1 နှစ် - ဘာသာပြန်ပါ။

လူတွေကပြောကြတယ်
မင်းလိုလူမျိုးမင်းပြန်ရမယ်
ဆိုရင် လိုချင်လားတဲ့
ဟုတ်ကဲ့ကျနော်လိုချင်ပါတယ်
ဒီလိုဆိုကျနော်ဟာဘယ်တော့မှ
မျက်ရည်ကျမှာလည်းမဟုတ်သလို
ဘယ်တော့မှသစ္စာဖောက်ခံရမှာလည်းမဟုတ်ဘူး
ကျနော်မကြိုက်တဲ့အပြုအမူတွေလုပ်မှာကိုလည်း
စိုးရိမ်စရာမလိုတော့ဘူး
ပေးထားတဲ့ကတိတွေပျက်စီးမှာကိုလည်း
ကျနော်ကြောက်စရာမလိုတော့ဘူး
နောက်ဆုံးဘာအကြောင်းနဲ့မှကျနော်အထီးကျန်မှာမဟုတ်တော့ဘူး
ဒါကြောင့် တစ်နေ့နေ့တော့ကျနော့်လိုလူမျိုးကျနော်ပြန်ရရင်လိုချင်ပါတယ်

ဟန်..........
#forgetmenot

image
1 နှစ် - ဘာသာပြန်ပါ။

ဒီလိုပါပဲ

#crd

image
1 နှစ် - ဘာသာပြန်ပါ။

စိတ်ပညာအရ မကြာခဏ မေ့တတ်သူတွေဟာ အများကြီး ဆုံးရှုံးထားလို့ပါတဲ့ ။
#sun_flower?
#lyrics #crd

image
1 နှစ် - ဘာသာပြန်ပါ။

အတူတူ ရုန်းကန်နိုင်တဲ့
မိန်းကလေးမျိုးက ရှားတယ်
ရုန်းကန်ချင်တဲ့ စိတ်ရှိတဲ့
ယောင်္ကျားမျိုးလည်း ရှားတယ်
အကယ်၍ နှစ်ယောက်စလုံးက
သတ္တိရှိရှိရုန်းကန်လိုက်တဲ့အခါ
မဖြစ်နိုင်ဘူးဆိုတဲ့ အရာတွေ
ရှားသွားပြန်တယ်...
#credit

image
1 နှစ် - ဘာသာပြန်ပါ။

ငယ်ငယ်တုန်းက ကေ

image
1 နှစ် - ဘာသာပြန်ပါ။

အဆင်ပြေပါတယ်၊ ငါဒီနာကျင်မှုနဲ့ ထိုက်တန်တယ်ထင်တယ်။

image
1 နှစ် - ဘာသာပြန်ပါ။

နေနိုင်ပြီဆိုတဲ့ နေ့ကစပြီး
ဒေစီပန်းတွေအများကြီး စိုက်မယ်.... တွေးထားတယ်။

တစ်ယောက်ယောက်က နေနိုင်သွားတဲ့အခါ
တစ်ယောက်ယောက်ဟာ အရာရာဆုံးရှုံးသွားတာ... ဆိုပါလား။

ကဗျာတွေစာတွေ စီရင်သာ
စကားလုံးတွေကညီတာမျိုးပါ.... ။

နေနိုင်သွားပြီ ဆိုတာလည်း ငါ....
အရာရာဆုံးရှုံးသွားခဲ့ပြန်တာလည်း ငါပါပဲ.... ။

ငါ့အတွေးနဲ့ ငါဝေးတယ်
ငါ့အဆွေးနဲ့ ငါတွေးတယ်
ငါ့ကိုယ်ငါပဲ အပြစ်ဖို့မယ်ကွယ်.... ။

ဒီလိုနဲ့ပဲ
ဒီတစ်နှစ်ကုန်ပြီးသွားလို့
နောက်တစ်မိုးရောက်မယ့်အခါ
ဒေစီတစ်စီးလောက်တော့ သူ့ဆီပို့မယ်.... ။

ဒေစီ.... ဆိုတာဟာ
မေတ္တာသက်ဝင်နေခဲ့သေးရင်တောင်
ဘယ်သောအခါမှ ဖွင့်ဟတောင်းဆိုတော့မှာမဟုတ်ကြောင်း
ဝန်ခံလိုက်ခြင်းရဲ့ သက်သေပဲမလားလေကွယ်.... ။

#ညတာရာလင်း

image
1 နှစ် - ဘာသာပြန်ပါ။

ဟုတ်ပါ့

image
1 နှစ် - ဘာသာပြန်ပါ။

ဆရာမင်းခိုက်စိုးစန်ရဲ့ စာစုလေးတခုဖတ်ဖူးတယ်
"လူဆိုတာ အခက်အခဲပေါ်လာရင်
ကိုယ့်အတွက်ကိုယ် စဥ်းစားမိသွားကြတဲ့
အတ္တ သတ္တဝါတွေချည်းပဲဲ'' တဲ့
ငါခက်ခဲနေတဲ့ အချိန်မှာတောင်
မင်းကိုပျော်ရွှင်စေချင်ခဲ့တာ ဒါက ငါ့အတ္တပေါ့။
ငါမဟုတ်တဲ့အခြားတယောက်ကို
ရွေးချယ်သွားတာကတော့
မင်းအခက်အခဲနဲ့ မင်းအတ္တပေါ့ အချစ်ရယ်။
ကိုယ့်မှာ အပြစ်မမြင်ရက်ပါဘူး
မင်းရဲ့အတ္တလေး တရားမျှတပါတယ်။

#သီဟနိုင်

image
1 နှစ် - ဘာသာပြန်ပါ။

ငါအိမ်မှာနေတုန်းက
ငါ့ခြေထောက်တွေဟာ အိမ်ရဲ့အဝေးကို
အမြဲတမ်း ရောက်ချင်ခဲ့တယ်။

အိမ်ရဲ့အဝေးကို တကယ်ရောက်သွားတော့
ငါ့ခြေထောက်ဟာ အိမ်ဆီကို
ထွက်ပြေးချင်နေတော့တာပဲ။

နောက်ဆုံးတော့ အိမ်ဟာ အိမ်ပါပဲ။

နွေးထွေးမှုနှင့်ကြင်နာမှုတွေကို
လိုအပ်တဲ့အချိန်တိုင်း မငြိုမငြင်ဘဲ ရမြဲရနေတဲ့
နေရာတစ်ခုပါပဲ။

ကျနော်အိမ်ကို လွမ်းတယ်။
အတိအကျပြောရရင် အမေရှိနေတဲ့ အမေ့အိမ်လေးကို
ကျနော် လွမ်းတယ်❣️

image