16 ပတ် - ဘာသာပြန်ပါ။

ရှမ်းပြည်နယ်တွင် ငလျင်ငယ်လှုပ်ခတ်မှုများရက်ဆက်နီးပါးဖြစ်ပေါ်နေ

ရှမ်းပြည်နယ်အတွင်း၌ ငလျင်ငယ်လှုပ်ခတ်မှုများ ရပ်ဆက်နီးပါးဖြစ်ပေါ်နေကာ ယနေ့ ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းကလည်း ကျိုင်းတုံမြို့နှင့်တာချီလိတ်မြို့တို့ကိုဗဟိုပြု၍ ငလျင်ငယ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသမြန်မာ(ရန်ကုန်ဌာနခွဲ)ထံမှ သိရသည်။

ကျိုင်းတုံမြို့၏ တောင်-အနောက်တောင်ဘက် (၃၁)မိုင်ခန့်အကွာ၊ တာချီလိတ်မြို့၏ အနောက် မြောက်ဘက် မိုင်(၄၀)ခန့်အကွာ၊ မြောက်လတ္တီ တွဒ်(၂၀ ဒသမ ၈၆)ဒီဂရီ၊ အရှေ့လောင်ဂီတွဒ်(၉၉ ဒသမ ၄၅)ဒီဂရီ၊ အနက်(၁၃)ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ချ်တာစကေး(၂ ဒသမ ၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်ငယ်သည် ယနေ့ ဇန်နဝါရီ ၁၀ ရက်နံနက် ၁ နာရီ ၂၃ မိနစ် ၁၃ စက္ကန့်ခန့်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ မိုးလေဝသမြန်မာ၊ မြန်မာနိုင်ငံကိုယ်စားပြုဌာန၊ မြေငလျင်တိုင်းထွာရေးဌာနခွဲက တိုင်းထွာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

image