51 ပတ် - ဘာသာပြန်ပါ။

MMWeather Site ပေါ်က ပြည်နယ်တိုင်းမြိုများရဲ့ ၄ ရက်စာမိုးလေဝသအခြေအနေကို ကြည့်တဲ့အခါ ... မြန်မာနိုင်ငံဒေသအတော်များများမှာ ဒီဇင်ဘာ ၁ ရက်အထိ မိုးရွာနိုင်မဲ့ အခြေအနေ မတွေ့ရတော့ပါ။
https://www.mmweather.org/divi....sional-cities-weathe
တချိုဒေသတွေမှာတော့ ဒီနေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အတွင်း .. ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ မီလီမီတာ(၀.၄ လက်မ)ခန့်ရှိနိုင်မဲ့ မိုးဖွဲကျနိုင်ပါတယ်။ ပုံတွေမှာ တွေ့ရပါမယ်။ ပုံမှာ မပါတဲ့ဒေသတွေက ၂၄ နာရီအတွင်းမှာ ၅ မီလီမီတာအောက်(၀.၂ လက်မခန့်)သာရွာနိုင်မှာကြောင့် ထည့်မထားတော့ပါ။ ၄ ရက်စာ မိုးလေဝသအခြေအနေကို ကြိုတင်ကြည့်နိုင်မဲ့ site link ကိုသာ ဆက်ကြည့်ပေးပါ။
မုတ်သုံမျဉ်းက အီကွေတာမြောက်ဘက်မှ တောင်ဘက်ကို ဆက်လက်ဆင်းနေချိန်အတွင်း - တနင်္သာရီတိုင်းတောင်ပိုင်းအစွန်က ကော့သောင်းမြိုမှာတော့ ဒီဇင်ဘာလဆန်းပိုင်းအထိ နေ့စဉ် မိုးရေချိန် မီလီမီတာ ၂၀ ခန့်(၀.၇၈ လက်မခန့်)ရွာနိုင်မဲ့ မိုးအသင့်အတင့် ဆက်ရွာနေပါဦးမယ်။
U Win Naing

image
51 ပတ် - ဘာသာပြန်ပါ။

MMWeather Site ပေါ်က ပြည်နယ်တိုင်းမြိုများရဲ့ ၄ ရက်စာမိုးလေဝသအခြေအနေကို ကြည့်တဲ့အခါ ... မြန်မာနိုင်ငံဒေသအတော်များများမှာ ဒီဇင်ဘာ ၁ ရက်အထိ မိုးရွာနိုင်မဲ့ အခြေအနေ မတွေ့ရတော့ပါ။
https://www.mmweather.org/divi....sional-cities-weathe
တချိုဒေသတွေမှာတော့ ဒီနေ့မှ ဒီဇင်ဘာ ၁ ရက်နေ့အတွင်း .. ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ မီလီမီတာ(၀.၄ လက်မ)ခန့်ရှိနိုင်မဲ့ မိုးဖွဲကျနိုင်ပါတယ်။ ပုံတွေမှာ တွေ့ရပါမယ်။ ပုံမှာ မပါတဲ့ဒေသတွေက ၂၄ နာရီအတွင်းမှာ ၅ မီလီမီတာအောက်(၀.၂ လက်မခန့်)သာရွာနိုင်မှာကြောင့် ထည့်မထားတော့ပါ။ ၄ ရက်စာ မိုးလေဝသအခြေအနေကို ကြိုတင်ကြည့်နိုင်မဲ့ site link ကိုသာ ဆက်ကြည့်ပေးပါ။
မုတ်သုံမျဉ်းက အီကွေတာမြောက်ဘက်မှ တောင်ဘက်ကို ဆက်လက်ဆင်းနေချိန်အတွင်း - တနင်္သာရီတိုင်းတောင်ပိုင်းအစွန်က ကော့သောင်းမြိုမှာတော့ ဒီဇင်ဘာလဆန်းပိုင်းအထိ နေ့စဉ် မိုးရေချိန် မီလီမီတာ ၂၀ ခန့်(၀.၇၈ လက်မခန့်)ရွာနိုင်မဲ့ မိုးအသင့်အတင့် ဆက်ရွာနေပါဦးမယ်။
U Win Naing

MMWeather Knowledge - DIVISIONAL CITIES WEATHER

ပြည်နယ်တိုင်း ၁၅ ခုမှ မြို့ပေါင်း ၂၅၀ ကျော်၏ ၄ ရက်စာ မိုးလေဝသအခြေအနေ widget များ တင်ပေးထားပါသည်။
image
image
image
image

Good morning

51 ပတ် - ဘာသာပြန်ပါ။

How you call helicopter
သဂက်သဂက်သဂက်သဂက်

ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ နှင့် ထိုင်းဘတ်သန်း ၁၀၀ ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာသန်း ၇၀ ကျော် ထုတ်ရောင်းထား

နိုဝင်ဘာ ၁၉

ဗဟိုဘဏ်မှ ဒေါ်လာသန်း ၂၀ နှင့် ထိုင်းဘတ်သန်း ၁၀၀ ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ဒေါ်လာသန်း ၇၀ ကျော်နှင့် ထိုင်းဘတ် ၂၇၁ သန်းကျော်အထိ ထုတ်ရောင်းပေးထားကြောင်း နိုဝင်ဘာလ ၁၉ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် အခြားသွင်းကုန်များ တင်သွင်းရန်အတွက် အဓိကလိုအပ်သည့် ဒေါ်လာအပြင် တရုတ်ယွမ်နှင့် ထိုင်းဘတ်တို့ကိုပါ ထုတ်ရောင်းပေးခဲ့ရာ ယခုနိုဝင်ဘာလ ၄ ရက်မှ ၁၉ ရက်အထိ တစ်လအတွင်း ဗဟိုဘဏ်မှ ဒေါ်လာသန်း ၇၀ ကျော်၊ ထိုင်းဘတ် ၂၇၁ သန်းကျော်နှင့် တရုတ်ယွမ် ၁၂ သန်းကျော် ရောင်းချပေးထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် သုံးလကျော်အတွင်း ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့မှုကို လေ့လာကြည့်ပါက ဩဂုတ်လ ၁ ရက်မှ နိုဝင်ဘာလ ၁၉ ရက်အထိ သုံးလခွဲကျော်တွင် ဒေါ်လာ ၃၁၁ သန်းကျော်၊ ထိုင်းဘတ် ၁ ဒသမ ၂ ဘီလျံကျော်နှင့် တရုတ်ယွမ် ၅၄ သန်းကျော်အထိ ထုတ်ရောင်းပေးထားသည်။

ထို့ပြင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တို ဘာလအထိ ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံ ထုတ်ရောင်းပေးထားပြီးဖြစ်ကြောင်း ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေများ ဆက်တိုက်ထုတ်ရောင်းပေးမှုကြောင့် ဒေါ်လာဈေးနှုန်းအား ကျပ် ၁၀,၀၀၀ နှင့် ရွှေဈေးနှုန်းအား ကျပ်သိန်း ၁၀၀ အထိ ဆွဲတင်နေမှုများရှိသော်လည်း ယနေ့တွင် ပြင်ပဈေးကွက်၌ တစ်ဒေါ်လာ ကျပ် ၄၅၄၀၊ တစ်ဘတ် ၁၃၁ ကျပ်နှင့် တစ်ယွမ် ၆၂၆ ကျပ်ဖြစ်ပေါ်ကာ ငွေဈေးနှုန်းတည်ငြိမ်လျက်ရှိသည်။

Credit - MT News

#သတင်းဟင်းလေးအိုးကြီး

image
51 ပတ် - ဘာသာပြန်ပါ။

ထရမ့်အာဏာမရမီ ဩစတြေးလျ၊ ဂျပန်နှင့် အမေရိကန်တို့က ပူးပေါင်းမှု အရှိန်မြှင့်

နိုဝင်ဘာ ၂၀

အမေရိကန်တွင် သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ဒေါ်နယ်ထရမ့် (Donald Trump) ၏ အစိုးရလက်ထက်၌ အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒများ ပြောင်းလဲနိုင်ခြေရှိသဖြင့် ထရမ့်အစိုးရအဖွဲ့မတိုင်မီ ဩစတြေးလျ၊ ဂျပန်နှင့် လက်ရှိ အမေရိကန်အစိုးရအဖွဲ့က ကာကွယ်ရေးပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်နေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

မကြာသေးမီက ဩစတြေးလျနိုင်ငံ၊ ဒါဝင် (Darwin) မြို့တွင် ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲများ၌ ထို ၃ နိုင်ငံစလုံးမှ ကာကွယ်ရေးဝန်ကြီးများသည် အင်ဒို-ပစိဖိတ်ဒေသကို အဓိကထားပြီး ဒေသတွင်း လုံခြုံရေးစိန်ခေါ်မှုများအား ဖြေရှင်းရန် စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ မြှင့်တက်ရေးအတွက် အာရုံစိုက်ခဲ့ကြသည်။

ထိုပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များအနက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်ရေး အတွက် ယန္တရားတစ်ခုဖြစ်သည့် ၃ ပွင့်ဆိုင် ကာကွယ်ရေး ညှိနှိုင်းဆွေးနွေးပွဲများ လုပ်ဆောင်ရေးလည်း ပါဝင်ခဲ့ သည်။

ထို့ပြင် အဓိက အစီအစဉ်များအနက် Talisman Sabre အမည်ရှိ အမေရိကန်-ဩစတြေးလျ ပူးတွဲစစ်ရေး လေ့ကျင့် မှုများတွင် ဂျပန် ပါဝင်လာမှု၊ အမေရိကန်-ဂျပန် စစ်ရေးလေ့ကျင့်မှုများ၌ ဩစတြေးလျ ပါဝင်လာမှုကဲ့သို့ ပူးတွဲ စစ်ရေး လေ့ကျင့်မှု အစီအစဉ်များကို ချဲ့ထွင်ရေးလည်း ပါဝင်သည်။

အခြားအစီအစဉ်များမှာ ပင်လယ်ရေကြောင်း နယ်နိမိတ် သတိထားစောင့်ကြည့်ရေး၊ ဒုံးကျည်ကာကွယ်ရေးကဲ့သို့ ပူးတွဲတုန့်ပြန်ရေး စွမ်းဆောင်ရည်များ ဖော်ဆောင်ရန်လည်း အမေရိကန်၊ ဂျပန်နှင့် ဩစတြေးလျနိုင်ငံများက ရည်ရွယ်ထားသည်။

ထို့ပြင် ဩစတြေးလျ၊ ဗြိတိန်နှင့် အမေရိကန်တို့ ပါဝင်သည့် AUKUS မိတ်ဖက်အဖွဲ့ကဲ့သို့ ဒေသတွင်း လုံခြုံရေး မူဘောင်များအောက်နှင့် ဩစတြေးလျ-အမေရိကန်၏ ဦးဆောင်မှုအောက်တွင် ဂျပန်က ကြီးမားသည့် အခန်း ကဏ္ဍမှ ပါဝင်ရန်လည်း မျှော်မှန်းထားသည်။

ဒေသတွင်း တရုတ်၏ လှုပ်ရှားမှုများ မြင့်တက်နေချိန်တွင် အင်ဒို-ပစိဖိတ်ဒေသ၏ လွတ်လပ်ပွင့်လင်းသည့် အခြေအနေကို ထိန်းသိမ်းရန်နှင့် ထရမ့်အစိုးရအဖွဲ့ လက်ထက်တွင် မူဝါဒ အပြောင်းအလဲများ ရှိနိုင်သဖြင့် ထိုအစီအစဉ်များကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် အမေရိကန်၊ ဂျပန်နှင့် ဩစတြေးလျ ခေါင်းဆောင်များက ၃ ပွင့်ဆိုင် မိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်း ရာတွင် မဟာဗျူဟာမြောက် အကျိုးစီးပွားများနှင့် စံတန်ဖိုးများအား မျှဝေမှု၏ အရေးကြီးပုံကိုလည်း အဓိကထား ပြောဆိုခဲ့ကြသည်။

Source: Nikkei Asia

ပုံ - ဂျပန်-ဩစတြေးလျ-အမေရိကန် ကာကွယ်ရေးဝန်ကြီးများကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
Khine Su Zin မျှဝေသည်။ ပို့စ်  
51 ပတ်

51 ပတ်

Learning Options အမျိုးမျိုးနဲ့ ကိုယ်တက်ချင်တက် Cloud Computing, Artificial Intelligence, Microsoft Office
, Security, Microsoft Dynamics စသော IT ပိုင်းတွေကို အခဲမဲ့ လေ့လာရမဲ့ KOENIG နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Learning Options တွေကတော့
1. Live Online Classroom
2. Flexi
3. Classroom Training
4. Fly Me A Trainer
5 .1 on 1 Training
ကိုယ်တက်ချင်တဲ့ Courses တွေကို Register လုပ်ပြီတက်ရုံပါဘဲ။ ကိုယ်တက်ချင်တဲ့ Courses တွေရဲ့ Register ဖွင့်တဲ့ ရက်ကိုလည်း သေချာကြည်ပြီး ဖြည်စေလိုပါတယ်။
Link: https://www.koenig-solutions.com/learning-options
Course Detailed: https://www.koenig-solutions.c....om/upcoming-webinars
#crd

image

Learning Options အမျိုးမျိုးနဲ့ ကိုယ်တက်ချင်တက် Cloud Computing, Artificial Intelligence, Microsoft Office
, Security, Microsoft Dynamics စသော IT ပိုင်းတွေကို အခဲမဲ့ လေ့လာရမဲ့ KOENIG နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Learning Options တွေကတော့
1. Live Online Classroom
2. Flexi
3. Classroom Training
4. Fly Me A Trainer
5 .1 on 1 Training
ကိုယ်တက်ချင်တဲ့ Courses တွေကို Register လုပ်ပြီတက်ရုံပါဘဲ။ ကိုယ်တက်ချင်တဲ့ Courses တွေရဲ့ Register ဖွင့်တဲ့ ရက်ကိုလည်း သေချာကြည်ပြီး ဖြည်စေလိုပါတယ်။
Link: https://www.koenig-solutions.com/learning-options
Course Detailed: https://www.koenig-solutions.c....om/upcoming-webinars
#crd

image

တနင်္သာရီတိုင်း၊ပုလောမြို့၊အထက -၁ ကျောင်းကို ယနေ့ မွန်းလွဲ ၂:၄၅ ၌ တစ်ကြိမ် ၊ ၃:၀၀ အချိန်၌ တစ်ကြိမ် ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ကျောင်း၌ ကျောင်းသား/သူ ၂၀၀၀ ကျော် တက်ရောက်လျက် ရှိသည်။

Credit - Myanmar news Network

#သတင်းဟင်းလေးအိုးကြီး

image
image
image
51 ပတ် - ဘာသာပြန်ပါ။

အင်ဒိုနီးရှားက မြန်မာထံမှ ဆန် ဝယ်ယူမှု အများဆုံးနိုင်ငံ ဖြစ်လာ

နိုဝင်ဘာ ၂၀

အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံမှ ဆန်ကို အများဆုံး ဝယ်ယူသည့် နိုင်ငံဖြစ်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

ယခင်က မြန်မာဘက်မှ ဆန်ကို ဥရောပနှင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့လျက်ရှိသော်လည်း ၂၀၂၂ ခုနှစ်မှစတင်၍ အင်ဒိုနီးရှားနိုင်ငံက အများအပြား ဝယ်ယူလာခြင်းကြောင့် အင်ဒိုနီးရှားက မြန်မာထံမှ ဆန် ဝယ်ယူသည့် အများဆုံးနိုင်ငံ ဖြစ်လာခြင်း ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၏ လူဦးရေများပြားခြင်းနှင့် ရွေးကောက်ပွဲ ရှိနေခြင်းကြောင့် ဆန်လိုအပ်ချက် ဖြစ်ပေါ်နေပြီး ယခင်က ဆန်ကွဲကိုသာ ဝယ်ယူသော်လည်း လက်ရှိတွင် ဆန်ကိုလည်း ဝယ်ယူလာခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

“ကျနော်တို့နိုင်ငံက အမြဲတမ်း ဆန်ကို အများဆုံးတင်ပို့ရောင်းချတာတော့ ကျနော်တို့ ဥရောပနိုင်ငံတွေနဲ့ တရုတ်နိုင်ငံပေါ့၊ နောက် အာဆီယံနိုင်ငံ ၃ နိုင်ငံပေါ့၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်ပေါ့။ အခု ၂၀၂၃ ကနေ စပြီးတော့ အင်ဒိုနီးရှားနိုင်ငံက ဆန်လိုအပ်ချက် များလာတာပေါ့။ အင်ဒိုနီးရှားနိုင်ငံက လူဦးရေလည်း အများကြီးလေ။ အခု ၂၀၂၃ - ၂၀၂၄ ကာလမှာတော့ ဆန်ဝယ်ယူမှု များလာတာပေါ့။ လူဦးရေများတဲ့အတွက်လည်း ပါတယ်။ နောက်ပြီး တော့ ဒီနှစ်မှာ ရွေးကောက်ပွဲလည်းရှိတော့ ဝယ်ယူတင်သွင်းမှု၊ ဆန်ဖြန့်ဖြူးမှု များတာပေါ့နော်။ အရင်တုန်းက ဆိုတာကတော့ လွန်ခဲ့တဲ့ ၄/၅ နှစ်ကတော့ ဆန်တင်သွင်းမှုက အင်ဒိုနီးရှားက မရှိသလောက်ပဲ၊ ဆန်ကွဲပဲဝယ်တာ။ အခုကတော့ ဆန်ရော၊ ဆန်ကွဲရော ဝယ်တာ ဖြစ်လာတာပေါ့။ အဲဒါကလည်း ၂၀၂၂ - ၂၃ - ၂၄ ပေါ့၊ ဒီ ၃ နှစ် အတွင်းမှာ တန်ချိန် ၃ သန်းကျော်၊ ၄ သန်း အဲဒီလောက်အထိ ဖြစ်လာတာပေါ့။ အားလုံးဆီကနေ ဝယ်တာပေါ့။ အစ်ကိုတို့ တနိုင်ငံထဲကနေ ဝယ်တာ မဟုတ်ဘူး။ ထိုင်းကနေလည်း ဝယ်တယ်။ ဗီယက်နမ် ဆီကနေလည်း ဝယ်တယ်၊ အစ်ကိုတို့ဆီကနေလည်း ဝယ်တယ်။ အိန္ဒိယ၊ ပါကစ္စတန်ဆီကနေလည်း ဝယ်တယ်။ အိန္ဒိယ၊ ပါကစ္စတန်ဆီကနေတော့ ဝယ်တာ နည်းတယ်။ အစ်ကိုတို့ဆီကနေ ဝယ်တာတော့ အိန္ဒိယ၊ ပါကစ္စတန် တို့ထက် များတယ်။ ထိုင်းကနေလည်း ဝယ်တယ်၊ ဗီယက်နမ်ဆီကနေလည်း ဝယ်တယ်” ဟု ပြောသည်။

၂၀၂၄ - ၂၀၂၅ ဘဏ္ဍာနှစ်၌ လက်ရှိ ၇ လတာကာလအတွင်း အင်ဒိုနီးရှားက မြန်မာ့ဆန် တန်ချိန် ၃၆၀၀၀၀ ကျော်ကို ဝယ်ယူတင်သွင်းထားပြီး ယခင်က တင်သွင်းမှု အများဆုံး နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံကို ကျော်လွန်သွားသည်ကို တွေ့ရသည်။

ယခုဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံက ဆန်တန်ချိန် ၂၇၆၄၀၀ ဖြင့် ဒုတိယ၊ တန်ချိန်၂၁၉၄၀၀ ဖြင့် ဘယ်လ်ဂျီယံနိုင်ငံက တတိယ၊ ဖိလစ်ပိုင်နိုင်ငံက ၁၁၄၇၀၀ တန်ချိန် ဝယ်ယူထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

တရုတ်နယ်စပ်ကုန်သွယ်ရေး ဖွင့်ထားချိန်တွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး နှစ်ခုလုံး တင်ပို့သည့်အတွက် တရုတ်နိုင်ငံက မြန်မာထံမှ ဆန် ဝယ်ယူသည့် အများဆုံးနိုင်ငံ ဖြစ်သော်လည်း လက်ရှိတွင် တရုတ်နိုင်ငံက နယ်စပ်ကုန်သွယ်ရေးအားလုံး နီးပါး ပိတ်ထားလျက် ရှိသည်။

ထို့ကြောင့် အင်ဒိုနီးရှားသို့ တင်ပို့မှု အများဆုံး ဖြစ်သွားသည်ဟု မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“တရုတ်က များတာပေါ့ အရင်နှစ်တွေက နယ်စပ်တွေ ရှိတဲ့အချိန်ကတော့ တရုတ်ပို့တာ ပိုများတာပေါ့။ ပင်လယ်ရေကြောင်းရော၊ နယ်စပ်ရော သွားတာ တရုတ်က အများဆုံးပေါ့။ တရုတ်က နယ်စပ်ထွက်တဲ့လမ်း တော်တော်လေး နည်းသွားတယ်။ မူဆယ်တို့ ဘာတို့ ပိတ်သွားပြီလေ။ အင်ဒိုနီးရှားကလည်း သိပ်မဝေးတော့ အဲဒီဘက်ကို အများဆုံး ပို့တာပေါ့။ အင်ဒိုနီးရှားကတော့ ကုမ္ပဏီတစ်ခုကနေ ဖြန့်ပြီးတော့ ပို့တာပေါ့။ သူက တင်ဒါနဲ့ တင်ဒါခေါ်တာက မြန်မာပြည်က ပို့တာ များသွားတာပေါ့” ဟု ပြောသည်။

ယခုဘဏ္ဍာနှစ် ၇ လတာကာလအတွင်း ဆန်နှင့် ဆန်ကွဲ တန်ချိန်ပေါင်း ၁ ဒသမ ၃၆ သန်းကျော်၊ အမေရိကန် ဒေါ်လာ ၆၄၇ သန်းခန့် တင်ပို့ထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပြည်ပသို့ ဆန်တန်ချိန် ၂ ဒသမ ၅ သန်း တင်ပို့ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။

ပုံ - ပြည်ပသို့ ဆန်တင်ပို့နေမှုကို တွေ့ရစဉ်

#centralnewsnaypyitaw

image