2 yrs - Translate

Lockout (2012) #လုံးဝကြမ်းစားအက်ရှင်ဇာတ်ကား
Imdb rating 6.1 ရထားတဲ့ရုပ်ရှင်ကားပါ။

ခေတ်မှီဆန်းပြားတဲ့ အမေရိကန်တို့ရဲ့တီထွင်ဖန်တီးမှုနဲ့ အာကာသပေါ်က ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာ အကျဉ်းထောင်တစ်ခုကို တည်ဆောက်ထားပါတယ်။ ဒီအကျဉ်းထောင်ထဲမှာ နိုင်ငံတစ်ကာက ဆိုးပေ့ဆိုတဲ့ လူသတ်ကောင်နဲ့ မုဒိမ်းကောင်တွေကို အိပ်ပျော်စေ အောင်ပြုလုပ်ပြီး ထိန်းသိမ်းထားပါတယ်။

အဲဒီထောင်ကို အမေရိကန်သမ္မတရဲ့သမီးက လူသားခြင်းစာနာထောက်ထားမှုအစီအစဉ်အရ လာပြီး အကျဉ်းသားတွေကို အင်တာဗျူးပါတယ်။ အဲဒီမှာ အကျဉ်းသားတွေ လွတ်ထွက်လာကြပြီး ထောင်ကြီးကို အပိုင်စီးလိုက်ကြ ပါတယ်။

မင်းသားကတော့ စီအိုင်အေအေးဂျင့်တစ်ယောက်ပါ။ နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုတစ်ခုမှာ ပါဝင်ပတ်သက်ခဲ့တယ်လို့ သံသယအဝင်ခံနေရပြီး အစစ်ဆေးခံနေရသူပေါ့။

သူအဖမ်းမခံရခင် လျှို့ဝှက်ချက်ကို လက်လွှဲပေးခဲ့တဲ့သူက အဲဒီထောင်ကြီးထဲကိုရောက်နေတာကြောင့် သမ္မတသမီးကို တစ်ဦးတည်းသွားကယ်ဖို့တာဝန်ကို ယူလိုက်ပါတယ်၊ဘာတွေဆက်ဖြစ်လာမလဲဆိုတာဇာတ်ကြားလေးကိုဆက်ကြည့်လိုက်ပါနော်...။
#movie

image

နူးညံ့ ဆိမ့်မွှေး Cheese ပူတင်းလေး

ဒီတစ်ခေါက်တော့ စာရှုသူတို့ကို Op တင်ပြပေးမှာကတော့ လူကြီး၊ကလေး အရွယ်မရွေး နှစ်သက်ကြတဲ့ Cheese ပူတင်း လုပ်နည်းလေးပါခင်ဗျ။ အရသာ ချိုအီဆိမ့် လေးကိုမှ အရမ်းနူးညံ့လှတဲ့ ဒီ Cheese ပူတင်း လေးကို မကြိုက်တဲ့သူ မရှိသလောက်ပါပဲ။ လုပ်ရတာလည်း လွယ်ကူသလို အိမ်မှာရှိပြီးသား အရာတွေနဲ့တင် လုပ်လို့ရတာမို့ ဒီCheese ပူတင်းလုပ်နည်းလေးကို တင်ပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ကြက်ဥ (၁၀) လုံး၊ နို့စိမ်း တစ်ဘူး၊ နို့ဘူးသေး တစ်ဘူး၊ Cheese တစ်ဘူး ( သုံးမြှောင့်လေးတွေ ရှစ်ခုပါတဲ့ဟာ..နွားခေါင်း cheese လည်းရတယ် ) ၊ သကြား (သကြားကတော့ အိမ်မှာရှိလို့ မဝယ်လိုက်တော့ဘူး)။
အနှစ်အကာ အရင်ခွဲပါ
ဟုတ်ကဲ့...ကြက်ဥ ၁၀ လုံးစလုံးကို ခွဲပြီးတာနဲ့ အနှစ် နဲ့ အကာ သတ်သတ်ခွဲလိုက်ပါခင်ဗျ။ အဲဒီလို ခွဲပြီး တစ်ဇလုံစီ ခလောက်မှ ပူတင်းသားပိုကောင်းမှာမို့ပါ။
မွှေမယ် - ခလောက်မယ်
အရင်ဆုံး ကြက်ဥ အကာတွေကို ဘာမှမထည့်ပဲ ကြက်ဥခေါက်တံနဲ့ ခေါက်ရမှာပါ။ တော်တော်ကြီးတော့ ခေါက်ရမယ်ဗျ။ ၁၅ မိနစ် - မိနစ် ၂၀ လောက်တော့ ခေါက်ပေရော့ပဲ။ခေါက်ရင်းနဲ့ ကြက်ဥ အကာတွေ အရင်ပွတက်လာပါလိမ့်မယ်။ ပွတက်လာတဲ့ အမြှုပ်တွေ ကို cream ပုံစံမျိုးဖြစ်တဲ့အထိ ခေါက်ရမှာပါ။
ပြီးရင်တော့ ကြက်ဥ အနှစ်တွေထဲ့ထားတဲ့ ဇလုံထဲကို နို့စိမ်း တစ်ဘူးလုံး ဖောက်ပြီး ထည့်ပါ။ နွားနို့ လက်ဘက်ရည်ခွက် တစ်ခွက် ထည့်ပါ။ သကြားကို ဟင်းခတ်ဇွန်း နဲ့ ၆ ဇွန်းထည့်ပါ (အချိုကြိုက်ရင် ၈ ဇွန်းထည့်ပါ)။ Cheese ၅ တုံးထည့်ပါ။ ထည့်ပြီးသွားပြီ ဆိုရင်တော့ အားလုံး သမအောင် မွှေပေရော့။ သကြားတွေ၊ cheese တွေ ကြေသွားတဲ့အထိဆိုပါတော့။
ပြီးသွားရင်တော့ မွှေထားတဲ့ ကြက်ဥနှစ် ဇလုံထဲက အရည်တွေကို ကြက်ဥ အကာခေါက်ထားတဲ့ ဇလုံထဲ ဖြေးညှင်းစွာ လောင်းပြီးရောလိုက်ပါ။ ကဲ...နောက်ဆုံးအနေနဲ့ ကြက်ဥ အကာတွေနဲ့ အနှစ်တွေကို တစ်သားထဲဖြစ်သွားအောင် မွှေလိုက်ပါဦး။ သမအောင် မွှေပြီးသွားပြီဆိုရင် အရည်ပစ်ပစ်ကလေး ဖြစ်လာလိမ့်မယ်။
သကြား ကျိုမယ်
ဒါကတော့ ပူတင်းရဲ့ မျက်နှာပြင်သားလေး ချိုအောင် နဲ့ လှအောင် လုပ်ရတာပါ။ ကိုယ်ပူတင်းဖုတ်မယ့် အိုးထဲကို သကြား လေး ဇွန်းလောက်ထည့်ပြီး မီးဖိုပေါ်တင် အပူပေးပါ။ သကြားတွေ အရည်ပျော်လာပြီး အညိုရောင်သမ်းလာပြီဆိုရင် မီးဖိုပေါ်ကချပြီး ခဏလောက် အအေးခံပါ။ ၃ မိနစ်လောက်ပေါ့။ သကြားက အိုးအနှံ့ရောက် နေမှရမှာ။
နူးညံ့ ဆိမ့်မွှေး Cheese ပူတင်းလေး
ပူတင်းဖုတ်ပြီ...ဖုတ်တယ်သာ ပြောတာပါ ...တစ်ကယ်တော့ ပေါင်းရတာကလား။ ခုနက သကြားကျိုထားတဲ့ အိုးထဲကို ကြက်ဥရည်တွေ ဖြေးညှင်းစွာလောင်းထည့်လိုက်ပါ။အဖုံးအုပ်ဖို့မမေ့ပါနဲ့။ ပြီးရင် ရေငွေ့နဲ့ ပေါင်းရတဲ့ ပေါင်းအိုးထဲကို ပူတင်းဖုတ်မယ့်အိုး ကို ထည့်ပြီး မီးပြင်းပြင်း နဲ့သာ ပေါင်းပေတော့။ မိနစ် ၄၀ လောက်ပေါင်းပြီးသွားပြီဆို အသာလေး လှပ်ကြည့်ပြီး ဓားလေးနဲ့ ထိုးကြည့်လိုက်။ ဓားမှာ ဘာမှ ကပ်ပါမလာဘူးဆို စားလို့ရပြီ။ ပြီးရင်လုပ်ရမှာက ပူတင်းအိုးကို မီးဖိုပေါ်က ချပြီးရင် ပူတင်းသား နဲ့ အိုးနှုတ်ခမ်းကပ်နေတဲ့ အိုးပတ်ပတ်လည်ကို ဒါးပါးပါးလေးနဲ့ အရင် ဖြတ်ရတယ်ဗျ။ ဒါမှ အိုးမှာ ကပ်မနေမှာကိုး။ ပြီးရင်တော့ ပန်းကန်ထဲ မှောက်ချလိုက်တော့။ အရမ်းလှပြီး အရသာရှိတဲ့ Cheese ပူတင်းလေးက သင့်ကို ပြုံးပြီးကြည့်နေတာ တွေ့ရပါလိမ့်မယ်။
ကဲ...စားချင်စရာကွာ လောက်တော့လုပ်လိုက်။
#မြိန်မြိန်

image

အဆစ်ရောင်၊အဆစ်နာ၊လက်ကပ်၊ဒူးနာခါးနာ၊ကြွက်သားတောင့်တင်းကိုက်ခဲခြင်း၊ထုံကျဉ်နာ၊နာတာရှည်လေဖြတ်ရောဂါ၊အရိုးပိုင်းဆိုင်ရာလှုပ်ရှားမှုချွတ်ယွင်းသူ၊ကိုယ်လက်ညောင်းညာကိုက်ခဲ နာကျင်သူများအတွက်
ကြပ်ထုပ်ထိုး၍ ကုသခြင်းအကြောင်း
---------------------------------------
ကြပ်ထုပ်ထိုးကုသခြင်းသည် တိုင်းရင်းဆေးပညာကုထုံးများထဲတွင် ယခုချိန်ထိ အားအထားရဆုံးရှေးဦးကုထုံးနည်းစနစ်တစ်ခုပင်ဖြစ်ပါသည်။တိုင်းရင်းဆေးပညာ ၏ အားအထားရဆုံး ကုထုံးတစ်ခု ဖြစ်နေပြီး သုတေသနပြုလုပ်ပြီးထိရောက်သော ကုထုံး တစ်ခု ဖြစ်ပါသည်။ကြပ်ထုပ်ထိုး၍ ကုသခြင်းသည် အာယုဗေဒဆေးပညာမှ ဆင်းသက်လာပြီး ပဉ္စကမ္မကုထုံးများထဲမှ
သွေဒနကမ္မခေါ် ချွေးထွက်စေရန် ဆောင်ရွက်ပုံနည်းစနစ်တစ်မျိုးပင်ဖြစ်ပါသည်။နားလည်အောင်ပြောရမည်ဆိုပါက ခန္ဓာကိုယ်အတွင်းပိတ်ဆို့နေသော အညစ်အကြေးများကို ဖယ်ရှားရန် ကြပ်ထုပ်ကို အသုံးပြုကြပါသည်။
ကြပ်ထုပ်အမျိုးအစားများစွာရှိပါသည်။ အကြမ်းဖျင်းအားဖြင့်
(၁) ဆားကြပ်ထုပ်
(၂) ထမင်းကြပ်ထုပ်
(၃) သဲပူကြပ်ထုပ်
(၄) ဆီကြပ်ထုပ်
(၅) ရေနွေးကြပ်ထုပ် စသည်ဖြင့် အမျိုးအစားများစွာရှိပါသည်။ဖော်ပြပါ ကြပ်ထုပ်များကို အပူပေး၍ ကုသခြင်းဖြစ်ပါသည်ကြပ်ထုပ်ထိုးနည်း (၆)နည်းရှိပါသည်။
(၁) ပွတ်ဆွဲ၍ ထိုးခြင်း
(၂) ဖိဆွဲ၍ ထိုးခြင်း
(၃) ဖိဖွ၍ ထိုးခြင်း
(၄) ဖိချေ၍စက်ဝုိင်းပုံထိုးခြင်း
(၅) ခရုပတ်ပုံအထပ်ထပ်ဝုိင်း၍ထိုးခြင်း
(၆) နေရာရွှေ့၍ ခွာ၍ထိုးနည်း ဟူ၍ ဖြစ်ပါသည်။
ကြပ်ထုပ်ထိုးရာတွင် အချိန်ကြာရှည်စွာ မလုပ်ရပါ။ရောဂါအခြေအနေ ရာသီဥတု အပူအအေးပေါ်မူတည်၍ ပြုလုပ်ရပါမည်။
ကြပ်ထုပ်ထိုးကုသခြင်းကိုအဆစ်ရောင်၊အဆစ်နာ၊လက်ကပ်၊ဒူးနာခါးနာ၊ကြွက်သားတောင့်တင်းကိုက်ခဲခြင်း၊ထုံကျဉ်နာ၊နာတာရှည်လေဖြတ်ရောဂါ၊အရိုးပိုင်းဆိုင်ရာလှုပ်ရှားမှုချွတ်ယွင်းသူ၊ကိုယ်လက်ညောင်းညာကိုက်ခဲ နာကျင်သူ၊များ ကိုထိုးပေးနိုင်ပါသည်။
ကြပ်ထုပ် မထိုးသင့်သောသူများလည်းရှိပါသေးသည်။
သွေးတိုးရောဂါရှိသူ၊ ဆီးချိုရောဂါအနာများရှိနေသူ၊ အဖျားရှိသူ၊ မျက်စိနာနေသူ၊ ရေအေးချိုးထားသူ၊ သွေးသွန် နေသော အမျိုးသမီးများတွင် မထိုးသင့်ပေ။အခြားဆောင်၇န်များလည်းရှိပါသေးတယ်။ကြပ်ထုပ်ထိုးရာတွင် အထိုးခံမည့် အသားအရေ၊အထူအပါး၊ အနုအကြမ်း၊ ကြပ်ထုပ်ရဲ့အပူချိန်၊ အရေပြားပေါ်ထိကပ်သည့်ကြာချိန်၊ ကြပ်ထုပ်ရဲ့အား စတာတွေကို ဆင်ခြင်ရမှာပါ။ကြပ်ထုပ်ထိုးခြင်းဖြင့် အောက်ပါအကျိုးတွေ ရစေမှာပါ။လတ်တလောနာကျင်မှုသက်သာစေခြင်း၊ရောင်တင်းမှုလျော့စေခြင်း။ကြွက်သားများတောင့်တင်းမှုပြေလျော့စေခြင်း။ကိုယ်လက်ကိုက်ခဲနာကျင်မှုသက်သာပျောက်ကင်းစေခြင်း။
စတာတွေကို ရရှိစေမှာပါ။
#ကျန်းမာရေးဗဟုသုတ

image
2 yrs - Translate

ခဏခဏ လဲရာက ပြန်ပြန်ထခဲ့ပါတယ်
အဲ့အရာကို ကျွန်တော်ရမယ်ထင်ပြီး
ယခုထိ မရခဲ့ပါဘူး။
#စာတို

2 yrs - Translate

The Boy and The Heron (2023)
ဒီရုပ်ရှင်ကတော့ ဒါရိုက်တာကြီး Hayao Miyazaki ရဲ့နောက်ဆုံးထွက် လက်ရာဖြစ်ပြီး Oscar ဆုအပါအဝင် ဆုပေါင်းများစွာရရှိထားတဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။
ဂျပန်ရဲ့ကုန်ကျစရိတ်အများဆုံးရုပ်ရှင်လည်းဖြစ်သလို အခုခေတ် Anime တွေနဲ့မတူဘဲ အရင်ခေတ်က သူတို့ရဲ့ကိုယ်ပိုင် GHIBLI စတိုင် Animation ကိုပဲအသုံးပြုထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။
အဲ့အပြင် Eng Dub အတွက်သရုပ်ဆောင်တွေမှာလည်း Christian Bale, Robert Pattinson တို့လိုတကယ့်နာမည်ကြီးတွေကိုသုံးထားတာမို့ Eng Dub ပဲကြည့်ကြည့် ဂျပန်အသံထွက်နဲ့ပဲကြည့်ကြည့်အဆင်ပြေပြေကြည့်ရှု့လို့ရမှာဖြစ်ပါတယ်။

Thaw Zin Soe changed his profile picture
2 yrs

image