51 w - Translate

"သင်ချစ်ရင် သူတို့အလင်းတင်မကပဲ သူတို့အမှောင်ကိုပါ ချစ်ပါ။ """.

image
51 w - Translate

"အချစ်"တဲ့
တော်သေးတာပေါ့ စကားလေးကနှစ်လုံးတည်းမို့လို့

ဒီ့ထက်သာပိုများရင် ကျွန်တော့်ဘဝကြီးက
ကုန် ;ကောက်စရာမရှိလောက်အောင် ဖြစ်သွားနိူင်တယ်။

💔 || 14.11.2024

image
51 w - Translate

တောင်းစာ၊းမှာဆိုးလို့ နံနံပင်ထည့်တာတဲ့ ရိုင်၊းလိုက်တာ😶

image
51 w - Translate

မိသားစုမှာ အသုံးမကျတဲ့ ကောင်ရဲ့ စကားက
ဘယ်သူ့နားကိုမှ မပေါ/က်မြောက်ဘူး ။

ငါ့မိသားစုမှာ ငါဟာ စွန့်ပ/စ်ခံ အမှို/က်ပဲ
ငါ့မိသားစုမှာ ငါဟာ ကျိုး/ပဲ့/နေတဲ့ တံတိုင်းပဲ ။

"အဆင်ပြေရဲ့လား" လို့တောင် အမေးမခံရတဲ့ ဘဝမို့
ဘယ်မျက်ရည်မှ လူရာမဝင်ခဲ့ဘူး ။

#နေညိုရောင်ခြည်

image
51 w - Translate

ငါ့အတွက်ဆို ဘာမဆို လုပ်ပေးနိုင်တဲ့ အမျိုးသား။
စိတ်ညစ်စရာတွေကို မေ့မေ့ဖျောက်ဖျောက် အိပ်မောကျစေတယ်။ ပျော်အောင်ထားတယ်။ စိတ်ချမ်းသာအောင် ပျိုးထောင်ပေးတယ်။
ငါ့ဆန္ဒတစ်ခုတိုင်းအတွက် သူ့ဘဝကို ပုံအပ်ထားတယ်။ ငါ ဘာဖြစ်ချင်တာလဲ ? ဘာကို အလိုမကျတာလဲ ? ပြောစရာမလိုအောင် အရိပ်အကဲ နားလည်တဲ့သူ။ တစ်ခုခုဆို ချော့ဖို့ ဝန်မလေးပဲ
ငါ ဆိုးသမျှလဲ သည်းခံနိုင်တဲ့ အမျိုးသား။
တော်တော်လေးကို ကောင်းတဲ့လူပါ။
ငါက ပြန်ပေးနိုင်တဲ့ အချစ်တစ်ခုတည်း အတွက်
ငါ့ကို ဘယ်လိုချစ်ပေးရမလဲ သူ့ခေါင်းထဲမှာ
အမြဲ ရှိတယ်။

🍂❤️

image
51 w - Translate

၂ ပြားမတန်အောင် ပြောပစ်လိုက်ချင်သော်လဲ
၁ ပြားမှမတန်သော သူတို့ဘဝကို သတိရလာသောအခါ😌

image
51 w - Translate

Respect မရှိတဲ့သူဆို ကျွန်တော်မပေါင်းဘူး။

အထူး သဖြင့်
respect မရှိသူတော်တော်များများက
ငယ်ငယ်ကထဲက လိုချင်တာကို
လွယ်လွယ် ရခဲ့သူတွေ များတယ်။

တချို့က professional မသိဘူး။
Skill တွေ အလုပ်အကိုင်တွေကို အလေးမထားဘူး။
ငွေ ရှိတဲ့သူ၊ ချမ်းသာတဲ့သူမှ respect ထားတယ်။

တချို့ကျ ဆရာကြီးပဲ လုပ်ချင်တယ်။
လက်တွဲ မခေါ်ချင်ဘူး။

ကျွန်တော် ကတော့
ငယ်သူ ကြီးသူ မရွေး
Respect ထားတက်သူမို့

Respect မရှိတဲ့သူတွေနဲ့ဆို
ကျွန်တော် ပေါင်းလိုခြင်း မရှိပါ ခင်ဗျာ။

image
51 w - Translate

ခုချိန်မာ အမြင်ချင်ဆုံးnoti 😉

image
51 w - Translate

တချို့ စောက်ခွက်တွေက အချိုးလည်း မပြေဘူး
အသုံးလည်း မကျဘူး
နေရာတော့ ယူတတ်တယ်
ရိုက်ခွဲ လိုက်တာ မှ ကောင်းဦးမယ် 😅😅

crd

image
51 w - Translate

" တကယ်လို့... တို့က မောင့်ကို မချစ်တော့ဘူး.... ဒါမှမဟုတ်...
မလိုချင်တော့ဘူးဆိုရင် မောင်ဘယ်လိုလုပ်မလဲ.... "

ကျွန်မသူ့ကို အဲဒီမေးခွန်း အမြဲမေးဖူးသည်။

တစ်ခါတစ်လေ ဘာရယ်မဟုတ်ပဲနဲ့လည်း မေးသည်။

တကယ်သိချင်လို့လည်းမေးသည်။

ဘယ်အချိန်မေးမေး... သူ့အဖြေက တစ်ခုတည်းပဲဖြစ်သည်။

" အင်း.... ဘယ်လိုလုပ်ရပါ့မလဲ....
ချစ်က မလိုချင်တော့ဘူးဆိုမှတော့
မောင်က ထွက်သွားရမှာပေါ့... ဘယ်တတ်နိုင်ပါ့မလဲ...
ရွာပြန်ရုံပေါ့.. "

သူ့ဆီကအဖြေထဲမှာ အတင်းလိုက်လံတွယ်ကပ်နေမှာတို့....
ရအောင်ဆွဲထားမယ်တို့ဘာတို့ ဘယ်တုန်းကမှပါမလာ.... ။

မိန်းမတွေဆိုသည်မှာ ခက်တော့ခက်တယ်မလား.... ။

ကိုယ်က မလိုချင်တော့ဘူး... မချစ်တော့ဘူးလည်းဆိုသေးသည်။

သူ့ဆီက အတင်းလိုက်လံတားဆီးဖက်တွယ်ထားဖို့ကိုလည်း လိုချင်
ပြန်သေးသည်တဲ့လေ.... ။

ကိုယ့်ဘာသာ အတွင်းနဲ့အပြင်မညီတာကို
ကျိတ်ရယ်မောမိတာလည်း
အမွဲ... ။

" ဒါဆို... မောင်က တို့ကမလိုတော့ဘူးဆိုတာနဲ့... အဲဒီစကားပြောလာ
မှာကိုစောင့်နေသူလို ချက်ခြင်းထွက်သွားမှာပေါ့... ဟုတ်လား... "

" ဟာ... မဟုတ်ပါဘူးချစ်ရယ်.... အဲလိုသဘောမှမဟုတ်တာ... "

သူ့စကားအမှားကိုသူ ပြန်ပြင်ဖို့ရာ ကြံရာမရဖြစ်နေတတ်သည့်
အဲဒီမျက်နှာလေးကို ကျိတ်ရယ်မောရတာလည်းခဏခဏ.... ။

တကယ်တော့.... မောင်က သိပ်ရိုးလွန်းသည်။သိပ်အလွန်းသည်။

သူ့ဆီမှာ လိမ်ညာဖျားယောင်းဖို့စကားလုံးတွေသိပ်မကြွယ်သလို
မဟုတ်ကဟုတ်က အပြောတွေသိပ်တော့မရှိ... ။

ကျွန်မပေါက်ပေါက်ရှာရှာစကားတွေနဲ့ရစ်ရင် သူ့မှာပြန်ပြောစရာ
ပြန်ဖြေရှင်းစရာ စကားလုံးတွေမရှိ.... ။

ကျွန်မက မဟုတ်တမ်းတရားတွေနဲ့စွပ်စွဲရင်လည်း သူ့မှာနေစရာကို
မရှိ... ။

သူ့မှာရှိတာဆိုလို့ ခပ်ညှိုးညှိုးမျက်လုံးအစုံနဲ့ အနည်းငယ်ထော်တဲ့
ပေါ့ပေါ့တန်တန်စကားတွေမဆိုတတ်ရှာသော နှုတ်ခမ်းအစုံသာ
ဖြစ်သည်။

ပြီးတော့ သူ့ခံစားချက်တွေကလည်း သိပ်ရိုးရှင်းပြီး
လှည့်ဖျားဖို့ရာသိပ်လွယ်ကူလွန်းသည်။

သူ့ကို ကျွန်မဘက်ပါလာအောင် ဆွဲဆောင်ဖို့
အချိန်မှသိပ်မသုံးလိုက်ရပဲကိုး....။

နေ့စ္စဒူဝအလုပ်တွေကြားမှာပဲ ပုံမှန်ရှင်သန်ရင်း မိသားစုနဲ့ခွဲနေရတဲ့
ကောင်ကလေးကို ဘာကြောင့်များကျွန်မဆွဲဆောင်မိသွားသလဲ.... ။

ခုချိန်ပြန်တွေးကြည့်ရင် အမြဲပြုံးမိရတာပဲဖြစ်သည်။

တူညီတာဘာမှသိပ်မရှိတော့ စိတ်ဝင်စားမိရာကစခဲ့တာပဲဖြစ်မည်။

ဘာရယ်မဟုတ် ကိုယ်က စရုံနောက်ရုံလေးနဲ့ စတင်ပတ်သက်ခဲ့တာပေ
မယ့်.... သူ့ဘက်က အလေးအနက်တွေသဘောထားလာတဲ့အခါကျမှ
ပြန်ဖြတ်တောက်ဖို့ဆိုတာက သူ့မျက်လုံးတွေနဲ့အကြည့်ဆုံမိတိုင်း
လိပ်ပြာမလုံခဲ့.... ။

အဆုံးထိတာဝန်မယူနိုင်ရင် အခြားသောသူတစ်ယောက်ရဲ့ခံစားချက်
တွေကို မကစားမိပါစေနဲ့.... တဲ့.... ။

အထူးသဖြင့်....

သူ့ကမ္ဘာထဲမှာသူ ဟန်ချက်ညီညီကြိုးစားနေထိုင်နေတဲ့သူ....။

သူ့နေ့စဉ်ဘဝမှာသူ အတိမ်းအစောင်းမခံပဲ ရှင်သန်နေတဲ့သူ.... ။

သူ့ပြေးလမ်းမှာသူ ပန်းဝင်ဖို့ကြိုးစားနေတဲ့သူ..... ။

ပြီးတော့.....

သူ့ဒဏ်ရာတွေနဲ့သူတောင်မှပဲ နာကျင်နေပြီးသားသူတွေကိုတဲ့လေ..။

တမင်တကာကြံစည်ပြီးကစားခဲ့တာမဟုတ်ပေမယ့်လည်း သူ့ကို
စတင်ပတ်သက်ခဲ့သူဟာ ကျွန်မပဲဖြစ်သည်။

စတင်ဆွဲဆောင်ခဲ့သူဟာလည်း ကျွန်မ....။

စတင်ရစ်နှောင်ထားခဲ့သူဟာလည်း ကျွန်မ....။

အဲဒီတော့.... အဆုံးအထိတာဝန်ယူရမယ့်သူဟာလည်း ကျွန်မပဲ
ဖြစ်ရမည် ထင်ပါရဲ့.... ။

" မောင်စကားအများကြီးပြောလို့မရဘူး... အပြောမတတ်တော့ စကား
အမှားတွေပါရင်ချစ်စိတ်ဆိုးမှာကြောက်တယ်....ချစ်စိတ်ဆိုးနေရင်..
မောင့်မှာတစ်ကုန်ဘာအလုပ်မှ လုပ်မရဘူး... "

ကျွန်မစိတ်ဆိုးတိုင်း အဲဒီစကားတွေပြောတတ်သူ.... ။

စိတ်ဆိုးပြီး စိတ်ဆိုးကြောင်းအီမိုဂျီတွေပို့ရင် ပျာပျာသလဲမချော့တတ်
ချော့တတ် လာချော့သူ.... ။

စမခေါ်ရဲလို့ဆိုပြီးလည်း ကိုယ်ကစခေါ်မှာ စောင့်နေတတ်သူ.... ။

Anniversary တို့ Birthday တို့ရောက်တိုင်း ရက်ကျော်ပြီးမှ
သတိရတတ်တာကြောင့် အမြဲအရစ်ခံရတတ်သူ.... ။

မန်ယူပွဲရှိတဲ့ညဆို စောစောအိပ်နော်... တို့...
လိုင်းမကောင်းဘူး.... တို့နဲ့ ညာညာပြီး ဘောလုံးပွဲခိုးကြည့်တတ်သူ.. ။

ပြီးတော့... ဘယ်တော့မှလည်း ဖြစ်ဖြစ်မြောက်မြောက်မလိမ်နိုင်ပဲ
ကျွန်မဆီမှာအမြဲအမိခံရသူပေါ့.... ။

လူတစ်ယောက်နဲ့တစ်ယောက်ပတ်သက်ဆက်နွယ်မှုဆိုတာဟာ
လွယ်မလိုလိုနဲ့ခက်ပြီး ခက်မလိုလိုနဲ့လည်း လွယ်ကူလှတာပဲမလား... ။

မောင်ကတော့ပြောပါရဲ့.... ။

ကျွန်မနဲ့ဆုံခွင့်ရတဲ့အတွက် အများကြီးကျေနပ်ရပါသတဲ့... ။

တကယ်တော့.... ကျွန်မကမှ မောင်နဲ့ဆုံခွင့်ရတဲ့အတွက်
ပိုကျေးဇူးတင်ရကြောင်း တစ်နေ့နေ့တော့ မောင့်ကိုပြောပြရပါဦးမည်။

ပြီးတော့.... မောင့်ကိုသိပ်ချစ်ရပါသည်... ဆိုတဲ့
အကြောင်းကိုရောပေါ့လေ.... ။

💙💙💙💙💙

မောင်....

ညတာရာလင်း(ထားဝယ်)
13.5.2024
3:55 pm

#ညတာရာလင်း

image