Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တရုတ်၌ လီသီယမ််ဖြင့်ပြုလုပ်ထားသည့် လျှပ်စစ်ကားဘက္ထရီများအားရထားဖြင့်သယ်ယူမှုစတင်
ချုံရှင်း၊နိုဝင်ဘာ ၁၉
China Railway သည် လီသီယမ်ဖြင့်ပြုလုပ်ထားသည့် EV ဘက္ထရီများကို ရထားများဖြင့် သယ်ယူမှုကိုစမ်းသပ်ပြေးဆွဲခဲ့ကြောင်းသိရသည်။
နိုဝင်ဘာ ၁၉ ရက် အင်္ဂါနေ့က အဆိုပါရထားများသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ချုံချင်းပြည်နယ်၊စီချွမ်နှင့်ကွေ့ကျိုးပြည်နယ်များသို့ ဘက္ထရီများတင်ကာရထားသုံးစင်းဖြင့်ပြေးဆွဲစမ်းသပ်ခဲ့ခြင်းလည်းဖြစ်သည်။
အန္တရာယ်ရှိပစ္စည်းအဖြစ် သတ်မှတ်ထားပြီး ယခင်က ရေကြောင်းနှင့်ကုန်းလမ်းမှသာသယ်ယူသည့် လီသီယမ်များအများဆုံးထွက်ရှိရာ တရုတ်နိုင်ငံအနေဖြင့် ယခုလိုမျိုး သယ်ယူမှုစနစ်ပြောင်းလဲအသုံးပြုနိုင်လိုက်ခြင်းသည် အရေးပါသောပြောင်းလဲမှုတစ်ခုလည်းဖြစ်လာခဲ့သည်။
လီသီယမ်သည် သယ်ဆောင်ချိန်၌ လှုပ်ခတ်သွားပါက လောင်ကျွမ်းပေါက်ကွဲတတ်သဖြင့် အန္တရာယ်ရှိပစ္စည်းစာရင်းတွင်ထည့်သွင်းထားခြင်းလည်းဖြစ်သည်။
ရထားဖြင့်သယ်ယူသော်လည်း လီသီယမ်သယ်ရန်အတွက် အထူးပြုလုပ်ထားသည့် ရထားမျိုးဖြင့်သယ်ယူခြင်းဖြစ်ကာ ရထားကိုယ်ထည်ကို မီးလောင်ရန်ခဲယဥ်းသည့် သတ္တုအမျိုးအစားဖြင့်လုပ်ထားသလို မီးခိုးနှင့်အပူချိန်ကိုထောက်လှမ်းသည့်ကိရိယာများ၊လေဝင်လေထွက်ကောင်းစေမည့်ကိရိယာများပါတပ်ဆင်ထားသည်ဟုတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။
ရထားဖြင့်ပို့ဆောင်ရေးသည် လီသီယမ်ဘက်ထရီများကို ကုန်းလမ်းဖြင့်ပို့ဆောင်ခြင်းထက် ပိုမိုထိရောက်ပြီး ပင်လယ်ရေကြောင်းသယ်ယူရေးထက် ပိုမိုမြန်ဆန်သောကြောင့်အဆင်ပြေစေမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။
ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများမှ တက္ကသိုလ်ဝင်တန်းအောင်သူများ ဆေးတက္ကသိုလ် လျှောက်ထားနိုင်မည်
ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၆ ခုတို့မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် ကျောင်းသား/သူများ ဆေးတက္ကသိုလ် လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားသည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ခြောက်ခုဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် တို့မှ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ပြီး (၆)ဘာသာစုစုပေါင်း ရမှတ်(၄၅၀)နှင့်အထက်ရရှိသည့် ကျောင်းသား/သူများအားလုံး အကျုံးဝင်မည်ဖြစ်သည်။
၎င်းတို့အနက် အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ(၃)ဘာသာ စုစုပေါင်းရမှတ် (အနည်း/အများ)ပေါ်မူတည်၍ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို လူတွေ့နုတ်မေးစာမေးပွဲ စစ်ဆေးပြီး ဆေးတက္ကသိုလ်ဝင်ခွင့်အတွက် ရွေးချယ်ခေါ်ယူသွားမည်ဖြစ်သည်။
ထို့ကြောင့် ဝေးလံခက်ခဲဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ စာစစ်ဌာနများမှ အောင်မြင်ပြီး သတ်မှတ်ချက်နှင့် ပြည့်စုံ၍ ရမှတ်အကျုံးဝင်သူများသည် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ နေပြည်တော်၊ ဖုန်း ၀၆ ၇ ၃၄၁၁၂၃၉ နင့် E mail: dhrhundergraduate@gmail.c om တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်းသိရသည်။
BREAKING:
နာပိုလီဘက်က သူတို့ကစားသမား Khvicha Kvarastkhelia အနေနဲ့ စာချုပ်သစ်မချုပ်ဘူးဆိုရင် လာမဲ့အပြောင်းအရွှေ့တွေမှာ ရောင်းချသွားမယ်လို့သိရပါတယ်။
ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ရတာမျိုး အဖြစ်ခံမှာမဟုတ်ပဲ သေချာပေါက်ရောင်းချသွားဖို့ နာပိုလီဘက်ကပြင်ဆင်နေတာပါ။
PSG / Liverpool တို့နဲ့ သတင်းတွေထွက်ဖူးတဲ့ ကစားသမားပါ။
ရွေးကောက်ခံသမ္မတထရမ့် အစိုးရသစ်အဖွဲ့ဝင် အမည်စာရင်း ဆက်လက်ကြေညာ
နိုဝင်ဘာ ၂၀
ရွေးကောက်ခံ အမေရိကန်သမ္မတ Donald Trump က ပညာရေးဌာနကိုဦးဆောင်ဖို့ Linda McMahon ကို အဆိုပြုရွေးချယ်ကြောင်း နိုဝင်္ဘာ ၂၀၊ အင်္ဂါနေ့နှောင်းပိုင်းမှာ ကြေညာပါတယ်။ McMahon ဟာ Trump ရဲ့ အရင် သမ္မတသက်တမ်းအတွင်း အသေးစားလုပ်ငန်းကြီးကြပ်ရေးဌာန အကြီးအကဲအဖြစ် တာဝန်ယူခဲ့ဖူးပြီး ကမ္ဘာ့နပန်းပြိုင်ပွဲ ဖျော်ဖြေရေးအစီအစဥ်တွေမှာ ဆယ်စုနှစ်တွေနဲ့ချီ ဦးဆောင် ကူညီဆောင်ခဲ့ရွက်ဖူးပါတယ်။
Linda အနေနဲ့ ဆယ်စုနှစ်တွေနဲ့ချီ ဦးဆောင်ခဲ့တဲ့ အတွေ့အကြုံ၊ ပညာရေးနဲ့ စီးပွားရေးလုပ်ငန်းခွင် ၂ မျိုး လုံးအကြောင်း အသေအချာနားလည်သူဖြစ်တာကြောင့် နောင်မျိုးဆက် အမေရိကန် ကျောင်းသား ကျောင်းသူတွေ၊ လုပ်သားတွေ ပိုပြီးအရည်အသွေးပြည့်ဝသူတွေ ဖြစ်လာပြီး ကမ္ဘာမှာ အမေရိကန် ပညာရေးဟာ နံပါတ် ၁ ဖြစ်လာအောင် ဆောင်ရွက်လိမ့်မယ်လို့ ထရမ့်က ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး ပြည်နယ်အလိုက် ဆုံးဖြတ်လုပ်ကိုင်ခွင့်ပေးဖို့အတွက် လင်ဒါက ဦးဆောင်အကောင်အထည်ဖေါ်မှာဖြစ်ကြောင်းလည်း ရေးသားထားပါတယ်။
Wall Street က ငွေကြေးရင်းနှီးမြှုပ်နှံသူ Howard Lutnick ကိုလည်း ကုန်သွယ်ရေးဝန်ကြီးခန့်အပ်ဖို့ အင်္ဂါနေ့မှာပဲ အဆိုပြုပါတယ်။ အသက် ၆၃ နှစ်အရွယ် ဘီလျံနာလည်းဖြစ်၊ ထရမ့် အာဏာလွှဲပြောင်း ရေးအဖွဲ့ ပူးတွဲဥက္ကဋ္ဌလည်းဖြစ်သူ Lutnick ဟာ ထရမ့်အစိုးရအဖွဲ့ အဆင့်မြင့်ရာထူးနေရာတွေအတွက် လူတွေ စိစစ်ရွေးချယ်ရာမှာ အဓိက ကူညီဆောင်ရွက်သူလည်း ဖြစ်ပါတယ်။ မကြာခင်လတွေအတွင်း သူဟာ ထရမ့်ကို ထောက်ခံကြောင်း လူသိရှင်ကြား ပြောကြားခဲ့သူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဝါရင့် ရုပ်မြင်သံကြား အစီအစဥ်မှူးတဦးလည်း ဖြစ်တဲ့ Dr. Mehmet Oz ကို ကျန်းမာရေး စောင့်ရှောက်မှုအစီအစဥ် Medicare နဲ့ Medicaid ဌာနကို ဦးဆောင်ဖို့ အဆိုပြုပါတယ်။ ဒီဌာနတွေဟာ အငြိမ်းစား အမေရိကန်တွေနဲ့ ငွေကြေးမပြည့်စုံသူအတွက် ကျန်းမာရေး အာမခံဌာနတွေဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက Dr. Oz ဟာ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ အထက်လွှတ်တော် အမတ်ဝင် အရွေးခံပေမယ့် ထရမ့်ထောက်ခံပေးနေတဲ့ကြားမှာပဲ ရှုံးနိမ့်ခဲ့ဖူးပါတယ်။
📷အမေရိကန်ပညာရေးဝန်ကြီးနေရာအတွက် Linda McMahonရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က အဆိုပြုထားတဲ့ Linda McMahon
#centralnewsmyanmar