Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နေကြာတွေကနေရှိရာအရပ်ကို
မူတည်ပြီးပွင့်တယ်တဲ့🥰
ညီမကလည်းအမရှိတဲ့အရပ်ကိုပဲ
မျက်နှာမူချင်တဲ့သူပါ🥰
နေကြာတွေကနေရှိမှ
လန်းလန်းဆန်းဆန်းပွင့်နိုင်သလို😊
ညီမကလည်းအမ မရှိရင်မပြုံးနိုင်တဲ့သူပါ
နေကြာတွေရဲ့သက်တမ်းက🙃
တစ်ပတ်တောင်မပြည့်ဘူးအမရယ်🙃
အဲ့တစ်ပတ်ကလည်း
နေဝင်ချိန်ဆိုငိုက်ကျလို့
တစ်ခါတစ်လေသူတို့ကိုတောင်
အားကျမိတယ်😌😌
အဆုံးရှုံးမခံနိုင်တဲ့လူအပေါ်ဆို
ဝေးသွားလို့မဖြစ်ဘူးဆိုတာပြရတယ်။
ဝေးသွားလည်းဖြစ်တယ်ဆိုတဲ့
ပုံစံမျိုးမလုပ်ပြရဘူး။
ကိုယ်တန်ဖိုးထားရတဲ့လူအပေါ်ဆိုလဲ
ဘယ်လောက်တန်ဖိုးထားကြောင်းပြရတယ်။
လိုအပ်သလို မလိုအပ်သလိုမလုပ်ရဘူး။
အဲ့လိုပဲ ကိုယ်ကချစ်မြတ်နိုးရတဲ့သူဆိုလဲ
ဘယ်လောက်ချစ်ကြောင်းပြရတယ် ။
မချစ်ပြတတ်ဘူးဆိုတဲ့စကားနဲ့
ဝေးအောင်မဖန်တီးရဘူး..။
#crd_to_owner_with_respect
"တက်တူးတွေနဲ့ မင်းက လူမိုက်လား.."
"အလကားပါကွာ.. တက်တူးတွေနဲ့လပ်လျားလပ်လျား သူခိုးဂျပိုးကောင်တွေနေမှာပါ"...
အစရှိတဲ့စကားမျိုးတွေနဲ့ အမြင်မကြည်သလို မျက်လုံးမျိုးတွေက
ခဗျားတို့ကျနော်တို့ ပတ်ဝန်းကျင်မှာ စိမ်းနေလိမ့်မယ်တော့မထင်ဘူး....
လူတစ်ယောက်ရဲ့ ပြင်ပသွင်ပြင်လက္ခဏာ appearance ကိုကြည့်ပြီး ကောက်ချက်ချတတ်တဲ့
Society မှာ ကျနော်တို့နေနေကြရတာပါပဲ..
ဒီလိုလူတွေထဲ လူငယ်တွေပါ ပါနေတာကတော့ စိတ်မကောင်းစရာပါ..
တခေတ်တခါကလည်း တကယ့်ကိုပဲ ဒီလိုသတ်မှတ်ချင်စရာ အချိန်ကာလတွေ အခြေအနေတွေကလည်း ရှိခဲ့တာကြောင့် ဒီလိုကြားနေရတဲ့စကားတွေက မဆန်းဘူးပေါ့.
အားလုံးမဟုတ်ပေမယ့် များသောအားဖြင့်
အဲ့ကာလက ဆေးမှင်ကြောင် (ခေါ်) Tattoo တွေဟာ
ကျောင်းတော်ကြီးထဲ ရောက်သွားကြဖူးသူတွေသာ ရေးထိုးကြတာမျိုး ဖြစ်ခဲ့တာကိုး..
အပြင်မှာ ရေးတဲ့သူတွေလည်း ရှိကြပါလိမ့်မယ်.
ကျနော်က ယေဘုယျ ရေးပြတာမို့
နားလည်ဖို့ မျှော်လင့်ပါတယ်..
သို့ပေမယ့်လည်း
အခု လက်ရှိအချိန်ကာလတွေမှာတော့ Tattoo တွေဟာ
အရမ်းသပ်ရပ်ကောင်းမွန်လာသလို
လက်ညိုးထိုးမလွဲ လူတိုင်းနီးပါး ရှိလာကြတာမြင်ရတဲ့ ကာလပါ.
မပြောင်းလဲပဲ ကျန်ခဲ့တာကတော့
အပေါ်က ပြောခဲ့သလို Tattoo မြင်တာနဲ့
"လူမိုက်" "တေလေဂျပိုး" စသဖြင့် သတ်မှတ်နေဆဲ လူနည်းစု(တော်တော်များများ) ပါပဲ..
2018, Aug 13 , US မှာ ဖြစ်ခဲ့တဲ့
လူသတ်မှုမှာ Christopher Watts ဆိုတဲ့ဘဲက
ကိုယ်ဝန်လွယ်ထားရတဲ့ သူ့အမျိုးသမီးနဲ့အတူ
အရွယ်မရောက်သေးတဲ့ သမီး ၂ ယောက်ကိုပါသတ်ခဲ့ပါတယ်..
မမွေးသေးတဲ့ ကလေးကိုပါ ထည့်တွက်ရင်
လူ ၄ ယောက်ကို သတ်ခဲ့တာပါ.
အဲ့ဘဲမှာ Tattoo လုံးဝမရှိပါဘူး..
ဘယ်လောက်တောင် ကြောက်ရွံ့မုန်းတီးစရာဖြစ်ရပ် ဖြစ်ခဲ့ပါသလဲ..
မင်းက
Tattoo မရှိတဲ့ ရာဇဝတ်သားအကြောင်း ရွေးပြီးလာပြောပြနေတာပဲလို့ မထင်ပါနဲ့..
အချက်တချက်အနေနဲ့ သာ စဉ်းစားနိုင်ရုံပြောတဲ့သဘောပါ.
Tattoo တွေအများကြီး နဲ့ ရာဇဝတ်ကောင်တွေလည်း များစွာရှိတာပါပဲ..
သို့သော် Tattoo မရှိလည်း "မိုက်နေ/ ယုတ်မာနေ"တဲ့သူတွေလည်း ဒုနဲ့ဒေးပါ ဆိုတာလက်ခံရပါလိမ့်မယ်..
ပြောနေရတဲ့အကြောင်းကတော့ Tattoo တွေဟာ
လူတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားကို ကိုယ်စားမပြုဘူး..
စိတ်ခံစားမှုတွေကိုသာ ကိုယ်စားပြုရင်ပြုလိမ့်မယ် လို့ သိစေချင်တာပါ..
Rachel Giannini ဆိုတဲ့ ဆရာမတယောက်ရှိတယ်.
Preschool teacher ပေါ့.
Colombia College, Chicago ကနေ
Early childhood and American Sign Language ဘွဲ့ရခဲ့တဲ့သူ
Museum Education မှာလည်း MFA ရထားတဲ့သူ.
ဒီအမျိုးသမီးမှာဆိုရင် Tattoo က လက်၂ဖက်မှာ
အများကြီးရှိတယ်..
ဒါပေမယ့် ကိုယ်ကျင့်တရားရော ပညာရော ကြင်နာတတ်မှုရောက
ခေါင်းပါးမနေခဲ့ဘူး..
ဆိုတော့ကာ..
အရာရာတိုင်းမှာ အဆိုးရောအကောင်းရော ရှိပါတယ်..
ဒီဘာသာဝင်တွေဆိုရင်တော့ သိပ်ကိုယဉ်ကျေးမှာပဲ..
ဒီကျောင်းက ထွက်ရင် လူဆိုးတွေများတယ်..
ဒီလိုဝတ်စားထားတဲ့သူမှ လူလိမ္မာ..
ဒီမြို့နယ်/ ဒီရပ်ကွက် ကဆိုရင် လူမိုက်ပဲ...
အစရှိသဖြင့် လျှောက်သတ်မှတ်နေလို့မရပါဘူး..
ဒီနေ့အချိန်အထိ
အဲ့လို သတ်မှတ်တတ်နေတုန်းပဲဆိုရင်တော့
လူကြီးမင်းဟာ ဉာဏ်ရည်အာဟာရ အတော်ချို့တဲ့နေပြီး လူကြီးမင်းရဲ့ လူတွေအပေါ်မြင်တတ်တဲ့ Scope version ဟာ အရမ်းနိမ့်နေပါပြီ..
လူတိုင်းမှာ အိပ်မက်တွေရှိပါတယ်..
အထူးသဖြင့် လူငယ်တွေပေါ့..
အိပ်မက်တွေဆီကို လျောက်လှမ်းချဉ်းကပ်ပုံတွေသာ ကွာပါလိမ့်မယ်..
ဒုစရိုက် နဲ့ ချဉ်းကပ်သူတွေလည်းရှိမယ်
ဉာဏ်ပညာ အရည်အချင်းနဲ့ ချဉ်းကပ်ကြသူတွေလည်းရှိမယ်..
ချဉ်းကပ်ကြရင်း လမ်းခုလတ်မှာ သူတို့ရဲ့စိတ်အာသီသ ပြေဖို့ရာ သူတို့ခန္ဓာကိုယ်မှာ တက်တူးရေးထိုးချင်သူတွေက ထိုးကြတယ်..
မထိုးချင်တဲ့သူတွေက မထိုးကြဘူး..
ဒီလောက်ပါပဲ..
ကောင်းတဲ့သူဟာ ဆက်ကောင်းနေမှာဖြစ်ပြီး
မကောင်းသူကလည်း ဆက်မကောင်းနေဦးမှာပါ..
ကျနော်တို့ဟာ
နိုင်ငံတကာနည်းတူ လိုက်မလုပ်နိုင်ကြသေးရင်တောင်
နိုင်ငံတကာလောက် လိုက်တွေးနိုင် စဉ်းစားနိုင်ကြရင်
အနည်းဆုံးတော့ ဉာဏ်ရေချိန် မြင့်လာနိုင်မယ်လို့
ကျနော့်အနေနဲ့ ထင်တာပါပဲ.
Society ကြီး တခုလုံးကို ပြောင်းလဲမပစ်နိုင်သေးပေမယ့်
လက်တကမ်းမှာရှိတဲ့ သူတွေကိုတော့ ပြောင်းလဲလို့ရနိုင်ကောင်းမှာပါ.
"တစ်ယောက်အစ တစ်ရာအဆုံး" ဆိုတဲ့စကားရှိပါတယ်..
တစ်ရာတွေ များလာရင်တော့
Tattoo အပေါ် လူတွေရဲ့ အမြင်တွေ Change သွားမယ်လို့ ယုံကြည်မျှော်လင့်ရင်း...
ကျနော်ကတော့ အိပ်မက်တွေကို ဝါသနာပါရာနဲ့ချဉ်းကပ်ရင်း tattoo တွေ ဆက်ရေးနေပါဦးမယ်.
🤎
#မှင်