Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
(၈) လအတွင်း ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သား (၅၈၀၀) ကျော်စေလွှတ်ထား
တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ မှ နိုဝင်ဘာလအထိ လုပ်သား (၅၈၅၀) ဦးစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအတွက် လုပ်သားများ စေလွှတ်ပေးလျက်ရှိရာ ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် အများဆုံးစေလွှတ်ထားကြောင်း သိရသည်။
ယခု ၂၀၂၄ ခုနှစ်တွင် ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မြန်မာအလုပ်သမား (၁၁၀၀၀) ခန့် စေလွှတ်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ၁၀၆၁၁ ဦး စေလွှတ်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာ၊နောက်ဆုံးရက်သတ္တပတ် (သို့မဟုတ်) ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ကိုရီးယားဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု -၁) အောင်မြင်ပြီးသူများကို အလုပ်လျှောက်လွှာခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။