နောက်ပြောင်တဲ့အနေနဲ့ အတန်းကျောင်းသားတစ်ယောက်ဟာ သူ့အတန်းဖော်ရဲ့ နောက်ကျောမှာ “ငါက ငတုံးပဲ” လို့ ရေးထားတဲ့ စာရွက်တစ်ရွက်ကို ကပ်လိုက်တယ်။ အတန်းထဲက ကျောင်းသူကျောင်းသားတွေကိုလည်း မပြောဖို့ အမူအရာပြတယ်။ဒီလိုနဲ့ ကျောင်းသားတွေ ရယ်မောကြပါတော့တယ်။
နေ့လယ်ပိုင်း သင်္ချာအတန်းစတော့ ဆရာမက ခက်တဲ့မေးခွန်းကို ဘုတ်ပေါ်မှာ ရေးလိုက်တယ်။ ဖြေနိုင်တဲ့လူ အရှေ့ထွက်ခဲ့ဖို့ခေါ်တယ်။ စာရွက် အကပ်ခံထားရတဲ့ ကျောင်းသားကလွဲရင် ဘယ်သူမှ မဖြေနိုင်ခဲ့ဘူး။အတန်းရှေ့ကို သူထွက်တော့ ကျောကစာရွက်ကြည့်ပြီး အတန်းဖော်တွေက ရယ်ကြတာပေါ့။ ကောင်လေးက ရဲရဲဝံ့ဝံ့နဲ့ အတန်းရှေ့ထွက်ပြီး
ပုစ္ဆာကို ဖြေရှင်းလိုက်တယ်။
ဆရာမက သူ့ကျောပေါ်က စာရွက်ကို ဖယ်ပြီး အတန်းဖော်တွေကို လက်ခုပ်တီးခိုင်းတယ်။ ဆရာမက ပြောတယ်: “သားရဲ့အတန်းဖော်က သားကျောမှာ စာရွက်ကပ်ထားတာ မသိဘူးထင်တယ်”
"ကျောင်းသားက ခေါင်းညိတ်တယ်"
ဆရာမက အတန်းထဲ ထိုင်နေတဲ့ ကျောင်းသာ ကျောင်းသူတွေကိုကြည့်ပြီး ပြောလိုက်တယ် ။
"သားတို့သမီးတို့အားလုံးကို ဘဝအတွက် သင်ခန်းစာနှစ်ခုပြောရဦးမယ်"
"အရင်ဆုံး မင်းတို့ရဲ့ဘဝတစ်လျှောက်မှာ
မင်းတို့ရဲ့တိုးတက်မှုကို ရပ်တန့်ဖို့အတွက်
လူတွေက ရွံစရာစကားလုံးတွေ၊မခံရပ်နိုင်တဲ့
စကားလုံးတွေနဲ့ တံဆိပ်တပ်ကြလိမ့်မယ်။
ဒီကျောင်းသားကသာ အတန်းဖော်က နောက်ကျောမှာ
စာရွက်ကပ်ထားတာသိရင် မေးခွန်းကိုဖြေဖို့ ထလာမှာမဟုတ်ဘူး။
လူတွေပေးတဲ့ တံဆိပ်တွေကို လျစ်လျူရှုပြီး သင်ယူရမယ့် အခွင့်အလမ်းတိုင်းကို ဆုပ်ကိုင်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့ပါပဲ။ ”.
“ဒုတိယအနေနဲ့၊ ဒီကလေးဟာ သူစတစ်ကာအကပ်ခံထားရတာကို ပြောပြမယ့် သစ္စာရှိတဲ့ သူငယ်ချင်း တစ်ယောက်မှ မရှိဘူးဆိုတာ ထင်ရှားပါတယ်။
ဒါကြောင့် ဘဝမှာ သူငယ်ချင်းဘယ်လောက်ရှိတယ်ဆိုတာ အရေးမကြီးပါဘူး။သူငယ်ချင်းတွေနဲ့ မျှဝေတဲ့ သစ္စာရှိမှုကပဲ အရေးကြီးတာပါ။
ကိုယ့်နောက်ကွယ်မှာ ကိုယ်ကို ကာကွယ်ပေးမယ့်၊ စောင့်ရှောက်ပေးမယ့်၊ စစ်မှန်တဲ့ ဂရုစိုက်မယ့် သူငယ်ချင်းတွေ မရှိရင် တစ်ယောက်တည်းနေတာ ပိုကောင်းပါတယ်။"
