50 w - Translate

နောက်ထပ် ၅ နှစ်အမေ့အိမ်မှာကပ်စားဖို့ စာချုပ်ချုပ်လိုက်ပါပြီ

image
50 w - Translate

Nails 💅

image
50 w - Translate

Nails 💅

image
50 w - Translate

Nails 💅

image
50 w - Translate

Nails 💅

image
50 w - Translate

Nails 💅

image
50 w - Translate

Nails 💅

image
image
image
image
image
50 w - Translate

မနီလာ ဆင်းရဲသားရပ်ကွက်တွင် မီးအကြီးအကျယ်လောင်

ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာအနီးဝန်းကျင်တွင်ရှိသည့် ဆင်းရဲသားရပ်ကွက်တစ်ခုတွင် နိုဝင်ဘာ ၂၄ ရက်က မီးအကြီးအကျယ်လောင်ကျွမ်းမှုဖြစ်ခဲ့သောကြောင့် လိမ္မော်ရောင် မီးတောက်မီးလျှံများနှင့် အမည်းရောင် မီးခိုးလုံးများ ကောင်းကင်သို့ ထိုးတက်ခဲ့သည်။

နေအိမ်တစ်လုံး၏ ဒုတိယထပ်မှ စတင်ခဲ့သော မီးလောင်ကျွမ်းမှုတွင်နေအိမ်ပေါင်း ၁,၀၀၀ ခန့် မီးလောင်ခဲ့သည်ဟု မနီလာခရိုင်မီးသတ်ရုံးက ပြောဆိုခဲ့သည်။

မနီလာမြို့ Isla Putting Bato ခရိုင်ရှိ နေအိမ်များ မြေပြင်သို့ ပြားပြားဝပ်ပြိုလဲပျက်စီးသွားခဲ့သည်ကို မြို့တော် သဘာဝဘေးအေဂျင်စီက အွန်လိုင်းပေါ်တင်ခဲ့သော ဒရုန်းမှရိုက်ယူခဲ့သည့် ဗီဒီယိုဖိုင်တွင် တွေ့ရသည်။ မိသားစုပေါင်း ၂,၀၀၀ ခန့်စုဝေးနေထိုင်ကြသည့် ရပ်ကွက်တစ်ခုဖြစ်သည်ဟု မီးသတ်ဌာနက ပြောဆိုသည်။

ရှိသမျှပစ္စည်းအားလုံးပါသွားသော်လည်း ကွယ်လွန်သူ ခင်ပွန်း၏ အရိုးပြာအိုးကိုမူ ယူဆောင်နိုင်ခဲ့သည်ဟု အသက် ၆၅ နှစ်အရွယ် ဒေသခံ လီယွန်နီလာ အဘီယာတက်စ်က ပြောဆိုခဲ့သည်။

မီးသတ်နှင့် သဘာဝဘေးဌာနက မီးလောင်မှုဖြစ်စဉ်သို့ မီးသတ်ယာဉ် ၃၆ စင်း နှင့် မီးသတ်ရေယာဉ် လေးစင်း စေလွှတ်ခဲ့သကဲ့သို့ နိုင်ငံ၏ လေတပ်ကလည်း ရဟတ်ယာဉ် နှစ်စင်းစေလွှတ်ကာ မီးငြိမ်းသတ်ရာတွင် ကူညီခဲ့သည်။

အခင်းဖြစ်ပွားရာ ဧရိယာရှိ နေအိမ်အများစုသည် မီးလောင်လွယ်သော ပစ္စည်းများကို အသုံးပြု ၍တည်ဆောက်ထားသောကြောင့် မီးဘေးသင့်ဧရိယာတစ်ခုဖြစ်သည်ဟု မီးသတ်သမားတစ်ဦးက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

image
50 w - Translate

ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်ဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည် ထောင်စုတစ်ဝန်းအေးချမ်းသာယာရေးနှင့် တ ရားဥပ‌ဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောသည်။

၎င်းမှ ယနေ့ နိုဝင်ဘာ ၂၅ ရက်တွင်ကျရောက်သည့် ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ၌ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးကြား ပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခမှုများကိုလျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်သည်ဟု ပြောသည်။

" ယုံကြည်မှုအပေါ် အခြေခံတဲ့ဆက်ဆံရေးဟာ စိန်ခေါ်မှုများစွာကို အတူတကွဖြေရှင်းနိုင်ပြီး အဆုံးမှာ ပိုမိုသဟဇာတရှိပြီး အတူတကွယှဉ်တွဲနေထိုင်ရေးကို ဦးတည်စေကာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ထွန်းစေပါတယ်။ နိုင် ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်ဖြေရှင်းနေမယ်ဆိုရင် လွတ် လပ်သော်လည်း မငြိမ်းချမ်းတဲ့အခြေအနေကိုသာပေါ်ပေါက်စေမှာဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့အတွက်လည်း အန္တ ရာယ်ဖြစ်စေမည်ကိုသတိထားကြရန် လိုအပ်မည်ဟု ပြောသည်။

နစက သည် ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံ ရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေး နွေးချက်များမှရရှိလာသည့် သဘောထားမှတ် ချက်များကို နောင်လာမည့်လွှတ်တော်အစည်း အဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ် တမ်းတင်ဆောင်ရွက်နိုင်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကာ ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဟု ပြောသည်။

" အခုအချိန်ဟာ တိုင်းရင်းသားညီအစ်ကိုမောင် နှမတွေအချင်းချင်းယုံမှားသံသယကင်းရှင်းပြီး မလိုလားအပ်တဲ့ အယူဝါဒတွေပယ်ဖျောက် တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်လေးစားချစ် ခင်မှုတွေနဲ့ပါဝင်လက်တွဲပြီး ထာဝရငြိမ်းချမ်းရေးတည်ဆောက်ကြရမယ့် အချိန်အခါဖြစ်ပါတယ်"ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ကြောင့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပေးအပ်ထားသည့် အခွင့်အရေးများကိုအသုံးချ ၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စည်းလုံးညီညွတ်စွာဖြင့် အ ကောင်အထည်ဖော်ကြရန် နစက ဥက္ကဋ္ဌက တိုက် တွန်းပြောကြားခဲ့သည်။

image
50 w - Translate

BREAKING ♦️

လက်စတာအသင်းသည် သူတို့အသင်းနည်းပြ စတိကူးပါး နဲ့ လမ်းခွဲဖို့ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

image