အရင် date ပါ.. နောက်မှ ချစ်ပါ..
Date First, Love Later တဲ့။
လူတစ်ယောက်နဲ့ လက်တွဲဖို့ ဖြစ်လာခဲ့ပြီဆိုရင်
အနည်းဆုံး ၅ ခါအထိ date ပေးဖို့ လိုအပ်ပါတယ်။
တစ်ခါလောက်တွေ့ပြီး fall in love ဖြစ်သွားတဲ့သူတွေ၊
အချစ်ရေးကို အချိန်မယူဘဲ စတင်လိုက်တဲ့သူတွေဟာ
မတည်မြဲသော အချစ်ရေး၊
ပူလောင်ရသော အချစ်ရေး၊
အံဝင်ခွင်ကျမဖြစ်သော အချစ်ရေးတွေနဲ့
ကြုံတွေ့ရနိုင်ပါတယ်။
ဒီလိုတွေ မဖြစ်ရလေအောင်
လူတစ်ယောက်နဲ့ relationship တစ်ခု စတင်တဲ့အခါ
စစချင်း လေးလေးနက်နက်ကြီး မချစ်လိုက်ပါနဲ့။
ပေါ့ပေါ့ပါးပါးလေး အရင် တွဲကြည့်ပါ။
၅ ခါလောက် သေချာလေး date ကြည့်ပါ။
မတွဲခင် အချိန်ယူပြီး date လေလေ
ဒီလိုအကျိုးကျေးဇူးတွေ ပိုရလေလေပါပဲ။
✅ တစ်ခါ date တိုင်းမှာ Intimacy ရင်းနှီးမှုတွေဟာ ပိုရှိလာမယ်။ Intimacy များလာတဲ့အခါ Attachment သံယောဇဉ်ကြိုးလေးတွေ ဖြစ်လာမယ်။ သံယောဇဉ်ကြိုးဟာ ခိုင်မြဲလေလေ အချစ်ဟာ ပိုတည်တံ့လေလေပါပဲ။
✅ လူတစ်ယောက်ရဲ့ အမှောင်ခြမ်း Dark Side ကို သိလာရမယ်။ သူ့ရဲ့ အဆိုးအပြစ်တွေ၊ အားနည်းချက်တွေ၊ မကောင်းတဲ့အရာတွေကို ကြိုသိလာနိုင်လိမ့်မယ်။ ကြိုသိရပြီးနောက် ကိုယ်ကလည်း အဆင်ပြေလက်ခံနိုင်တယ်ဆိုရင် ဒီလူနဲ့ အချစ်ရေးစတင်လို့ ရပါပြီ။
✅ ကိုယ့်ရဲ့ Dark Side ကိုလည်း ပြသနိုင်လိမ့်မယ်။ သူ့ဘက်က အဆင်ပြေလက်ခံနိုင်ခြင်း ရှိ မရှိကိုလည်း သိလာရပါမယ်။ သူရော ကိုယ်ရော နှစ်ဦးနှစ်ဖက် Dark Side တွေ လက်ခံထားပြီးပြီဆိုရင် ဒီအချစ်ရေးဟာ ရေရှည်အတွက် အဆင်ပြေနိုင်ပြီဖြစ်ပါတယ်။
✅ သူဟာ ကိုယ့်အပေါ် အချစ်တွေတိုးလာသလား၊ ကိုယ်ကရော သူ့အပေါ် အချစ်တွေတိုးလာသလား၊ ဒါကို ဆန်းစစ်လာနိုင်ပါမယ်။ အခုမှစတွဲပါတယ်ဆိုမှ ချစ်ခြင်းတွေဟာ သိသိသာသာမတိုးလာဘူးဆိုရင် ရှေ့ဆက်ဖို့မဖြစ်နိုင်ပါဘူး။ တစ်ဖက်တည်းက တိုးနေရုံနဲ့လည်း အလကားပါပဲ။ နှစ်ဖက်လုံးတိုးလာမှသာ အချစ်ရေးကို ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။
များများ date ပြီးမှ ချစ်ဖြစ်တဲ့ အချစ်ရေးတိုင်းဟာ
ထာဝရဖြစ်မယ်လို့တော့ ကျွန်တော် မပြောရဲပါဘူး။
ဘယ်အရာမဆို ခြွင်းချက်တွေဟာ ရှိတာပါပဲ။
ဒါပေမယ့်
ချက်ချင်း serious ကြီး ချစ်လိုက်တဲ့သူတွေထက်
သေချာ date ပြီးမှ ချစ်ကြတဲ့သူတွေဟာ
ပိုပြီး တည်တံ့မြဲမြံတဲ့ အချစ်ရေး၊
ပိုပြီး အဆင်ပြေမှန်ကန်တဲ့ အချစ်ရေး၊
ပိုပြီး ပျော်ရွှင်အေးချမ်းတဲ့ အချစ်ရေးကို
တည်ဆောက်နိုင်ပါတယ်။
Date တယ်ဆိုတာကိုလည်း တချို့က
ကုတင်ပေါ်ကကိစ္စလို့ မြင်ကြပါတယ်။
တကယ်တော့ Date တယ်ဆိုတာဟာ
Public မှာ ပေါ်ပေါ်တင်တင် တွေ့လို့ရသလို
Private မှာ ရိုးရိုးသားသားလည်း တွေ့လို့ရပါတယ်။
ပြီးတော့ ချစ်သူနဲ့မှ date ရတာ မဟုတ်ပါဘူး။
မိသားစုနဲ့လည်း date လို့ရပါတယ်။
သူငယ်ချင်းနဲ့လည်း date လို့ရပါတယ်။
ကိုယ့်ကိုယ်ကိုယ်လည်း date လို့ရပါတယ်။
မနက်ဖြန်ကျရင် dating idea တချို့ကို
ဆက်ပြီး တင်ပေးသွားပါဦးမယ်။
Expensive မဖြစ်ပေမယ့် ပိုပြီး Value ရှိသော
Exclusive မဖြစ်ပေမယ့် ပိုပြီး Ro နိုင်သော
ချစ်သူနှစ်ဦးအတွက် ကျိန်းသေလိုအပ်သော
dating idea လေးတွေပေါ့။
AD
#crd

image
1 y - Translate

ကလေးသရုပ်ဆောင်လုပ်ဖူးပေမယ့်အဖေမရှိတော့အနုပညာဆက်မလုပ်ဖြစ်ဘူးနောက်နှစ်ရွှေကြိုပြိုင်ကြည့်ချင်ပါတယ်ဆိုတဲ့ဒါရိုက်တာအောင်​ဗပါဝါရဲ့သမီးလေးဂျူလီယာပါဝါ

ဒါရိုက်တာအောင်ဗပါဝါရဲ့သမီးလေး ဂျူလီယာပါဝါက သူမအနေနဲ့ ငယ်စဥ်ကလေးဘဝက ဖခင်နဲ့အတူ ကလေးသရုပ်ဆောင်လုပ်ခဲ့ပြီး ၆တန်းနှစ်လောက်မှာ ဆက်မလုပ်တော့ကြောင်း လက်ရှိမှာတော့ ဖခင်ကလည်း ဆုံး;ပါး;သွားပြီဖြစ်တဲ့အတွက် အနုပညာဘက်ဆက်မလုပ်ဖြစ်ကြောင်း , အနုပညာကိုဝါသနာပါပေမယ့် ကြော.က်တ.တ်တဲ့အတွက် မလုပ်ဖြစ်ခဲ့တာလည်းပါတယ်လို့ သူမကဆိုပါတယ်. လက်ရှိကတော့ သူများတွေရွှေကြိုပြိုင်တယ်ကြားလို့ လာကြည့်တာဖြစ်ကြောင်း အခွင့်အရေးပေးမယ်ဆိုရင်တော့ နောက်နှစ်ရွှေကြိုကို ဝင်ပြိုင်ကြည့်ချင်ကြောင်း ဖြေကြားခဲ့တာဖြစ်ပါတယ်. ဒါရိုက်တာအောင်ဗပါဝါဟာ လွန်ခဲ့တဲ့ ၃နှစ်က ဆုံး;ပါး;ခဲ့တာဖြစ်ပါတယ်.😥
#updatenews
#ရွှေကြို

image

အတိုက်အခံတွေရဲ့ ဘတ်ဂျက်ပြုပြင်မှု ကာကွယ်ရေးအသုံးစရိတ်ကို ထိခိုက်ကြောင်း ထိုင်ဝမ်အစိုးရပြော

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၆

လာမယ့်နှစ် ဘတ်ဂျက်နဲ့ပတ်သက်ပြီး အတိုက်အခံပါတီဦးဆောင်တဲ့ ပြန်လည်ပြင်ဆင်ချက်တွေကြောင့် အမျိုးသားလုံခြုံ ရေးနဲ့ ကာကွယ်ရေးဘတ်ဂျက်ကို ထိခိုက်နိုင်ကြောင်း ထိုင်ဝမ်အစိုးရအဖွဲ့က ဒီဇင်ဘာ ၂၃ ရက်နေ့ (တနင်္လာနေ့) က ပြောကြားလိုက်ပါတယ်။

အတိုက်အခံအဖွဲ့ကလွှမ်းမိုးထားတဲ့လွှတ်တော်က ပြီးခဲ့တဲ့သီတင်းပတ်က ဗဟိုအစိုးရဘတ်ဂျက်ထဲက အစိုးရအခွန်ဝင်ငွေ ထိုင်ဝမ်ဒေါ်လာ ၃၇၅.၃ ဘီလျံ (ဒေါ်လာ ၁၁.၅ ဘီလျံ) ကို လျှော့ချဖို့ ပြန်လည်ပြင်ဆင်ခဲ့တဲ့အတွက် အာဏာရပါတီက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

“အခုလုပ်ရပ်ကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုဖူလုံရေးနဲ့ အမျိုးသားကာကွယ်ရေးကဏ္ဍတွေမှာ အစိုးရရဲ့ ဘတ် ဂျက်သုံးစွဲမှုအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေမှာဖြစ်ပါတယ်။” လို့ ထိုင်ဝမ်ဘဏ္ဍာရေးဝန်ကြီး ချောင်ဆူးယန်က တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ အစိုးရသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ထိုင်ဝမ်ကျွန်းဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေနဲ့ ပိုမိုရင်ဆိုင်နေရတာမို့လို့ အခုလို ဘတ်ဂျက် ဖြတ်တောက်တဲ့ ဥပဒေကြမ်းချမှတ်ဖို့ဆောင်ရွက်နေတာဟာ ထိုင်ဝမ်ဒီမိုကရေစီစနစ်ကို ထိခိုက်စေနိုင်တဲ့ အတွက် အဲဒီဥပဒေကြမ်းကို အာဏာရ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်ရေးပါတီ (DDP) က ပိတ်ပင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

အခု ပြန်လည်ပြင်ဆင်ချက်ဥပဒေကြမ်းအရ ကာကွယ်ရေးဘတ်ဂျက် ထိုင်ဝမ်ဒေါ်လာ ၂၉၄.၅ ဘီလျံ (ဒေါ်လာ ၉ ဘီလျံ) ပါဝင်တဲ့ လာမယ့်နှစ် ဘတ်ဂျက်ရဲ့ ၂၈ ရာခိုင်နှုန်းကို ဖြတ်တောက်သွားမှာဖြစ်ကြောင်း ထိုင်ဝမ်အစိုးရ အဖွဲ့က ပြောပါတယ်။

အခုပြင်ဆင်ချက်ကို ဗဟိုအစိုးရနဲ့ ဒေသအစိုးရအဖွဲ့တွေကြား အားလုံးသဘောတူညီမှုမရှိဘဲ ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အစိုးရ အဖွဲ့အနေနဲ့ ဘတ်ဂျက်ထိန်းသိမ်းထားဖို့အတွက် “ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထားတဲ့ နည်းလမ်းတွေ” ကို ရှာဖွေ သွားမှာဖြစ်ကြောင်း ပြောပါတယ်။

ထိုင်ဝမ်နိုင်ငံရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို ပြင်းပြင်းထန်ထန် ပြန်လည်ညှိယူနိုင်ကြောင်း၊ အခုပြန်လည် ပြင်ဆင်ချက်ဟာ ထိုင်ဝမ်ပြည်သူ ၂၃ သန်းရဲ့ ဘဝလုံခြုံရေးကို လျော့ပါးစေနိုင်ကြောင်း သမ္မတလိုင်ချင်တီးက စနေနေ့က ပြောပါတယ်။

သောကြာနေ့ (ဒီဇင်ဘာ ၂၀ ရက်နေ့) က ပြဋ္ဌာန်းလိုက်တဲ့ ပြန်လည်ပြင်ဆင်ချက်တွေကြောင့် လွှတ်တော်ထဲမှာ အမတ် အချင်းချင်း ရန်ပွဲတွေဖြစ်ပွားခဲ့သလို လွှတ်တော်အပြင်ဘက်မှာလည်း လူဦးရေထောင်ပေါင်းများစွာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

တရုတ်အန္တရာယ်ကိုကာကွယ်ဖို့အတွက် အာဏာရ DDP ပါတီက လက်ရှိနှစ်ကာကွယ်ရေးအသုံးစရိတ်ထက် ၇.၇% တိုးမြှင့်ပြီး ၂၀၂၅ ခုနှစ် ကာကွယ်ရေး ဘတ်ဂျက်ကို ထိုင်ဝမ် ဒေါ်လာ ၆၄၇ ဘီလျံ (ဒေါ်လာ ၂၀.၂၄ ဘီလျံ) စံချိန်တင် အဆိုပြုတင်ပြခဲ့တာဖြစ်ပါတယ်။

အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကူမင်တန်ပါတီ (KMT) က ၎င်းတို့အနေနဲ့ ဒေသဆိုင်ရာအစိုးရတွေအတွက် ဘဏ္ဍာရေး သုံးစွဲခွင့်မြှင့်တင်ဖို့အတွက် အခုလိုပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ကြောင်း ကာကွယ်ပြောဆိုပါတယ်။

တရုတ်လိုလားတယ်လို့ ထိုင်ဝမ်မှာရှုမြင်ထားကြတဲ့ ကူမင်တန်ပါတီ (KMT) နဲ့ ၎င်းတို့ရဲ့မဟာမိတ် ထိုင်ဝမ်ပြည်သူ့ပါတီတို့ဟာ လွှတ်တော်အင်အား တိုးချဲ့ဖို့အတွက် နောက်ထပ် အငြင်းပွားဖွယ်ရာ ပြုပြင်ပြောင်းလဲမှုတစ်ခုကို ပြဋ္ဌာန်းခဲ့ပါ သေးတယ်။

Ref: Taiwan Govt Says Opposition-Led Amendments Risk Defense Budget

#centralnewsnaypyitaw

image

ဆိုင်ကယ်ရပ်ကာ စကားပြောနေသူကို ထော်လာဂျီဝင်တိုက်၍ နောက်ဘီးဖြင့်ကြိတ်ရာမှ သေဆုံးမှု ချောင်းသာတွင် ဖြစ်ပွား

ဒီဇင်ဘာ ၂၆

လမ်းဘေးတွင် ဆိုင်ကယ်ရပ်ကာ စကားပြောနေသော အမျိုးသားကို အုတ်များတင်ဆောင်လာသော ထော်လာဂျီက ဝင်တိုက်ပြီး နောက်ဘီးဖြင့် ကြိတ်မိရာမှ သေဆုံးခဲ့မှု ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၁ နာရီကျော်က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၊ အမှတ် (၃)ရပ်ကွက် လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်ရပ်ကာ စကားပြောနေသည့် အမျိုးသားတွင် ဒဏ်ရာများရရှိခဲ့သဖြင့် ချောင်းသာတိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေချိန်တွင် သေဆုံးခဲ့ကြောင်း သိရသည်။

“ထော်လာဂျီနဲ့ ကြိတ်ခံရတဲ့ကောင်လေးက လူငယ်ပိုင်းပဲ။ ထော်လာဂျီမောင်းတဲ့သူတွေက မောင်းလိုက်ရင်မဆင်မခြင်နဲ့ အသားကုန်။ အခုတော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်ရပြီ။ ထိထိရောက်ရောက် အရေးယူစေချင်တယ်” ဟု ချောင်းသာဒေသခံတစ်ဦးက​ ပြောသည်။

ယာဥ်တိုက်မှုနှင့်ပတ်သက်၍ တာဝန်ရှိသူများက အမှုဖွင့်ကာ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage

ချစ်မိသွားမှာစိုးလို့ ရှောင်ရင်းကနေ
ပိုလို့တောင်ချစ်မိသွားပြန်ပြီ…..
မင်းဟာ ငါကိုယ်တိုင်
မီးခွက်ထွန်းရှာတဲ့ ပြသာနာလှလှလေးပေါ့….
#စာရယ်ကဗျာရယ်
#as

1 y - Translate

သုံးနှစ်ကျော် စောင့်ဆိုင်းလာခဲ့ရတဲ့ သည်းထိပ်
ရင်ဖို စီးရီး "SQUID GAME" Season 2 ဟာဆိုရင်
"ယနေ့"မှာ ထွက်ရှိလာပြီ ဖြစ်ပါတယ်။
တစ်နေ့ထဲမှာပဲ Netflix ကနေ
အပိုင်းအားလုံး ထုတ်လွှင့် ပြသသွားမှာပါ။
SQ fan တွေအတွက်တော့ ရင်ခုန်စရာပါပဲ

ဘယ်လို Game အသစ်တွေ ပါ၀င်မလာလဲ ?
ဘယ်သူတွေကများလွတ်မြှောက်သွားမလဲ ဆိုတာကို
ကြည့်ရှု့ရပါမယ်နော်။
#storymode

image
1 y - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၂၆-၁၂-၂၀၂၄)

ဒီနေ့မှာလည်း အပြောင်းအလဲမရှိသေးတဲ့ စက်သုံးဆီစျေးနှုန်းများ


#fuel
#ဆီစျေး

image
1 y - Translate

Flirty and daring haircuts to start the year😎✂️💇🏻‍♀️

image
1 y - Translate

Flirty and daring haircuts to start the year😎✂️💇🏻‍♀️

image
1 y - Translate

Flirty and daring haircuts to start the year😎✂️💇🏻‍♀️

image