ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဆွမ်းချိုင့်ယူပြီး ပြန်လာသည့် ဦးဇင်းနှစ်ပါး၏ မော်တော်ဆိုင်ကယ်နှင့် တွဲကားချိတ်မိရာမှ ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး တစ်ပါးပြင်းထန်ဒဏ်ရာရရှိ
နေပြည်တော်၊ ဒီဇင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ သာသနဝေပုလ္လကျောင်းတိုက်အကွေ့တွင် ဆွမ်းချိုင့်ယူပြီး ပြန်လာသည့် ဦးဇင်းနှစ်ပါး၏ မော်တော်ဆိုင်ကယ်နှင့်တွဲကားချိတ်မိရာမှ ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး တစ်ပါးပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။
ယနေ့ဒီဇင်ဘာလ ၁၃ ရက် နံနက် ၁၁ နာရီ ၂၀ အချိန်တွင် အုတ်တွင်းမြို့မှ ဆွမ်းချိုင့်ယူပြီး မော်တော်ဆိုင်ကယ်ဖြင့် ဦးဇဋိလမောင်းနှင်ပြီး ဦးဇဝန လိုက်ပါလာသည့် ဆိုင်ကယ်မှာ အုတ်တွင်းမြို့ မြောက်ဘက်အထွက် သာသနဝေပုလ္လကျောင်းတိုက်ရှေ့တွင် ထိုကျောင်းဘက်သို့ အကွေ့တွင်တွဲ ကားနှင့်ချိတ်မိရာမှ ဆိုင်ကယ်မောင်းသည့် ဦးဇဋိလမှာ အခင်းနေရာတွင် ပျံလွန်တော်မူပြီး၊ ဆိုင်ကယ်နောက်မှ လိုက်ပါလာသည့် ဦးဇဝနမှာ ဒဏ်ရာအပြင်းအထန်ရရှိကြောင်း သိရသည်။
“တစ်ပါးက အခင်းနေရာမှာ ပျံလွန်တော်မူသွားတယ်။ တစ်ပါးကတော့ သတိရတစ်ချက်မရတစ်ချက်ဖြစ်တယ်။ အဲ့တစ်ပါးကိုတော့ နေပြည်တော်ဆေးရုံကို ပို့ဆောင်လိုက်တယ်။ တွဲကားမောင်းတဲ့သူကတော့ ထွက်ပြေး သွားတယ်” လို့ ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ ဆရာတော် ဦးတေဇသီရိမှ မိန့်သည်။
ယာဉ်တိုက်မှုကြောင့် ပျံလွန်တော်မူသွားသည့် သာသနာ့ဝေပုလ္လ(သုသာန်)ကျောင်းမှ သက်တော်(၄၈) သိက္ခါ(၃)ဝါရှိသည့် ဦးဇဋိလ၏ ရုပ်အလောင်းကို ရင်ခုန်သံရှင်ရေးကူညီမှုအသင်းယာဉ်ဖြင့် အုတ်တွင်းဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ ဦးဇဝနကို TERT အသင်းမှ နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
Photo - Credit
#centralnewsnaypyitaw
အဆုံးအထိ တိုက်ပွဲဝင်သွားမည်ဟု တောင်ကိုရီးယားသမ္မတ ပြောကြား
အမေရိက၏ မဟာမိတ်နိုင်ငံကို ကသောင်းကနင်းအခြေအနေအတွင်း ကျဆင်းစေခဲ့သည့် စစ်အုပ်ချုပ်ရေးအမိန့် ကာလတိုပြဌာန်းခဲ့မှုအတွက် သူ့အပေါ်စွပ်စွဲပြစ်တင်ခြင်းအဆိုကို မဲခွဲဆုံးဖြတ်ရာတွင် သူ့ပါတီအမတ်များကပါ အတိုက်အခံတို့နှင့် ပူးပေါင်းသွားနိုင်ခြေရှိလာသဖြင့် အဆိုပါကိစ္စအတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်က ဒီဇင်ဘာ ၁၂ ရက်တွင် ပြောကြားလိုက်သည်။
မစ္စတာယွန်းအနေဖြင့် သူ့ပါတီ မဟာမိတ်များက သူ့ဘက်တွင် ထောက်ခံရပ်တည်လိမ့်မည်ဟု မျှော်လင့်ထားသော်လည်း သူ၏ အာဏာရပါတီ PPP ခေါင်းဆောင်ကိုယ်တိုင်က မစ္စတာယွန်းကို ရာထူးမှနုတ်ထွက်လျှင်ထွက်ရန် သို့မဟုတ်ပါက လွှတ်တော်တွင် စွပ်စွဲပြစ်တင်မှုလုပ်ရန် အချိန်တန်ပြီဟု တုန့်ပြန်လာမှုကြောင့် အဆိုပါမျှော်လင့်ချက်သည် အလားအလာနည်းလာခဲ့သည်။
သူ့ပါတီမှ အနည်းဆုံး အမတ် ၇ ဦးခန့် သည် ဒုတိယအကြိမ် စွပ်စွဲပြစ်တင်ခြင်းအဆိုကို မဲခွဲမှုကို ထောက်ခံဖွယ်ရှိနေပြီး ယင်းတွင် ပါတီဝင်အမတ်နှစ်ဦးက ထောက်ခံမဲပေးမည်ဟု လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားသည်။ ယွန်းအပေါ် စွပ်စွဲပြစ်တင်မှုအဆိုအတွက် PPP ပါတီထံမှ အနည်းဆုံး ထောက်ခံမဲ ၈ မဲရရှိရုံဖြင့် အဆိုအောင်မြင်ရန်အတွက် လိုအပ်သော မဲအများစု သုံးပုံနှစ်ပုံကို ရရှိသွားမည်ဖြစ်သည်။
အတိုက်အခံတို့သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် သမ္မတကို ရာထူးမှဖြုတ်ရန် ကြိုးစားခြင်းဖြင့် မိုက်မဲစွာ ဟန်ရေးပြ ကြုံးဝါးနေသည်ဟု မစ္စတာယွန်းက ပြောဆိုခဲ့သည်။
“ကျွန်တော်အဆုံးအထိ တိုက်ပွဲဝင်သွားမှာပါ၊ သူတို့ ကျွန်တော်ကို စွပ်စွဲပြစ်တင်သည်ဖြစ်စေ စုံစမ်းစစ်ဆေးသည်ဖြစ်စေ အားလုံးရှင်းသွားသည်အထိ ရင်ဆိုင်သွားမှာပါ” ဟု သူက ပြောဆိုခဲ့သည်။
Jessica Nann
မှတ်ချက်ကိုဖျက်ပါ။
ဤမှတ်ချက်ကို ဖျက်လိုသည်မှာ သေချာပါသလား။