Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ငြိမ်းချမ်းရေးသည်သာ အဓိကဖြစ်ခြင်းကြောင့် UWSA အနေဖြင့် ငြိမ်းချမ်းရေးကိုသာ လိုလားဟု အသိပေးထုတ်ပြန်လာ
လက်ရှိ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများအကြား ငြိမ်းချမ်းရေးသည်သာ အဓိကလမ်းကြောင်းဖြစ်ခြင်းကြောင့် UWSA အနေဖြင့် ငြိမ်းချမ်းရေးကိုသာ လိုလားပြီး သတင်းအမှားများကို သေချာစိစစ်ပြီးမှ ယုံကြည်ကြစေလိုကြောင်း အသိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် နိုဝင်ဘာ (၂၅)ရက်က ထိုင်းစစ်တပ်နှင့် UWSA တို့အကြား ဖြစ်ပွားခဲ့သည့် နယ်မြေအငြင်းပွားမှုအတွင်း UWSA တပ်စခန်းများကို ယခု ဒီဇင်ဘာ (၁၈)ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးရန် ဆိုသည့် ဖြစ်ရပ်အပေါ် ရည်ရွယ်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အသိပေးထုတ်ပြန်မှုတွင် UWSA သည်ထိုင်းစစ်တပ်၏ ရန်သူမဟုတ်သကဲ့သို့ တိုက်ပွဲဖြစ်ပွားမည့် စစ်ရေးသတင်းအမှားများကို မဟုတ်မမှန်လုပ်ကြံ ရေးသားသည့်အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။
ထို့ပြင် "ဝ" ဒေသ ၁၇၁ ဧရိယာအတွင်းက နယ်မြေ (၉) ခုကို ထိုင်းဖက်က ဖယ်ခိုင်းခဲ့ခြင်းသည် အမှန်တကယ်ဖြစ်ကြောင်း၊ နိုင်ငံတော်အချင်းချင်း ဆွေးနွေးရမည့်ကိစ္စရပ်သာဖြစ်ပြီး နိုင်ငံတော် ခေါင်းဆောင်ပိုင်းကိုလည်း သတင်းပေးပို့ပေးထားပြီဖြစ်ကြောင်း၊ ထိုင်းတော်ဝင်စစ်တပ်က မြေပြင်တွင် အင်အားတိုးချဲ့ထားပြီး "ဝ" တပ်ဘက်ကတော့ ပုံမှန်အခြေအနေသာရှိကြောင်းကို UWSA ပြင်ပဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ဒေသအခြေစိုက်မီဒီယာကို ဖြေကြားထားသည်။
ယခုကဲ့သို့ စစ်ရေးတင်းမာသည့် သတင်းများကြောင့် မယ့်ဟောင်ဆန်၊ ဒွိုင်ဟာမာ၊ နောင်လျန်ဒေသ အခြေစိုက်ထားသည့် နှစ်ဖက်တပ်များအကြား ပြည်သူများ အထိတ်တလန့်ဖြစ်ခဲ့ရပြီး၊ ယင်းအပေါ် နှစ်ဖက်တပ်ထိတွေ့ တိုက်ပွဲဖြစ်ပွားသည်အထိ အန္တရာယ်ရှိသည့် အခြေအနေ မဟုတ်ကြောင်း ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး သီရတ်ဆွန်ဘက်ဆရီ ကလည်း ပြောကြားထားသည်။