက်ပိတ်လို့ ပျော်နေပုံ

၂ဝ၂၅ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်သည် ယခင်နှစ်များအတိုင်း ပြောင်းလဲမှုမရှိသည့်အတွက် ကားဈေးနှုန်းများအပေါ် သက်ရောက်မှုမရှိနိုင်ဟုဆို

ဒီဇင်ဘာ ၂၈

၂ဝ၂၅ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၁၀၀/၂ဝ၂၄) ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

အဆိုပါ အမိန့်ကြော်ငြာစာအရ ၂၀၂၅ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့် ခုနှစ်အား လူစီးမော်တော်ယာဉ်များအတွက် ၂၀၂၄ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အထိ၊ လုပ်ငန်းသုံးယာဉ်များ (ကုန်တင်ယာဉ်/ ခရီးသည်တင်ယာဉ်)များအတွက် ၂၀၂၁ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အထိ၊ မီးသတ်ယာဉ်/ လူနာတင်ယာဉ်များအတွက် ၂၀၁၆ ခုနှစ်မှ ၂ဝ၂၅ ခုနှစ်အထိ၊ ယန္တရားများအတွက် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ သတ်မှတ်ထားသည်။

စက်ယန္တရားယာဉ်များမှအပ ကျန်ရှိမော်တော်ယာဉ်များ တင်သွင်းရာတွင် လက်ဝဲစတီယာရင် ယာဉ်များသာ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။ အများပြည်သူသုံးလမ်းများပေါ်တွင် မောင်းနှင်အသုံးပြုခြင်းမရှိသည့် လုပ်ငန်းသုံးယန္တရားများအား လွန်ခဲ့သော (၁၅) နှစ်အတွင်း ထုတ်လုပ်သည့်ယာဉ် ( ၂၀၁၁ ခုနှစ်နှင့်အထက် ထုတ်လုပ်သောယာဉ်) များအဖြစ် တင်သွင်းခွင့်ပြုမည်ကြောင်း ဖော်ပြထားသည်။

ယခု အမိန့်ကြော်ငြာစာထုတ်ပြန်ချက်သည် လုပ်ထုံးလုပ်နည်းအရ ပြက္ခဒိန်နှစ်အလိုက် နှစ်စဉ်တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်ထုတ်လုပ်ခုနှစ် သတ်မှတ်ချက်အား ပုံမှန်ထုတ်ပြန်ခြင်းသာဖြစ်ပြီး မော်တော်ယာဉ်တင်သွင်းမှုနှင့် စပ်လျဉ်း၍ လက်ရှိချမှတ်ဆောင်ရွက်နေသည့် မူဝါဒများ ပြောင်းလဲခြင်းမပြုဘဲ ဆက်လက်ကျင့်သုံးလျက်ရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။

၂၀၂၅ ခုနှစ်အတွက် ကားတင်သွင်းရာတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်ချက်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ နှစ်အလိုက် ဒီဇင်ဘာလတွင် ထုတ်ပြန်‌ပေးနေကျအတိုင်း ထုတ်ပြန်ပေးခြင်းဖြစ်ပြီး လက်ရှိကျင့်သုံးနေသည့် မူဝါဒအတိုင်းပြောင်းလဲမှုမရှိဘဲ ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည့်အတွက် ကားဈေးနှုန်းများအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)မှ သိရသည်။

“ICE က မပေးတဲ့အတွက်ကို ဆက်မပေးဘူးပေါ့။ ICE ကို SKD ပေးထားတဲ့ နဂိုရပြီးသား MIC ခွင့်ပြုချက် ရပြီးသားသူတွေကတော့ သူ့အချိုးကျအလိုက် ဆက်ရနေမယ်ဆိုတဲ့အတွက် သူတို့ Model တွေကတော့ ၂၀၂၄ နဲ့ ၂၀၂၅ ထုတ်တွေဖြစ်တဲ့အတွက် SKD သမားတွေအတွက် မထိခိုက်ဘူးပေါ့။ EV ကား CBU သွင်းတဲ့သူတွေအတွက်တော့ ၂၀၂၅ ရောက်ရင် ၂၀၂၄ ကိုပဲ သွင်းလို့ရမယ်။ ၂၀၂၃ ဆိုရင်တော့ သိမ်းဆည်းမှာပေါ့။ အဲဒီအတွက်ပဲ ထုတ်နေကျအတိုင်း ထုတ်ပေးလိုက်တာပေါ။ ဒီအပေါ်မှာ ကားဈေးသက်ရောက်စရာ ဘာအကြောင်းမှ မရှိပါဘူး” ဟု MAMDA အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က ပြောသည်။

Credit - MT News Agency

#centralnewsnaypyitaw

image

လူကူးတဲ့ ပြင်းထန်ကြက်ငှက်တုပ်ကွေး အသွင်ပြောင်းနေ

ဒီဇင်ဘာ ၂၈

အမေရိကန်ပြည်ထောင်စုမှာ ပထမဆုံး လူကိုကူးစက်တဲ့ ပြင်းထန်တဲ့ ကြက်ငှက်တုပ်ကွေး နမူနာကို ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC က ဓါတ်ခွဲစမ်းသပ်တာမှာ Virus အသွင်ပြောင်းသွားတာ တွေ့ရှိခဲ့ပါတယ်။

ကြက်ငှက်တုပ်ကွေးကူးစက်သူရဲ့ ခြံဝင်းထဲက ကြက်ငှက်တွေမှာ စစ်ဆေးတွေ့ရှိတဲ့ Virus မျိုးကွဲ မဟုတ်ဘဲ အသွင်ပြောင်းနေတဲ့ မျိုးကွဲဖြစ်နေတယ်လို့ CDC က ပြောပါတယ်။ လူနာရဲ့ Virus နမူနာကို ဓါတ်ခွဲကြည့်ခဲ့တာမှာ ကူးစက်ခံရသူရဲ့ ဆဲလ်တွေမှာတွယ်နိုင်ရေးအတွက် အဓိကကျတဲ့ Virus ရဲ့ HA မျိုးဗီဇမှာ အသွင်ပြောင်းတာ တွေ့ခဲ့ရတာပါ။ အခုလို လူကိုကူးစက်တဲ့ ပြင်းထန် ကြပ်ငှက်တုပ်ကွေးမှာ အသွင်ပြောင်းလဲသွားတာ တွေ့ခဲ့ရပေမဲ့ အများပြည်သူကို ကူးစက် ပျံ့နှံ့နိုင်ခြေကတော့ နည်းနေဆဲ ဖြစ်တယ်လို့ CDC ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စု Louisiana ပြည်နယ်မှာ နေထိုင်သူ အသက် ၆၅ နှစ်အရွယ် လူတဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်တဲ့ ရောဂါဖြစ်နေတယ်လို့ တွေ့ခဲ့ ပြီးစစ်ဆေးကြည့်ခဲ့တာမှာ ပထမဆုံး ပြင်းထန်တဲ့ကြက်ငှက်တုပ်ကွေး ကူးစက်နေတာ တွေ့ခဲ့ရတာပါ။ အမေရိကန်က ငှက်တွေ၊ ကြက်တွေမှာ လတ်တလောတွေ့ခဲ့တဲ့ D1.1 genotype Virus ကူးစက်ခဲ့တာ ဖြစ်ပါတယ်။ B3.13 genotype အမျိုးအစား Virus ကိုလည်း အမေရိကန်တချို့ပြည်နယ်တွေက နွားတွေ၊ ကြက်တွေနဲ့ လူတွေမှာ ကူးစက်တာ တွေ့ရှိထားပါတယ်။

အမေရိကန်အလံနဲ့ ကြက်ငှက်တုပ်ကွေးစစ်ဆေးတဲ့ဖန်ပြွန်။

Credit - Voice of America

#သတင်းဟင်းလေးအိုးကြီး

image

အထောက်ထားမဲ့ မြန်မာ ၃၀ ကျော် ထိုင်းရဲဖမ်း

ဒီဇင်ဘာ ၂၈

ထိုင်းနိုင်ငံမြောက်ပိုင်း Phetchabun ဖက်ချဘွန်းခရိုင်ထဲမှာ အထောက်အထားမဲ့ မြန်မာတချို့ သယ်ဆောင်လာတဲ့ ကားနှစ်စီးဟာ ဒီလ ၂၆ ရက်နေ့က ရဲစစ်ဆေးရေးဂိတ်မှာ မရပ်ဘဲ မောင်းပြေးလို့ အမြန်လမ်းရဲတပ်ဖွဲ့ရဲ့ ပိတ်ဆို့ ဖမ်းဆီးတာ ခံခဲ့ရပါတယ်။

ကားပေါ်မှာ တရားဝင် အထောက်အထား မပါတဲ့ မြန်မာ ၃၆ ဦးနဲ့ သူတို့ကို လူကုန်ကူး သယ်ဆောင်လာတဲ့ တောင်ပေါ်တိုင်းရင်သား ၂ ဦးကို ဖမ်းဆီးခဲ့တာပါ။

ကားမောင်းသူကတော့ မြန်မာနိုင်ငံသား ၃၆ ယောက်ကို ဆလာဘူရီ ခရိုင်ကနေ ဘတ်ငွေ ၁ သောင်းရလို့ သယ်ဆောင်လာတာလို့ ထွက်ဆိုခဲ့ပြီး မြန်မာနိုင်ငံသားတွေဟာ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ ကနေတဆင့် လာကြတာလို့ ပြောပါတယ်။

ခုလို လူကုန်ကူးသူတွေကို ငွေပေးပြီး မြန်မာတွေ အများအပြား ဝင်ရောက်လာနေတာနဲ့ ပတ်သက်လို့ တရားဥပဒေကြောင်းအရ တားဆီး ကာကွယ်တာ၊ ဖမ်းဆီး နေရပ် ပြန်ပို့တာတွေကို ထိုင်အစိုးရက အလေးပေး လုပ်ဆောင်နေတဲ့အကြောင်း ထိုင်း ဒုတိယ ကာကွယ်ရေးဝန်ကြီး Phumtham Vejjayachai − ပုန်ထန်ဝေ့ချရချိုင်က သောကြာနေ့မှာ ပြောပါတယ်။

"အခုလို တရားမဝင်နိင်ငံခြားသားတွေ အများအပြား ဝင်ရောက်လာနေမှုကြောင့် ထိုင်းတွေ နေစရာမရှိအောင် ဖြစ်သွားဖို့မရှိပါဘူး။ တရားဥပဒေကြောင်းအရ တာဆီးကာကွယ်တာ၊ ဖမ်းဆီးပြန်ပို့တာတွေကို အစိုးရအနေနဲ့ အထူးအလေးပေး လုပ်ဆောင်နေပါတယ်" လို့ ပြောပါတယ်။

ထိုင်းနိုင်ငံထဲကို တရားမဝင် လမ်းကြောင်းတွေက လာလို့ ဖမ်းဆီးခံရတဲ့ မြန်မာတွေ ဒီရက်ပိုင်း နေ့စဉ်လိုလို ရှိနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ ဦးရဲမင်းကလည်း ပြောပါတယ်။

"ထိုင်းမှာ မြန်မာနိုင်ငံသားတွေက တရားမဝင်လမ်းတွေကနေ ဝင်လာတဲ့သူတွေက နေ့တိုင်းနီးပါးကို ဖမ်းဆီးခံထိနိုင်တယ်။ အချိန်မရွေး၊ ဖမ်းဆီးတယ်။ လမ်းစရိတ်တွေဆုံး၊ အချုပ်တွေ ထောင်တွေကိုရောက်ပြီးရင် မြန်မာပြည်ထဲကိုပြန်ပို့ခံရ ဒါမျိုးတွေ အလုပ်သမားတွေကဖြစ်နေတယ်။"

#centralnewsnaypyitaw

image