1 နှစ် - ဘာသာပြန်ပါ။

ကလောမြို့နဲ့ဆောင်းရာသီဟာ ခွဲခြားလို့မရတဲ့ပေါင်းစပ်မှုလေးပါပဲ ❄️

ကလောမြို့ဆိုလိုက်တာနဲ့အမြဲသွားချင်တဲ့မြို့လေးတစ်မြို့ဆိုလည်းမမှားဘူး🌲

တောင်ပေါ်မြို့လေးကိုအလည်ရောက်လာတဲ့အခါ အေးချမ်းပြီးတိတ်ဆိတ်စွာမိသားစုလိုက်အနားယူလို့ရမယ်ကောင်းမယ့်နေရာလေးဖြစ်တဲ့ Home Stay လေး "Homey Hangout"🏡

နွေရာသီ အပူရှောင်ဖို့ ကလောသွားဖို့စီစဥ်နေကြတဲ့သူတွေအတွက်အဆင်ပြေမယ့်Homey
Hangout-Kalaw Vacation Home အိမ်လေးတစ်အိမ်ကိုညွှန်ပေးချင်ပါတယ်🏡

🍀သဘာဝအလှတွေနဲ့ပြည့်နေတဲ့တောင်ပေါ်မြို့လေးရဲ့အေးချမ်းပြီးတိတ်ဆိတ်သောနေရာမှာဆောက်လုပ်ထားသော Homey Hangout လေးဟာဆိုရင်ဖြင့် Master Bedroom 🛏️ ၄ ခန်းပါဝင်ပြီး လူအရေအတွက်အား​ဖြင့်လဲ ၁၀ ယောက်ထိ တည်းခိုလို့ရတာကြောင့်မိသားစု👨‍👩‍👦အလိုက်ပဲလာလာ မိတ်ဆွေသူငယ်ချင်း🧑🏻‍🤝‍🧑🏻👭🏻👬🏻 တွေအစုအဖွဲ့နဲ့ပဲလာလာအဆင်ပြေစေမှာပါနော်🍀

ပြည်ထောင်စုလမ်းမကြီးကနေဆိုလည်းတစ်မိနစ်လောက်ပဲသွားရတာမို့အဆင်ပြေတယ်နော်🤗

Homey Hangout လေးမှာထားရှိပေးထားတဲ့ဝန်ဆောင်မှုတွေက👇🏻

🚗 ကားပါကင်ကျယ်ကျယ်လေးထဲမှာစိတ်ကြိုက်ရပ်လို့ရခြင်း(ကား၅ စီးထိအဆင်ပြေစွာရပ်လို့ရတယ်)

🎮 Card game များ board game များကိုလဲစုံလင်စွာထားရှိပေးထားခြင်း

🏡အခန်းတိုင်းမှာလဲရာသီဥတု🥶 နဲ့ကိုက်ညီတဲ့ရေပူရေအေးစက်🚿များတပ်ဆင်ပေးထားခြင်း

🍀လျှပ်စစ်မီးကလဲ Solar☀️ တပ်ဆင်ထားသည့်အတွက် အချိန်အတိုင်းအတာတစ်ခုအထိမီးပျက်လျင်အဆင်ပြေခြင်း

😍ပျော်ပျော်ပါးပါးချက်ပြုတ်စားသောက်ဖို့အတွက် ပစ္စည်းစုံလင်စွာထားရှိပေးထားခြင်း🍳

⏩ဒီလိုနွေးထွေးမှုနဲ့အေး​ချမ်းမှုလေးတွေနဲ့ပြည့်နေတဲ့ကလောတောင်ပေါ်အိမ်လေးဆီအလည်လာချင်ရင်တော့👇🏻

📍အမှတ်၃၊ထင်းရှူးရနံ့ဘိုးဘွားရိပ်သာလမ်း၊အလက ၂ စာသင်ကျောင်းဘေး၊အင်းပြင်၊ကလောမြို့လေးပါနော်

Homey Hangout-Kalaw Vacation Home

📞09449540483📞
ကိုဆက်​ပြီး အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော်🤗​

image
image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

🤍

image
1 နှစ် - ဘာသာပြန်ပါ။

အုတ်ဖိုးအကုန်ကျသက်သာမဲ့အိမ်သာ

image
1 နှစ် - ဘာသာပြန်ပါ။

Skin အမျိုးအစားကို ခွဲခြားတတ်ပြီလား။

ကိုယ့်ရဲ့ Skin အနေအထားကိုသိမှ Skincare
ရွေးချယ်တဲ့အခါမှာ ကိုယ့်အတွက်ပိုအဆင်ပြေလွယ်ကူနိုင်ပါတယ်။

ဒါဆိုလေ့လာကြည့်ကြမယ်။

(1) Normal Skin

- Normal Skin တွင် အသားအရည်က ချောမွေ့နေတတ်ပြီး
ချွေးပေါက်ကိုမမြင်ရတတ်ပါ။ Skin Problem လည်း
သိပ်များများစားစားမရှိသော အသားအရည်မျိုးပါ။

(2) Dry Skin

- ဒီအသားအရည်ဟာဆိုရင် မွဲခြောက်ကြမ်းတမ်းနေတတ်ပြီး အရေးကြောင်းလည်း ထင်းလင်းနေတတ်ပြီး အရေခွံလန်တာမျိုးလည်း ဖြစ်တတ်တာကိုတွေ့ရပါတယ်။
ခြောက်သွေ့နေတာရယ်ကြောင့် ကြည့်လိုက်တာနဲ့
စိုစိုပြေပြေဖြစ်မနေသော အသားအရည်ပါ။

(3) Combination Skin

- ဒီ Skin မှာဆိုရင် ပါးနှစ်ဖက်ဟာ ခြောက်သွေ့ပြီး
နဖူးနဲ့နှာခေါင်းဟာအဆီပြန်နေတတ်ပါတယ်။ ဆားဝက်ခြံလည်း ထွက်လွယ်သော အသားအရည် ပိုင်ရှင်မျိုးပါ။

(4) Oily Skin

- သူ့မှာတော့ အသားအရည်က အမြဲလိုလို အဆီပြန်နေပြီး ပြောင်လက်နေတာမျိုးပါ။ ချွေးပေါက်တေလည်း ထင်ရှားပြီး
ဝက်ခြံထွက်လွယ်သော အသားအရည်ပါ။ သူ့တွင်မူ T-Zone Skin မှာပိုသိသာပါတယ်။

(5) Sensitive Skin

- သူ့မှာတော့ သိသာလွယ်တယ် မျက်နှာကနီမြန်းလွယ်တယ်။
အသားအရည်က အသားခြောက်တဲ့အခါမှာ ယားယံတာမျိုးဖြစ်တတ်တယ်။ မကြာခဏဆိုသလိုလည်း break out ကဖြစ်လွယ်ပါတယ်။ အထူးကရုစိုက်ပါ။

အာ့အသားအရည်တွေကို ဘယ်လိုမျိုးသိနိုင်မလဲဆိုရင်
ကိုယ်က မျက်နှာသန့်စင်ပြီးချိန် မိနစ်(4ကြာတဲ့အခါမှာ
မှန်ထဲပြန်ကြည့်ကြည့်ပါ။ စောင့်ကြည့်နေချိန်မှာ မည်သည့် Product ကိုမှ အသုံးမပြုကပါ။ အာ့အချိန်က
သင့်ရဲ့အသားအရည်အမျိုးအစားကို ခွဲခြားပေးပါလိမ့်မယ်

image
1 နှစ် - ဘာသာပြန်ပါ။

တောင်ကိုရီးယား အာဏာရပါတီမှ အမတ်များ သမ္မတကိုစွပ်စွဲပြစ်တင်မှု မဲခွဲဆုံးဖြတ်ခြင်းမတိုင်မီ လွှတ်တော်ခန်းမတွင်းမှ ထွက်ခွာကုန်ကြ

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ယို၏ လက်ရှိအာဏာရပါတီမှ ပါလီမန်အမတ် အားလုံးနီးပါးသည် ယွန်ဆွတ်ယိုအား စွပ်စွဲပြစ်တင်ရန်အတွက် မဲခွဲဆုံးဖြတ်မှုမတိုင်ခင် လွှတ်တော်ခန်းမအတွင်းမှ ထွက်ခွာခဲ့ကြသဖြင့် အတိုက်အခံပါတီဖက်မှ အမတ်များချည်းသက်သက်ဖြင့် မဲခွဲရန်အခက်အခဲဖြစ်‌နေကြကြောင်း သိရသည်။

ယင်းအဆိုကို တင်သွင်းသည့် အတိုက်အခံ ဒီမိုကရက်တစ်ပါတီဖက်မှ အဆိုအောင်မြင်ရန်အတွက် လက်ရှိအာဏာရ PPP ပါတီထံမှ အနည်းဆုံး ရှစ်မဲ လိုအပ်သော်လည်း လွှတ်တော်ခန်းမအတွင်းဝယ် မစ္စတာယွန်၏ ပြည်သူ့အာဏာပါတီ (PPP)မှ အမတ်တစ်ဦးသာ ကျန်ရှိတော့သည်။

သို့ရာတွင် ကျန်ရှိ‌နေသော အမတ်များကမူ စွပ်စွဲပြစ်တင်မှု အဆိုအတွက် လျှို့ဝှက်မဲများစတင်ပေးနေပြီဖြစ်သည်။ ယင်းမဲအရေအတွက်သည် အဆိုအောင်မြင်ရန်အတွက် လုံလောက်သည့် မဲရနိုင်မည် မရနိုင်မည်ဆိုသည်ကို ရှင်းလင်းစွာ မသိရသေးချေ။

အကယ်၍ ယနေ့တွင် မဲခွဲဆုံးဖြတ်မှုမအောင်မြင်ပါက လာမည့်ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ပြုလုပ်ရန်စီစဉ်ထားကြောင်း အတိုက်အခံခေါင်းဆောင်များက ပြောသည်။

တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုကလည်း သူအပေါ်စွပ်စွဲပြစ်တင်မှုအား လွှတ်တော်တွင်မဲခွဲဆုံးဖြတ်ရန် နာရီပိုင်းအလိုတွင် သူက အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ပြဌာန်းခဲ့မှုအတွက် ပြည်သူတစ်ရပ်လုံးသို့ တောင်းပန်ခဲ့သည်။

ဗုဒ္ဓဟူးနေ့က စစ်အုပ်ချုပ်ရေးအမိန့်ကို ရုပ်သိမ်းပြီးနောက် သူ၏ ပထမဆုံးမိန့်ခွန်းအဖြစ် ယနေ့နံနက်ပိုင်းက ရုပ်မြင်သံကြားမှ နှစ်မိနစ်ကြာ မိန့်ခွန်းပြောကြားရာတွင် ယွန် က သူ၏ဆုံးဖြတ်ချက်အတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်း ပြောကြားခဲ့ပြီး စစ်အုပ်ချုပ်ရေး ဒုတိယအကြိမ် ထပ်မံပြဌာန်းရန်လည်း ကြိုးပမ်းမည်မဟုတ်ကြောင်း ကတိပြုခဲ့သည်။

"ကျွန်တော့်ကြောင့် ထိတ်လန့်တုန်လှုပ်သွားရသူတွေကို လေးလေးနက်နက် တောင်းပန်ချင်ပါတယ်" ဟု ယွန်ကပြောပြီးဦးညွှတ်‌တောင်းပန်ခဲ့သည်။

image
1 နှစ် - ဘာသာပြန်ပါ။

ဘင်္ဂလားပင်လယ်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြန်

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း(Low Pressure Area) တစ်ခု ဖြစ်ပေါ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီဌာနက ယနေ့ ဒီဇင်ဘာ (၇)ရက် နေ့လယ်ပိုင်းတွင် အသိပေးထု တ်ပြန်ထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက် - အနောက် မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက်(၂၄) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။

ထို လေဖိအားနည်းရပ်ဝန်းသည် ဒီဇင်ဘာ (၁၁)ရက်တွင် ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်း ၊ သီရိလင်္ကာနိုင်ငံကမ်းလွန် - အိန္ဒိယနိုင်ငံ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။

image
1 နှစ် - ဘာသာပြန်ပါ။

COACH TALK

" ငါတို့က အသင်းကြီးတစ်သင်းပါ ။ ဒါပေမဲ့ ငါတို့အသင်းက အသင်းကြီးတစ်သင်းလို မကစားနိုင်‌သေးပါဘူး "

အာမိုရင်

image
1 နှစ် - ဘာသာပြန်ပါ။

ချစ်သူမရှိသူများအတွက် Single bed😅
ဝယ်ယူအားပေး နို၊င်ပါပြီ😅

image
1 နှစ် - ဘာသာပြန်ပါ။

💎 အာလူးထောင်း 💎 ( သက်သက်လွတ် )
*********************
အာလူးကို ပြုတ်ပီးထောင်းထားပါ။
ငရုတ်သီး အကြတ်မှုန့်ကြော်ထားပါ။
ကြက်သွန်ဖြူကို ကြိတ်၍ကြော်ထားပါ။
နံနံပင် လှီးထားပါ။

______________________________________________________

ထောင်းထားတဲ့ အာလူးထဲကို
ကြက်သွန်ဖြူကြော်ထားတဲ့ဆီထည့်ပါ။
ငရုတ်သီးကြော်ထားတဲ့ ဆီထည့်ပါ။
ဆား,အရသာမှုန့်ထည့်ပါ။
နံနံပင်ထည့်ပါ။

အားလုံးထည့်ပီးလျှင်နယ်လိုက်ပါ။

နယ်ပီးသား အာလူးထောင်းပေါ်
နံနံပင်, ငရုတ်သီးကြော်, ကြက်သွန်ဖြူဆီချက်လေးပုံ၍စားပါ။

ထောပတ်နံ့ကြိုက်ရင် ထည့်နယ်လို့ရပါတယ်။
ကျမ ကတော့ မကြိုက်လို့ မထည့်ပါဘူး။

image

?