1 နှစ် - ဘာသာပြန်ပါ။

၇၅ ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားသို့ SAC ဥက္ကဋ္ဌ တက်ရောက်

ဒီဇင်ဘာ ၂

၇၅ ကြိမ်မြောက် စိန်ရတုအမျိုးသားစာပေဆုအထိမ်းအမှတ် ၂၀၂၃ ခုနှစ်အတွက် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ဆုနှင်းသဘင် အခမ်းအနားကို ဒီဇင်ဘာ ၂ ရက်နေ့၌ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန-၁ တွင် ပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍ စာပေဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံတွင် မြန်မာစာပေနှင့် နိုင်ငံနှင့်လူမျိုးအကျိုးကို တစ်သက်တာလုံး စာအုပ်စာပေများ အားထုတ်ရေးသားပြုစုခဲ့ပြီး ထူးချွန်ပြောင်မြောက်စွာ တာဝန် ကျေခဲ့ကြသည့် ပုဂ္ဂိုလ်များ၏ ဆောင်ရွက်ချက်များကို နိုင်ငံတော်က အသိအမှတ်ပြုသည့်အနေဖြင့် “အမျိုးသားစာပေတစ်သက်တာဆု” ကို ၂၀၀၁ ခုနှစ်ကစပြီး နှစ်စဉ် ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားစာပေတစ်သက်တာဆုကို ချီးမြှင့်ရာတွင်လည်း စာပေပညာရှင်ကြီးများကို အလေးအမြတ်ထားသည့်အနေဖြင့် တစ်နှစ်ထက် တစ်နှစ်အရေအတွက်တိုးပြီး ချီးမြှင့်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ စတင်ခဲ့သည့် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တစ်နှစ်လျှင်(၁)ဦးသာ ချီးမြှင့်ပြီးနောက်ပိုင်းတွင် တစ်နှစ်ကို (၂) ဦး၊ (၃) ဦး ရွေးချယ်ချီးမြှင့်ခဲ့ကြောင်း၊ မိမိတို့တာဝန်ယူခဲ့သည့်ကာလတွင် တစ်နှစ်လျှင် (၄) ဦးအထိ ဂုဏ်ပြုချီးမြှင့်ခဲ့ ကြောင်း၊ ယခုနှစ်တွင်လည်း စာပေပညာရှင်ကြီး (၆) ဦးအထိ ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

ယခုနှစ်အတွက် အမျိုးသားစာပေဆုများ ရွေးချယ်ရာတွင် ၂၀၂၃ ခုနှစ်အတွင်း ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့သည့် စာအုပ်ပေါင်း ၁၀၅၀ အတွင်းမှ အမျိုးသားစာပေဆုအတွက် သတ်မှတ်ထားသည့် ဘာသာရပ် ၁၉ မျိုးအနက် ဘာသာရပ် ၁၅ မျိုးကို ရွေးချယ်နိုင်ခဲ့ကြောင်း၊ စာပေဗိမာန်စာမူဆုတွင် ပြိုင်ပွဲဝင် စာမူ ၂၈၄ စောင်အတွင်းမှ ဘာသာရပ် ၁၃ မျိုးအနက် ဆုချီးမြှင့်ရန်ထိုက်တန်သည့် စာမူပေါင်း ၃၀ ကို ရွေးချယ်ခဲ့ပြီး ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။

နစက ဥက္ကဋ္ဌနှင့် ဇနီးတို့သည် တစ်သက်တာဆုရရှိကြသည့် စာပေပညာရှင်ဆရာကြီး ဒေါက်တာ မင်းတင်မွန်(ပါရဂူမင်းနန္ဒာ)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာ တိုးလှ၊ စာပေပညာရှင်ဆရာကြီး ဦးညွန့်ဆွေ(မောင်ဆွေသက်)၊ စာပေပညာရှင် ဆရာကြီး ဦးသန်းဆွေ (မောင်သန်းဆွေ-ထားဝယ်)၊ စာပေပညာရှင်ဆရာကြီး ဒေါက်တာကျော်ဝင်း(သမိုင်းပါမောက္ခ-ငြိမ်း)နှင့် စာပေပညာရှင်ဆရာကြီး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)တို့ကို ဆုတံဆိပ်များ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် အမှတ်တရ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။

#centralnewsnaypyitaw

imageimage
+7

တာချီလိတ်မြို့အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်နှင့် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများအဖြစ် အယောင်ဆောင်ပြီး နေအိမ်များအတွင်း ဝင်ရောက်ကာ ဖုန်းနှင့်ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့သူ တရားခံ ၈ ဦးအား ဖမ်းမိ

ဒီဇင်ဘာ ၂

တာချီလိတ်မြို့ပေါ် ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်း ဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့သူ အမျိုးသား ၈ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဒီဇင်ဘာ ၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မြို့ ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ နေအိမ်များအတွင်း ဝင်ရောက်၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူမှုများ ဖြစ်ပွားနေကြောင်း ဒုစရိုက်မှုကို မလိုလားသူ တာဝန်သိပြည်သူများ၏ သတင်းပေးပို့ တိုင်တန်းချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းတွင် တာချီလိတ်မြို့ပေါ် ရပ်ကွက်များရှိ နေအိမ်အချို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်၍ ဖုန်းနှင့် ငွေကြေးများ ခြောက်လှန့်တောင်းယူခဲ့ကြသူများဖြစ်ကြသည့် တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်နေ ဇော်ဖြိုးလွင်(ခ)တာလေ ၂၈ နှစ်နှင့် သီဟ ၄၄ နှစ်၊ မကာဟိုခမ်းရပ်ကွက်နေ မိုးနှင်းလျှံ(ခ)ဘဦး ၃၀ နှစ်နှင့် မျိုးဦး(ခ)ဝေယံ ၃၁ နှစ်၊ ရန်အောင်မြေရပ်ကွက်နေ သိန်းထိုက်အောင်(ခ)အရှည်ကြီး ၂၇ နှစ်နှင့် ဝင်းသက်အောင်(ခ)ဝင်းမင်းသန့် ၃၄ နှစ်၊ မယ်ခေါင်ရပ်ကွက်နေ ခင်မောင်ထိုက်(ခ)ကုလား ၂၅ နှစ်၊ ဝမ်ကောင်းရပ်ကွက်နေ မျိုးမင်းထက် ၂၈ နှစ်တို့ ၈ ဦးတို့အား ၎င်းတို့၏နေအိမ်အသီးသီး၌ ခြောက်လှန့်တောင်းယူမှုများ ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် Alphard အမျိုးအစား အဖြူရောင်မော်တော်ယာဉ် ၁ စီး၊ M16 ပုံစံတူ (Air Gun) ၁ လက်၊ ပစ္စတိုသေနတ်အတို (Air Gun) ၁ လက်၊ ပြောက်ကျားဦးထုပ် ၁ လုံး၊ ပြောက်ကျားယူနီဖောင်း ၂ စုံတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံ ဇော်ဖြိုးလွင်(ခ)တာလေပါ ၈ ဦးတို့အား စစ်ဆေးပေါ်ပေါက်ချက်များအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ အယောင်ဆောင်ကာ ပျောက်ကျားယူနီဖောင်းများ ဝတ်ဆင်ပြီး M16 ပုံစံတူ (AirGun) ၁ လက်၊ ပစ္စတိုသေနတ်(AirGun) ၁ လက်နှင့် ဝင်းသက်အောင်ပိုင်ဆိုင်သည့် Alphard အဖြူရောင်မော်တော်ယာဉ်တို့အား အသုံးပြု၍ လုံခြုံရေးအရ ဧည့်စာရင်းစစ်ဆေးမည်ဖြစ်ကြောင်း အကြောင်းပြကာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ အငှားနေအိမ် လိုင်းခန်းတစ်ခုမှ ဖုန်းမျိုးစုံ ၂ လုံးနှင့် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ခန့်အား လည်းကောင်း ခြောက်လှန့်တောင်းယူခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလအတွင်း တာချီလိတ်မြို့ ၊ ရန်အောင်မြေရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဖုန်းမျိုးစုံ ၆ လုံးနှင့် ထိုင်းဘတ်ငွေ ၂၀,၀၀၀ ခန့်အားလည်းကောင်း၊ တာချီလိတ်မြို့ ၊ ဆေးခမ်းရပ်ကွက်အတွင်းရှိ နေအိမ် တစ်အိမ်မှ ဖုန်းမျိုးစုံ ၇ လုံးနှင့် ထိုင်းဘတ်ငွေ ၁၄၀၀၀ ခန့်အားလည်းကောင်း၊ တာချီလိတ်မြို့ ၊ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ တရားခံ ဖုန်းမျိုးစုံ ၅ လုံးနှင့် ထိုင်းဘတ်ငွေ ၇,၀၀၀ ခန့်အားလည်းကောင်း၊ နိုဝင်ဘာလအတွင်း တာချီလိတ်မြို့၊ ဝိန်းကျောက် ရပ်ကွက်အတွင်းရှိ နေအိမ်တစ်အိမ်မှ ဖုန်းမျိုးစုံ ၄ လုံးနှင့် ထိုင်းဘတ်ငွေ ၁၂,၀၀၀ ခန့်အား လည်းကောင်း နေအိမ်အတွင်းသို့ ဝင်ရောက်ကာ ခြောက်လှန့် တောင်းယူခဲ့ပြီး နေအိမ်ရှိသူများထံမှ ဖုန်းမျိုးစုံ ၂၄ လုံးနှင့် ထိုင်းဘတ်ငွေ ၇၃,၀၀၀ တို့အား ငါးကြိမ်တိတိ ခြောက်လှန့်တောင်းယူခဲ့ကြကြောင်း ဖော်ထုတ်သိရှိရသည်။

တရားခံများ ခြောက်လှန့်တောင်းယူရရှိခဲ့သည့် လက်ကိုင်ဖုန်းများနှင့် ငွေကြေးများအား သိမ်းဆည်းရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိပြီး နေအိမ်အတွင်းသို့ ဝင်ရောက်၍ ဖုန်းနှင့် ငွေကြေးများအား ခြောက်လှန့်တောင်းယူခဲ့ကြသူ ဖမ်းဆီးရမိတရားခံ ဇော်ဖြိုးလွင်(ခ)တာလေပါ ၈ ဦးအား သက်ဆိုင်ရာရဲစခန်းများ၌ ပြစ်မှုတစ်ခုချင်းစီအလိုက် အမှုများ အသီးသီးရေးဖွင့် ဆောင်ရွက်ထားရှိပြီး ထွက်ပြေးတိမ်းရှောင်နေသော တရားခံမဲကြီးအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage
Khine Su Zin မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

Completion certificate လည်းရ၊ Computer Excel Skills ပိုင်းကို အခြေခံကနေ ကျွမ်းကျွမ်းကျင်ကျင်နဲ့ အသုံးပြုနိုင်ရန် နှင့် Business Analytics Level အထိသွားချင်ရင် ဒီအခဲမဲ့ Excel free course များကို တက်ကြည့်ပါ။
• Introduction To MS Excel
Lesson: 7 hours
Link: https://www.simplilearn.com/le....arn-ms-excel-free-tr
• Data Analyst 101: Excel Formulas & Functions
Lesson: 2 hours
Link: https://www.simplilearn.com/fr....ee-excel-formulas-fu
• LOOKUP Function in Excel
Lesson: 1 hours
Link: https://www.simplilearn.com/fr....ee-vlookup-course-sk
• Introduction to Power Query In Excel Basics Course
Lesson: 3 hours
Link: https://www.simplilearn.com/fr....ee-power-query-excel
• Introduction to Data Visualization
Lesson: 9 hours
Link: https://www.simplilearn.com/fr....ee-data-visualizatio
• Excel Dashboard for Beginners
Lesson: 2 hours
Link: https://www.simplilearn.com/in....troduction-to-excel.
• Excel Automation using ChatGPT: Become an Excel expert with ChatGPT
Lesson: 2 hours
Link: https://www.simplilearn.com/fr....ee-chatgpt-whatsapp.
• Business Analytics: Excel Macros & VBA for Beginners
Lesson: 2 hours
Link: https://www.simplilearn.com/fr....ee-excel-macros-vba-
• Business Intelligence using Excel Basics Tutorials
Lesson: 4 hours
Link: https://www.simplilearn.com/fr....ee-business-intellig
• Business Analytics with Excel
Lesson: 4 hours
Link: https://www.simplilearn.com/le....arn-business-analyti
#crd

image

Completion certificate လည်းရ၊ Computer Excel Skills ပိုင်းကို အခြေခံကနေ ကျွမ်းကျွမ်းကျင်ကျင်နဲ့ အသုံးပြုနိုင်ရန် နှင့် Business Analytics Level အထိသွားချင်ရင် ဒီအခဲမဲ့ Excel free course များကို တက်ကြည့်ပါ။
• Introduction To MS Excel
Lesson: 7 hours
Link: https://www.simplilearn.com/le....arn-ms-excel-free-tr
• Data Analyst 101: Excel Formulas & Functions
Lesson: 2 hours
Link: https://www.simplilearn.com/fr....ee-excel-formulas-fu
• LOOKUP Function in Excel
Lesson: 1 hours
Link: https://www.simplilearn.com/fr....ee-vlookup-course-sk
• Introduction to Power Query In Excel Basics Course
Lesson: 3 hours
Link: https://www.simplilearn.com/fr....ee-power-query-excel
• Introduction to Data Visualization
Lesson: 9 hours
Link: https://www.simplilearn.com/fr....ee-data-visualizatio
• Excel Dashboard for Beginners
Lesson: 2 hours
Link: https://www.simplilearn.com/in....troduction-to-excel.
• Excel Automation using ChatGPT: Become an Excel expert with ChatGPT
Lesson: 2 hours
Link: https://www.simplilearn.com/fr....ee-chatgpt-whatsapp.
• Business Analytics: Excel Macros & VBA for Beginners
Lesson: 2 hours
Link: https://www.simplilearn.com/fr....ee-excel-macros-vba-
• Business Intelligence using Excel Basics Tutorials
Lesson: 4 hours
Link: https://www.simplilearn.com/fr....ee-business-intellig
• Business Analytics with Excel
Lesson: 4 hours
Link: https://www.simplilearn.com/le....arn-business-analyti
#crd

image
1 နှစ် - ဘာသာပြန်ပါ။

ဆောင်းရာသီမှာ ခရီးသွားကြတဲ့အခါ ရေမချိုးဖြစ်ခဲ့ရင်တောင်အနံ့မနံစေဖို့
ခရီးတွေသွားရင် လူကြားထဲမှာ အနံ့အသက်ဆိုးတွေကင်းပြီး မိမိကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိနေအောင်
Daily Need ရဲ့ Feminine Wash ကိုသာ သတိရလိုက်ပါ 💁
အဖြူဆင်း သက်သာ အနံ့ဆိုးကင်းပြီး မိန်းမကိုယ်လေးသန့် သက်တောင့်သက်သာရှိစေဖို့ Daily Need ရဲ့ Feminine Wash လေးကို နေ့တိုင်းပုံမှန်သုံးပေးဖို့ မမေ့နဲ့နော်။
Thai FDA နဲ့ အခြားနိုင်ငံတကာ အသိအမှတ်ပြု Certificate များရရှိထားပြီး သာမန်ဆပ်ပြာတွေထက်လည်း PH Level မြင့်မားလို့ မိန်းမကိုယ်ခြောက်သွေ့ယားယံခြင်းတွေမှလည်း ကင်းဝေးစေပါတယ်။
ပိုကျန်းမာ ပိုပျော်ရမှာ
Daily Need Feminine Wash ပါ ✨

#dailyneed #femininewash #phlevel

image

သူငယ်ချင်း မောင်သာနိုး(သို့)ကျောင်းသားခေါင်းဆောင်စာရေးဆရာ၊ ကဗျာဆရာ
ကိုသာနိုးက စစ်ကိုင်းမြို့ ဇာတိပါ။ အံ့စရာကောင်းတာက သူဟာ စာပေနဲ့ ပါဠိစာပေတွေကို ဦးစွာတတ်မြောက်ခဲ့တာပါ။ မြန်မာစာကိုတော့ နောက် ဆုံးမှ တတ်တာပါ။ သူ့အဘိုးက ကင်းဝန်မင်းကြီး၊ ရေနံချောင်းမင်းကြီးတို ့နဲ ့အတူ နိုင်ငံ့တာဝန်ကို ထမ်းရွက်ခဲ့တဲ့ တိုင်တားမင်းကြီးပါ။ ဒါကြောင့် ပါဠိစာပေကို သူ ပထမဆုံး တတ်မြောက်ရတာပါ။ သူ့ဖခင်က မြို့ အုပ်ပါ။ ဒါကြောင့် အင်္ဂလိပ်စာ ကို နောက်မှ တတ်မြောက်ရတာပါ။ ကိုသာနိုးက ၁၉၅၁ ခုနှစ်ကတည်းက မန္တလေး တက္ကသိုလ်ကျောင်းသား ဖြစ်နေခဲ့ပါပြီ။ စာအလွန်တော်တယ်လို့လည်း ကျော်ကြား ပါတယ်။ ဥပစာ(က)တန်းမှာ သိပ္ပံတွဲနဲ့ အောင်တော့လည်း ဥပစာ(ခ)တန်းကို မတက်ဘဲ ဝိဇ္ဇာ(က)တန်းက ပြန်ပြီး စပြန်ပါတယ်။ ဥပစာ ဝိဇ္ဇာ(က)တန်း အောင်ပြီး တော့လည်း ဥပစာ ဝိဇ္ဇာ(ခ)တန်းကို မတက်ဘဲ ဥပစာ သိပ္ပံ(ခ)တန်းကို တက်ပြန် ပါတယ်။ တက္ကသိုလ်ကျောင်းသားအဖြစ် အချိန်အကြာကြီးနေလို့ရအောင် ဆောင်ရွက်တဲ့သဘောပါပဲ။ ဒါမှလည်း ကျောင်းသားထုကို တရားဝင်ခေါင်းဆောင် နိုင်မှာမို့ပါ။
မယုံနိုင်လောက်အောင် ထူးခြားတဲ့ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ပါတယ်။ အဲဒါက တော့ ဝိဇ္ဇာ(ခ)တန်းရဲ့ အင်္ဂလိပ်စာပေဘာသာရပ်ကို ကိုသာနိုးက သမဂ္ဂအဆောက် အအုံထဲမှာပဲ သင်ကြားပို့ချပေးပါတယ်။ လိုအပ်သေးရင် ဥပစာတန်းများကိုလည်း အင်္ဂလိပ်စာ သင်ကြားပို့ချပေးပါတယ်။ သူရောက်နေတဲ့အတန်းထက် ပိုပြီးတော့အတန်းကြီးတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို သင်ပေးတာပါ။ တက်ရောက်သူ များကလည်း ခန်းလုံးပြည့်ပါပဲ။ အင်္ဂလိပ်စာပါမောက္ခကိုယ်တိုင်ကလည်း ကိုသာနိုး အင်္ဂလိပ်စာသင်တာကို ကြားလိုက်ရတဲ့အခါ အလွန်အံ့သြလှစွာနဲ့ ချီးကျူးခဲ့ပါတယ်။
ကိုသာနိုး ဘီအေဘွဲ့ကိုယူတာ ၁၉၆၂ ခုနှစ်ပါ။ ကျွန်တော့်ထက် ၆ နှစ်စောပြီး တက္ကသိုလ်ကိုရောက်ပေမဲ့ ဘွဲ့ ယူတော့ ကျွန်တော်နဲ ့ အတူတူပါ။ သူ့ခုံနံပါတ်က (၃၁၅)၊ ကျွန်တော့်ခုံနံပါတ်က (၃၁၆)ပါ။
#ဆက်ရန်ရှိ

1 နှစ် - ဘာသာပြန်ပါ။

~~ အမှတ်တရ ~~~ { ၁ }
#ဂျူး
"အို ..... တစ်ယောက်တည်းလား" ဟုသာ သူမ နှုတ်ဆက်တတ်ဟန် ရှိသည်။ ကံကောင်းထောက်မစွာ အန်တီ၏အိမ်သည် ကျွန်မတို့ အိမ်ကလေး၏ တစ်ဘက်မှာ ရှိနေ၍ ကျွန်မ ခဏတော့ ရှောင်နေလို့ရသည်။
ကြည့်စမ်းပါဦး နှင်းဆီပင်များ အတော်ရှည်ထွက် ကိုင်းလျက်ရှိပြီ တစ်ပင် ၊ နှစ်ပင် ၊ သုံးပင် ၊ အို .... ဟိုဘက်က နှစ်ပင်က မိုးစက်များအောက်တွင် ခြောက်သွေ့လျက်ရှိသည်။
အင်းလေ .... ကျွန်မလက်နှင့် မထိရတာ ဘယ်လောက်ကြာပြီလဲ ။ တစ်နှစ် နီးပါးရှိရော့မည်။ ဒီလောက် ရှင်သန်နေသည်မှာ ပင်လျှင် အန်တီ၏ ကျေးဇူးပါပဲ။ သစ်သား လှေကားသုံးထစ်ကို တက်ပြီးသောအခါ ပျဉ်ခင်းကြမ်းပြင်ပေါ် ရောက်ရောက်ချင်းမိုးစက်မှ လွတ်သွား၏။ တံစက်မြိတ်မှ ရေတို့ စီးကျနေသည်။
"ကြည့်စမ်း မိုးရွာထဲမှာ
ဘယ်တော့မဆို ထီးမဆောင်းဘူး ။
အမြဲစိုရွှဲလို့ ၊ မြန်မြန်ဝင်စမ်းပါ"
ကျွန်မကြားနေကျ စကားသံတစ်ခုဖြင့် ကျွန်မကို ကြိုဆိုမည့်သူ မရှိပါ။
သော့ပိတ်ထားသော တံခါးဘေးတွင် ကျွန်မနာမည် ဆိုင်းဘုတ်ပြား တစ်ခုသာ ရှိတော့သည်။
မိုးသက်လေဖြင့် အနည်းငယ် ချမ်းစိမ့်စိမ့်ဖြစ်သွား၍ လက်ပွေ့အိတ်ထဲမှ သော့ကို ကပျာကသီ ထုတ်ယူလိုက်သည်။
ဤသော့ကို ဖွင့်မည့်သူဟူ၍ ကျွန်မ တစ်ဦးတည်းသာ ရှိတော့သည်။
အိမ်ထဲသို့ ဝင်လိုက်သောအခါ ထုံးစံအတိုင်း သစ်တော်သီးနံ့က သင်းမွှေးလျက် ရှိသည်။ မောင့်နည်းတူ ကျွန်မလည်း အံ့သြရလောက်အောင် ဤအိမ်ကလေးသည် သစ်တော်သီးနံ့ အမြဲသင်းမွှေး နေလေသည်။
မှောင်ပိတ်သော ဧည့်ခန်းကိုစမ်းတဝါးဝါး ဖြစ်မနေဘဲ နေသားတကျ ကျွန်မ လျှောက်သွားနိုင်၏။
ကျွန်မတို့ ဧည့်ခန်းမှာ စားပွဲကုလားထိုင် မရှိပါ။ ဟောသည်ဘက်မှာ သောက်ရေအိုးစင် ၊ သည်ဘက်က ထောင်ထားသော သင်ဖြူးဖျာလိပ်နှစ်ခု ၊ ကျွန်မမှတ်မိနေသည်။ နံရံတစ်ဘက်သို့ လျှောက်သွားပြီး မီးခလုတ်ကို ဆွဲချလိုက်သည်။
လင်းလက်သွားသော ဖန်မီးချောင်း မီးရောင်အောက်တွင် နံရံကပ်ကြည့်မှန်ထဲ၌ စိုကပ်နေသော ဆံပင်များနှင့် မျှော်လင့်ချက် ကင်းမဲ့နေသော မျက်နှာတစ်ခု ကို ရုတ်ခြည်းတွေ့ရသည်။ လက်ဆွဲသေတ္တာကို ကြမ်းပြင်ပေါ်သို့ အသာအယာ ချလိုက်ပြီး အိမ်၏ ဧည့်ခန်းတစ်လျှောက် ဟိုသည် စူးစမ်းကြည့်သည်။
ကျွန်မ မရှိသည့်အချိန်အတွင်း တစ်စုံတစ်ယောက် လာနေသွားသည့် အသွင်အပြင် မရှိပါ။ ယခင်တစ်ခေါက် ကျွန်မအပြန်တုန်းက မေ့လျော့ထားခဲ့သည့် သနပ်ခါး ၊ ပျိုးပင်ပေါက်ကလေး နှစ်ပင်မှာ ပန်းအိုးငယ် ကလေးများထဲတွင် အရွက်တို့ပင် မရှိတော့ဘဲ လိမ်ခြောက်သော အကိုင်းကလေးများသာ ကျန်တော့သည်။
သည်အိမ်ကို မောင် မရောက်လာတာ သေချာသွားပြီ။ မဟုတ်သေးပါဘူးလေ။ သည်အပင်ကလေးတွေ သည်နေရာမှာရှိနေရုံဖြင့် မောင်မလာဟု မပြောနိုင်ပါ။
#ဆက်ရန်ရှိ

image
1 နှစ် - ဘာသာပြန်ပါ။

ဒီဇင်ဘာ ၂ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#centralnewsnaypyitaw

image

ဒီဇင်ဘာ ၂ ရက်နေ့ စက်သုံးဆီစျေးနှုန်းများ

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

Fan တွေကသာ တည့်တာ သူတို့ကတော့ သတ်နေကြတာပဲ🙃🌻

image