ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကိုယ့်စိတ်ကို အနိုင်ယူခြင်း (သို) သင်္ချာပညာရှင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ရုပ်ရှင်
A beautiful Mind (2001)
Nobel Laureate in Economics ဆုကို ရရှိခဲ့တဲ့ သင်္ချာပညာရှင် John Nash ရဲ့ တစ်ကယ့်ဖြစ်ရပ်မှန် ဘ၀ ဇာတ်ကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။
သူ့ဘ၀ရဲ့ အနိမ့်အမြင့် အတက်အကျ နှင့် သူ့ရဲ့ စိတ်အခြေအနေကို ဘယ်လိုမျိုး ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရလဲဆိုတာကို အဓိက ရိုက်ကူးထားပါတယ်။
သူ့ရဲ့ Equation တွေကလည်း ကမ္ဘာစီးပွားရေးကို များစွာ အထောက်အကူဖြစ်ခဲ့တာမလို Novel ဆုပါ ရရှိခဲ့ပါတယ်။သူဒီလို Novel ဆုအပါအ၀င် သူဘ၀ တစ်လျောက် တွေ့ကြုံရတဲ့ အခက်အခဲတွေ၊လူတိုင်းက ရူးနေတယ်လိုတောင်ထင်ခဲ့ရာကနေ ကိုယ့်စိတ်ကို ပြန်အနိုင်တိုက်ရင်း သင်္ချာပညာရှင် ဆရာတစ်ယောက်အနေနဲ့ ပြန်လာနိုင်အောင် ကြိူးစားပုံတွေကို တ၀ကြီး ကြည့်ရှုရမှာဖြစ်တာမလို ရစ်ကြည့်စရာနေရာတစ်ခုမှကို မပါပါဘူး။
ချဉ်ပေါင်ခါးကြော်
ချဉ်ပေါင်ဖြူ ခေါ် ချဉ်ပေါင်ခါးကို ချွေပြီး
ကပ်ကြေးနဲ့ သေးသေးလေးဖြစ်အောင် ညှပ်ပါ ။
ကြက်သွန်နီပါးပါးလှီးထားတာ ဆီသပ်
ငပိစိမ်းစား ပုစွန်ခြောက်မှုန့် ငရုတ်ကြမ်းဖတ်မှုန့်
ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ထည့်ပြီး မွှေပါ ။
နောက်ဆုံးမှ ချဉ်ပေါင်ခါးထည့်ပြီး ချဉ်ပေါင်ကြေတဲ့ထိ
ချေ ချေပြီး ကြော်ပေးရင် ရပါပြီ ။
ချဉ်ပေါင်ခါး က မျှစ်နဲ့ရောကြော်ရင်စားမကောင်းသလို
ပုစွန်ခြောက်မပါရင်လည်း စားမကောင်းပါဘူးနော် ။
ထမင်းပူပူလေး နဲ့ ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ပါရှင့် ။
Edit - ကိုယ်က ဆီများပြီး ရွဲအိနေတဲ့ ချဉ်ပေါင်ကြော်ဆို
လုံးဝကိုမစားတတ်လို့ ခြောက်ခြောက်လေးဖြစ်အောင်
တမင်ကြော်ထားတာပါနော် 🤗
ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းဈေးအတိုင်း မရောင်းချပါက အရေးယူမည်
ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးအတိုင်းမရောင်းချပါက အရေးယူသွားမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဒီဇင်ဘာလ (၆)ရက်မှစတင်၍ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သိပ်သည်းဆ ၁၉.၂၅ ဂရမ်နှင့် အထက်ရှိသော စံချိန်မီရွှေ (၁) ကျပ်သား (၁၆.၃၂၉၃၂၅ ဂရမ်)၏ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးဖြင့် ရောင်းချရန် သတ်မှတ်ထားသည်။
အဆိုပါ ရည်ညွှန်းဈေးများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊မြန်မာ့အသံ(Radio) ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာနှင့် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတို့တွင်နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိသည်။
ယင်းရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းမပြုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ (၅)နှင့်အညီ အရေးယူမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်လိုသူများအနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၇) ရက်နောက်ဆုံးထားလျှောက်ထားရန်လည်း အသိပေးထားသည်။
ယနေ့ ဒီဇင်ဘာ (၁၂) ရက်အတွက် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီက သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးမှာ (၁) ကျပ်သား (၅၃၈၀၀၀၀) ကျပ်ဖြစ်ပြီး အဆိုပါ ရည်ညွှန်းဈေးကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ထပ်ဆင့် အသိပေးထုတ်ပြန်ထားသည်။