1 နှစ် - ဘာသာပြန်ပါ။

မြင်ရတော့မယ် Hello December ကံကောင်းခြင်းတွေယူလာပေးပါတို့ စိတ်ချမ်းသာပရစေတို့ ထိုင် Share ကြတော့မယ်🙄 ကိုယ်တိုင်ကြဘယ်သူ့နဲ့မှမတည့်ပဲ🥴

image
1 နှစ် - ဘာသာပြန်ပါ။

ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦး ကားမှောက်လို့ ဒဏ်ရာအပြင်းအထန်ရ၊ မွေထိုင်းအကျော်အမော် Seksen နဲ့ ပွဲပျက်

ဒီဇင်ဘာ ၁

မြန်မာပရိသတ် အချစ်တော် ရိုးရာလက်ဝှေ့ကျော် စိုးလင်းဦးဟာ မနေ့က ကားမှောက်လို့ ဒဏ်ရာအပြင်းအထန်ရသွားတာကြောင့် သူ့လို့ပဲ ထိုင်းနိုင်ငံပရိသတ်အချစ်တော် မွေထိုင်းအကျော်အမော် Seksen နဲ့ ထိုးသတ်ရမယ့်ပွဲကတော့ ပျက်ပြားသွားခဲ့ရပါပြီ။

"မနေ့ကညနေ နိုဝင်ဘာ ၃၀ ရက်က ကျွန်တော်တစ်ယောက်တည်း တောင်ကုန်းပေါ်ကအဆင်း ကားဘရိတ် မမိတော့လို့ ကားနဲ့အတူ ကျွန်တော်တောင်ကုန်းပေါ်ကနေ အောက်ထိလိမ့်ကျခဲ့ပါတယ်။ ဘုရားပေးတဲ့အသက်ပဲ ကျန်ပါတော့တယ်။ ရှေ့လပွဲကတော့ ကျွန်တော်အခြေအနေကြောင့် မထိုးနိုင်သေးပါဘူး။ ဆုတောင်းပေးကြတဲ့သူ၊ ကူညီပေးကြတဲ့သူအယောက်စီတိုင်းကျေးဇူးတင်ပါတယ်"လို့ စိုးလင်းဦးက အသိပေးပါတယ်။

အောင်လအလွန် One Championship မှာ မြန်မာ့ကိုယ်စားပြုကြယ်ပွင့်တစ်ပွင့်ဖြစ်လာတဲ့ စိုးလင်းဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက် One Friday Fights 81 ထိုးသတ်ချိန် ဘင်တန်ဝိတ်တန်းမှာ နံပါတ် ၄ အဆင့်ရှိတဲ့ Nabil Anane ကို ရှုံးခဲ့ပေမဲ့လည်း လာမယ့်နှစ် ဇန်နဝါရီ ၂၄ ရက်မှာ ကျင်းပမဲ့ One 170 ပွဲမှာတော့ ထိုင်းပရိသတ်တွေအလိုကျ ဆက်ဆန် (Seksan) နဲ့ ထိုးသတ်ရတော့မှာဖြစ်ပေမဲ့ အခုတော့ ကားမှောက်မှုကြောင့် လက်တွေနဲ့ လည်ပင်း၊ ဦးခေါင်းမှာ၊ ခန္ဓာကိုယ်ဒဏ်ရာများစွာရခဲ့လို့ ပွဲပျက်သွားရတာပါ။

#centralnewsnaypyitaw

image
image
image
1 နှစ် - ဘာသာပြန်ပါ။

❣️🥀

image
1 နှစ် - ဘာသာပြန်ပါ။

စိတ်ကုန်လိုက်တာလို့ပြောတာတောင်
စိတ်နာနာနဲ့ ဆွဲထားတဲ့လက်လေးတစ်စုံ
ရှိခဲ့ဖူးတယ်။

💭 | | 24.11.2024

image
1 နှစ် - ဘာသာပြန်ပါ။

မကောင်းတတ်လို့သာ ဂျပန်စာကျက်နေရတာ
ငါတို့က ဂျပန်ပဲသွားချင်တာ ဂျပန်စာကျက်ချင်တာမဟုတ်ဘူး

image
1 နှစ် - ဘာသာပြန်ပါ။

တစ်ကယ်တော့ အဆင်မပြေရင်
တစ်ယောက်ထဲ ငြိမ်နေလိုက်တာ အကောင်းဆုံးပါ

ဘယ်သူ့စီကမှ နွေးထွေးမှုကို သွားမလိုချင်ပါနဲ့ ကိုယ်ထင်ထားသလို ဖြစ်မလာရင် ပိုသိမ်ငယ်သွားစေတယ်

အဆင်မပြေတဲ့အရာက ပိုအဆင်မပြေတော့ပဲ ဖိအားတွေများလာပြီး ကိုယ်ပဲ ပိုပင်ပန်းရတယ်

အဆင်မပြေရင် တစ်ယောက်ထဲ ငြိမ်နေလိုက်ပါ ဒါဟာ ကိုယ့်အတွက် ပိုအဆင်ပြေပါလိမ့်မယ်

ဘယ်သူ့စီကမှ မေတ္တာတွေ နွေးထွေးမှုတွေကို မလိုအပ်တော့လေ ပိုကောင်းလေပါပဲ

-crd

image
1 နှစ် - ဘာသာပြန်ပါ။

ရင့်ကျက်သွားလို့ထင်ပါတယ်
ပြန်ကို"က်ချင်စိတ်တောင်မရှိတော့ဘူး

image
1 နှစ် - ဘာသာပြန်ပါ။

ကံကိုမယုံဘူး မင်းကိုပဲယုံတယ်
မင်းသာချစ်မယ်ဆို ကံတရားက ဘယ်လိုခွဲခွဲ
ကိုယ်တို့မဝေးဘဲ နီးစပ်ကြရမှာ ။

🌻💛
#tristanpyne

image
1 နှစ် - ဘာသာပြန်ပါ။

ဘဝမှာ
နောက်ကျသွားပြီ ဆိုတာ
တကယ်ရှိတယ်

ပြောရမဲ့အချိန်မှာ
ပြောသင့်တဲ့စကားကို
ပြောဖြစ်အောင် ပြောပါ

ချစ်တဲ့အကြောင်းပဲဖြစ်ဖြစ်
မချစ်ချင်တော့တဲ့ အကြောင်းပဲဖြစ်ဖြစ်...။

🌻🤍
#လူခေး

image

ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ

ဒီဇင်ဘာ ၁

#ရွှေဈေး

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၄၉ ဒေါ်လာ

ပြင်ပရွှေဈေးနှုန်း

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၁၂၀၀၀၀ ကျပ်
ဝယ်ဈေး ၆၀၈၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၉၂၀၀၀၀ ကျပ်
ဝယ်ဈေး ၅၈၈၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)

#နိုင်ငံခြားငွေလဲလှယ်နှုန်း

-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်

ပြင်ပပေါက်စျေး

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၄၇၀ ကျပ်
ဝယ်ဈေး - ၄၃၇၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၃၁၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၇၄၀ ကျပ်
ဝယ်ဈေး - ၄၆၂၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၇.၃၉ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၀ ကျပ်
ဝယ်ဈေး - ၉၈၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၆၁၀ ကျပ်
ဝယ်ဈေး - ၆၀၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၇၀ ကျပ်
ဝယ်ဈေး - ၂၉.၀၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၆၀ ကျပ်
ဝယ်ဈေး - ၅၂.၂၃ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၁၉ ကျပ်
ဝယ်ဈေး - ၃.၁၁ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၇၀၀ ကျပ်
ဝယ်ဈေး - ၅၅၅၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၁၅ ကျပ်
ဝယ်ဈေး - ၂၈၄၀ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၀၀ ကျပ်
ဝယ်ဈေး - ၃၁၁၅ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၇၄ ကျပ်
ဝယ်ဈေး - ၅၅၉ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၂၂၀ ကျပ်
ဝယ်ဈေး - ၁၁၉၀ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Credit - Voice of Myanmar News Agency

#သတင်းဟင်းလေးအိုးကြီး

image