Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရေနံမြေနဲ့ ထိုးကြေး
ဆော်ဒီအာရေဗျနိုင်ငံက အားကစားပွဲတွေ ရှယ်လုပ်ချင်တာပါ။ အားကစားပုံရိပ်ကို သုံးလိုက်ပြီး သူတို့နိုင်ငံရဲ့ ခရီးသွားလာရေးစနစ်ကို မြှင့်တင်ချင်တာပါ။ ကစားသမားတွေက တခြားနိုင်ငံထက် ဆော်ဒီအာရေဗျနိုင်ငံမှာ ကစားရင် ပိုက်ဆံပိုရပါတယ်။ မြင်လွယ်အောင်ပြောရရင် ဩစတြေးလျနိုင်ငံသား Jai Opetaia က IBF Cruiserweight Champion ဖြစ်ပါတယ်။ IBF အဖွဲ့အစည်းက Jai Opetaia နဲ့ Mairis Briedis တို့ကို ကစားရမယ်လို့ သတ်မှတ်ပေးထားတယ်။ ကစားရင် ကစား၊ မကစားရင် ချန်ပီယံဘွဲ့ကို ရုတ်သိမ်းလိုက်မှာပါ။
ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပခဲ့တဲ့ Day of Reckoning ပြိုင်ပွဲကြီးမှာ Jai Opetaia နဲ့ Ellis Zorro တို့ကို တည်ပေးတယ်။ အဲဒါက ပွဲစီစဉ်သူတည်ပေးတာပါ။ IBF အဖွဲ့အစည်းက မဟုတ်ပါဘူး။ Jai Opetaia ဘက်က ဘာကိုရွေးမလဲ။ ပွဲစီစဉ်သူပေးတဲ့ ထိုးကြေးလား၊ IBF အဖွဲ့အစည်းရဲ့ ချန်ပီယံဘွဲ့လား။ ပထမအချက်ကိုပဲ ရွေးတာပါ။ IBF အဖွဲ့အစည်းက တည်ပေးထားတဲ့ Mairis Briedis ကို မထိုးပါဘူး။ ခါးပတ်အပြုတ်ခံပြီး Ellis Zorro ကိုပဲ ကစားလိုက်တယ်။
အားလုံးသိတဲ့အတိုင်း ကစားသမားတွေက အခြေခံထိုးကြေးရတယ်။ PPV အကျိုးအမြတ်ကို ခံစားခွင့်ရှိတယ်။ အဓိကက ဒါပါပဲ။ ဒါပေမယ့် ရေနံနိုင်ငံတွေမှာ ကစားရင် အဲဒီအချက်တွေအပြင် သူတို့နိုင်ငံကပေးတဲ့ စပွန်ဆာကြေးထပ်ရပါတယ်။ အခုလည်း ဆော်ဒီအာရေဗျနိုင်ငံက ပွဲစီစဉ်သူကို ပိုက်ဆံပေးထားပြီး ပွဲကျင်းပခိုင်းတာပါ။ Anthony Joshua ဆိုရင် ထိုးကြေးမြင့်ပြီးသားပါ။ နောက်ဆုံး (၅) ပွဲမှာ (၃) ကို ဆော်ဒီအာရေဗျနိုင်ငံမှာ ကစားလိုက်လို့ ပိုက်ဆံအများကြီးပိုရတယ်။
အခုဆိုရင် UFC အဖွဲ့အစည်းနဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့က စာချုပ်လိုက်တယ်။ အဓိကက ပွဲကျင်းပဖို့ပါပဲ။ ဆော်ဒီအာရေဗျနိုင်ငံကလည်း အခြေခံဥပဒေတွေ ပြင်ပေးလိုက်တယ်။ နိုင်ငံအတွင်းမှာ အရက်ရောင်းချခွင့်ရတယ်တဲ့။ (၇၂) နှစ််အတွင်းမှာ ပထမဆုံးပြောင်းလဲလိုက်တာပါ။ ပွဲကျင်းပရင် ရုံထဲမှာ ဘီယာသောက်ကြတာမလား။ ဥပဒေပြင်ရတာ တခြားအကြောင်းအချက်တွေ ရှိနေသေးပေမယ့် အားကစားပြိုင်ပွဲကလည်း အကြောင်းရင်းတစ်ချက်ပါပဲ။
UFC အဖွဲ့အစည်းက ကမ္ဘာကျော်ဆိုပေမယ့် ဆော်ဒီအာရေဗျနိုင်ငံမှာ အခုချိန်ထိ ပွဲမလုပ်ဖူးဘူး။ စာချုပ်ကြောင့်သာ ဇွန်လ (၂၂) ရက်မှာ Robert Whittaker နဲ့ Khamzat Chimaev တို့ကို ခေါင်ပွဲထားပြီး ပွဲလုပ်ပါမယ်။ ပွဲကျင်းပတဲ့ နေရာကလည်း ဟိုတစ်ခါက Anthony Joshua နဲ့ Francis Ngannou တို့ကို ထိုးခိုင်းတဲ့ Kingdom Arena ပါပဲ။ ဘောလုံးကွင်းထဲမှာ သံဇကာဆောက်ပြီး ကစားရမှာပါ။ ပရိသတ်အကြိုက်ဖြစ်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။
+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷+-x÷
CMKN Gas Stoves ဆိုတာက စားသောက်ဆိုင်၊ ဟိုတယ်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေကို မြန်မာတစ်နိုင်ငံလုံးမှာ တစ်ဦးတည်းမူပိုင် ဖြန့်ဖြူးရောင်းချပေးနေတဲ့ ကုမ္ပဏီဖြစ်ပြီး မြို့ကြီးတွေမှာလည်း ဆိုင်ခွဲတွေအများကြီး ဖွင့်လှစ်ထားပါတယ်။ အိမ်ရှင်မတွေရဲ့အကြိုက် နံပါတ် (၁) ထုတ်ကုန်ဖြစ်လို့ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်။
Reference Source - ESPN
Photo Credit - La Sueur
ကျော်စိုးအောင် (Myanmar Fight Edition)
လျှပ်စစ်ကားနဲ့ ကမ္ဘာတစ်ပတ် ပတ်ပြီး ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ ၂၅ နှစ်သမီး
ဂင်းနက်စ်စံချိန် ၂ ခု ပိုင်ဆိုင်ထားတဲ့ အမေရိကန် YouTuber ၊ ခရီးသွား မိန်းကလေး လက်ဇီအဲလ်ဖို့ဒ်က နောက်ထပ် စံချိန်သစ်တစ်ခု တင်လိုက်ပါပြီ။ လျှပ်စစ်ကားစီးပြီး ကမ္ဘာတစ်ပတ် ပတ်နိုင်တဲ့ ပထမဆုံးလူသားအဖြစ် စံချိန်တင်လိုက်တာပါ။
လက်ဇီအဲလ်ဖို့ဒ်ဟာ Ford Explorer လျှပ်စစ်ကားနဲ့အတူ တိုက်ကြီး ၆ တိုက်၊ နိုင်ငံပေါင်း ၂၇ နိုင်ငံကို ဖြတ်သန်းပြီး ကီလိုမီတာ ၃၀၀၀၀ ကျော် အကွာအဝေး ခရီးကို လျှပ်စစ်စွမ်းအင်တစ်မျိုးတည်းသုံးပြီး မောင်းနှင်ခဲ့တာပါ။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်မှာ စတင်ခဲ့တဲ့ အဲဒီခရီးစဉ်ဟာ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၆ ရက်မှာတော့ ပြင်သစ်နိုင်ငံ၊ နိစ်မြို့မှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။
လက်ဇီအဲလ်ဖို့ဒ်ဟာ ဓာတ်အားပြတ်တောက်မှု မကြာခဏ ကြုံရတတ်တဲ့ အာဖရိကတိုက်၊ လျှပ်စစ်ကားအားသွင်းရာ အခြေခံအဆောက်အအုံမရှိတဲ့ ချီလီနိုင်ငံ၊ အက်တာကာမာသဲကန္တာရ၊ လမ်းမပေါက်တဲ့ နေရာတွေ၊ တောင်ကြားလမ်းတွေ၊ အလွန်အေးစက်တဲ့ နေရာတွေ အစရှိတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး လျှပ်စစ်ကားနဲ့ ကမ္ဘာတစ်ပတ် ပတ်နိုင်ခဲ့တာပါ။
စွန့်စားသွားလာရတာကို ဝါသနာထုံတဲ့ လက်ဇီအဲလ်ဖို့ဒ်ဟာ ၁၂ နှစ်သမီးအရွယ်ကတည်းက ကမ္ဘာတစ်လွှား ခရီးသွားလာဖို့ စိတ်ကူးခဲ့ပြီး သူ့ရဲ့ ခရီးစဉ်အတွက် မုန့်ဖိုးတွေကို စုဆောင်းထားခဲ့တာပါ။ သူဟာ ကမ္ဘာပေါ်က အချုပ်အခြာပိုင် နိုင်ငံအားလုံးကို လှည့်လည်သွားလာဖူးတဲ့ အသက်အငယ်ဆုံးပုဂ္ဂိုလ်၊ အသက်အငယ်ဆုံး အမျိုးသမီးအဖြစ် ဂင်းနက်စ်စံချိန် ၂ ခု တင်ထားသူဖြစ်ပြီး အသက် ၂၁ နှစ်၊ ၁၇၇ ရက်အရွယ်မှာပဲ အဲဒီခရီးစဉ်ကို ပြီးမြောက်အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်တုန်းက မြန်မာနိုင်ငံကို ရောက်ရှိခဲ့ဖူးပြီး သူ့ရဲ့ Lexie Limitless ဆိုတဲ့ အင်စတာဂရမ်အကောင့်မှာ မြန်မာနိုင်ငံရဲ့ ဈေးနေ့ နံနက်ခင်းပုံကို တင်ခဲ့ဖူးပါတယ်။
Crd
အဲ့ဒီလူကို ဘယ်လောက်တောင် သဘောကျခဲ့သလဲ။
အိမ်ကိုလဲ ဝန်ခံခဲ့တယ်။
ခံစားချက်အကုန်ကိုလဲ ထုတ်ပြခဲ့တယ်။
လူသိမခံနိုင်တဲ့ အကြောင်းတွေကိုလဲ ပြောခဲ့တယ်။
တိုးတိုးတိတ်တိတ်နေတတ်တဲ့ ငါ့လိုလူ
သူ့ဘဝထဲ ဝင်လာဖို့ ငါ ဘယ်လောက်တောင်အားယူခဲ့ရသလဲ။
အလဟသ ချစ်ခြင်း မေတ္တာတွေပါကွာ။
နောက်ဆုံးကျတော့လဲ စွန့်ပစ်ခံရတာပဲ။
Credit