16 w - Translate

၄ သင်းပတ်လည်စနစ်ဖြင့်ကစားမည့် လေးနိုင်ငံအမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဝင်ရောက်ယှဥ်ပြိုင်မည်

နီပေါနိုင်ငံ၊ ခတ္တမန္ဒုမြို့ရှိ Dasharath ကွင်းတွင်ကျင်းပမည့် ၄ သင်းပတ်လည်စနစ်ဖြင့်ကစားမည့် လေးနိုင်ငံအမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲတွင် အိမ်ရှင်နီပေါအသင်း၊ မြန်မာအသင်း၊ ကာဂျကစ္စတန်အသင်းနှင့် လက်ဘနွန်အသင်းတို့က ဖေဖော်ဝါရီ ၁၇ ရက်မှ ဖေဖော်ဝါရီ ၂၆ ရက်အထိ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဖေဖော်ဝါရီ ၁၇ ရက်တွင် လက်ဘနွန်အသင်း၊ ဖေဖော်ဝါရီ ၂၀ ရက်တွင် ကာဂျစ္စတန်အသင်း၊ ဖေဖော်ဝါရီ ၂၃ ရက်တွင် အိမ်ရှင်နီပေါအသင်းတို့နှင့်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ထိုသို့ ၄ သင်းပတ်လည်ယှဥ်ပြိုင်ကစားပြီးချိန်တွင် အမှတ်အများဆုံးရရှိသည့် ထိပ်ဆုံးနှစ်သင်းသည် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

လက်ရှိအချိန်၌ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဂျပန်နိုင်ငံသား နည်းပြချုပ်ဖြစ်သူ ယုကီတက်ဆုရိုနှင့်အတူ ပဏာမကစားသမား ၃၂ ဦးဖြင့် လေ့ကျင့်မှုများပြုလုပ်လျက်ရှိသည်။

image