လျှပ်စစ်အတွက် ဆိုလာစီမံကိန်းဆောင်ရွက်နိုင်ဟု နစကဥက္ကဋ္ဌပြော

ဇန်နဝါရီ ၁၁

လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်သည့် စီမံကိန်းများရှိသကဲ့ သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်း လိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင် ကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်က မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSM E) လုပ်ငန်းရှင်များအား တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အ‌သေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်ဓာတ်အားရရှိရေး ဆိုလာစနစ်ဖြင့် လျှပ်စစ်ဓာတ်အား အသုံးပြနိုင်ရေး နိုင်ငံတော်မှ ကူညိဆောင်ရွက်ပေးစေလိုကြောင်း နစကဥက္ကဋ္ဌကို တင်ပြခဲ့ကြသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ လျှပ်စစ်ဓာတ်အား လိုအပ်ချက်အတွက် မိမိတို့အနေဖြင့် ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်ယူသုံးစွဲမှုကို အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိတ္ထီလာသည် မိုးရွာ ရက်နည်းသည့် ဒေသဖြစ်သဖြင့် နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ယူသုံးစွဲမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှ ဆောင်ရွက်သည့် စီမံကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များ အနေဖြင့် လည်း မိမိတို့လုပ်ငန်း လိုအပ်ချက်များအလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်နိုင်ကြောင်း” ပြောသည်။

လျှပ်စစ်ဓာတ်အားဖြန့်ဝေပေးနိုင်မှုနှင့် ပတ်သက်၍ အကြမ်းဖက်သမားများ၏ ဖျက်ဆီးမှုများ၊ အချို့ စက်ရုံများ အနေဖြင့် စွမ်းအားပြည့် လည်ပတ်နိုင်မှုမရှိခြင်းများ၊ ဓာတ်ငွေ့လိုအပ်ချက် မပြည့်မီမှုများကြောင့် အခက်အခဲများ ရှိကြောင်း ၎င်းက ပြောသည်။

ထို့ပြင် နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းများ အကောင်အ ထည်ဖော်ရာတွင် ကန့်ကွက်မှုများလည်းရှိကြောင်း၊ ထို့ကြောင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်၍ ရသည့် ဆိုလာစနစ်ကို မိမိတို့အနေဖြင့် အားပေးဆောင်ရွက်နေခြင်းဖြစ်ပြီး နိုင်ငံတော်မှ ဆောင်ရွက်လျက်ရှိသကဲ့ သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း တစ်နိုင်တစ်ပိုင် ဝိုင်းဝန်းဆောင်ရွက်ကြရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် လျှပ်စစ်မီး ပြတ်တောက်မှု အလွန်များပြားလာပြီး ကုန်ထုတ်လုပ်ငန်းများနှင့် ကုန်သွယ်မှု လုပ်ငန်းများ အဓိက လည်ပတ်နေသည့် ရန်ကုန်တိုင်းဒေသကြီး၌ တစ်နေ့လျှင် ၄ နာရီကြား ၂ ကြိမ်ပေး၍ ၁၆ နာရီ မီးပြတ်တောက်လျက်ရှိသည်။

ထို့ကြောင့် အလုပ်ရုံများ၊ စက်ရုံများ၊ ရုံးလုပ်ငန်းများ လည်ပတ်ရန် အခက်အခဲများဖြစ်လာကြသလို ပြည်သူလူထု ကြားမှာလည်း လူနေမှုကုန်ကျစရိတ်များ မြင့်မားလာကြကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image
2 yrs - Translate

Kang Mak (2024)
ဇာတ်လမ်းအကျဉ်း
-------------
Pee Mak ကို remake ပြန်ရိုက်ထားတဲ့ Pee Mak အင်ဒိုနီးရှားဗာရှင်း Kang Mak ကတော့ ထွက်ရှိလိုလာခဲ့ပါပြီ...
အင်ဒိုဗားရှင်းမှာရော ဘယ်လိုအခွီတွေနဲ့ ဘယ်လိုတွေ တင်ဆက်သွားဦးမှာလဲဆိုတာကို ရှုစားကြပါဦး...
ကိုယ်ဝန်ကြီးနဲ့ မိန်းမကို ထားခဲ့ပြီးတော့ တိုင်းပြည်အတွက် စစ်တိုက်ဖို ထွက်လာခဲ့ရတဲ့ မက်မူရ်...
ကိုယ်ဝန်ကြီးနဲ့ အိမ်မှာ တစ်ယောက်တည်းကျန်ခဲ့တဲ့ ဆာရီ...သူတိုနှစ်ယောက်ဟာ အရမ်းကိုချစ်ကြပြီး...
ဒီလို ခွဲခွာနေရပေမယ့် စစ်ထွက်တိုက်နေရတဲ့ ယောက်ျားလုပ်သူကလည်းမိန်းမဆီကို အမြန်ပြန်လာချင်...
အိမ်ကမိန်းမကလည်း နေ့တိုင်း ယောက်ျားပြန်လာမှာကို အမြဲ မျှော်နေတဲ့သူပေါ့။ ဒီလိုနဲ့နေလာရင်း...
မိန်းမဖြစ်သူဟာ ကိုယ်ဝန်အရင့်အမာကြီးနဲ့ ဆုံးသွားခဲ့ရပါတော့တယ်။ ယောက်ျားဖြစ်သူကို ချစ်လွန်းအားကြီးပြီး...
မကျွတ်မလွတ်ဘဝနဲ့ ယောက်ျားပြန်အလာကို စောင့်နေပြီးတော့ သူတိုရွာမှာတော့ စေတန်ဆာရီဆိုရင်ကို...
နာမည်ကြားတာနဲ့ ကြောက်နေကြပြီး ညနေဆို နေမဝင်ခင်မှာတင်ပဲ အကုန် တံခါးပိတ်ပြီး အပြင်မထွက်ရဲလောက်အောင်ထိပါဘဲ...
#movie

image

မသန်စွမ်းကလေးတွေကို ယူနီဆက်ဖ်က တလ ၄၂၀၀၀ ကျပ်ထောက်ပံ့မယ်

ဇန်နဝါရီ ၁၁

မသန်းစွမ်းသူ တွေကို အသက်အရွယ်ကန့်သတ်ချက်နဲ့ တလကို ၄၂၀၀၀ ကျပ်နူန်း Unicef Myanmar ကထောက်ပံ့ပေးသွားမယ်လို့သိရပါတယ်။

ငွေကြေးထောက်ပံ့ရာမှာ မသန်စွမ်းပြင်းထန်နဲ့ အလွန်ပြင်းထန်အဆင့်ရှိကြောင်း စိစစ်အတည်ပြုချက် ရရှိထားတဲ့ အသက် ၂ နှစ်မှ ၁၈ နှစ်အတွင်း မသန်စွမ်းကလေးတွေကို တယောက်ကို တလ ၄၂၀၀၀ ကျပ်နှုန်း ထောက်ပံ့ကြေး ပေးအပ်သွားမှာဖြစ်တယ် လို့ ယူနီဆက်ဖ်မြန်မာကဆိုပါတယ်။

ထောက်ပံ့မှုကို နှစ်လ တကြိမ်နူန်း Wave Money မှတဆင့် အကျိုးခံစားခွင့်ရှိသူထံ ဒါမှမဟုတ် အုပ်ထိန်းသူဆီ တိုက်ရိုက်ပို့ပေးမှာဖြစ်တယ်လို့သိရပါတယ်။

" ထောက်ပံ့ကြေးရရင်တော့ကောင်းတာပေါ့။သူတို့ရုံးဖွင့်ရက်ရောက်မှစာရင်းပေးရမှာပါ။ ကလေးက ခန္ဓာကိုယ်မသန်စွမ်းတာပါ။အသက်က ၁၆ နှစ်ဆိုတော့အကျုံးတော့ဝင်တယ်ပြောရမယ်။ ခုလိုကျပ်တည်းနေတဲ့ကာလမှာ တလကို၄၂၀၀၀ရလည်း အဆင်ပြေတာပေါ့ရှင်။ " လို့ မသန်စွမ်းကလေးမိခင်ကပြောပါတယ်။

မသန်စွမ်းသူတွေကို ငွေကြေးထောက်ပံ့ရာမှာ လက်ရှိအတူနေထိုင်တဲ့ အိမ်ထောင်စုစာရင်းမှာ မသန်စွမ်းသူ အများဆုံး ၃ ဦးအထိသာ ထောက်ပံ့မှာဖြစ်ယ်လို့ သိရပါတယ်။

ယူနီဆက်ရဲ့ ထောက်ပံ့ကြေး လူမှုကာကွယ်စောင့်ရှောက်မှုအစီအစဉ်”မှာ ပါဝင်ကြောင်း ဖုန်းနဲ့ ဆက်သွယ်အကြောင်းကြားမှု ရရှိပြီးသူတွေကိုသာ ထောက်ပံ့ကြေးပေးအပ်မှာဖြစ်တ ယ်လို့ သိရပါတယ်။

ငွေကြေးထောက်ပံ့စဥ်အတွင်း သတ်မှတ်ချက်နဲ့မကိုက်ညီတာမျိုးရှိပါက ထောက်ပံ့ကြေးရရှိမှာမဟုတ်ဘူးလို့သိရပါတယ်။

" အကျိုးခံစားခွင့်ရှိသူ မသန်စွမ်းကလေးက လက်ရှိမိသားစုနဲ့ အတူ နေထိုင်မှု မရှိတာ။အကျိုးခံစားခွင့်ရှိသူ မသန်စွမ်းကလေး သေဆုံးသွားတာ၊ ကနဦး စီစစ်စစ်ဆေးမှုအရ မသန်စွမ်းမှုရှိပေမယ့် နောက်တကြိမ် စီစစ်စစ်ဆေးမှုမဗာ မသန်စွမ်းမှု မရှိတော့တာမျိုး၊ စာရင်းပေးသွင်းထားတဲ့ အချက်အလက်ကို မှန်ကန်စွာ အတည်မပြုနိုင်တာ၊ ဖုန်းဆက်သွယ်မရတာမျိုးဆိုရင် ထောက်ပံ့ကြေးမရနိုင်ပါဘူး။" လို့ ယူနီဆက်မြန်မာကပြောပါတယ်။

အဆိုပါထောက်ပံ့ကြေးကို မိသားစုဝင်တွေအနေနဲ့မသန်စွမ်းကလေးတွေအတွက် ပြန်လည်ထူထောင်ရေး၊ ကျန်းမာရေး၊ အာဟာရပြည့်၀မှု၊ တကိုယ်ရည်သန့်ရှင်းရေး၊ ပညာရေး၊ မသန်စွမ်း အထောက် အကူပြုပစ္စည်း နဲ့နည်းပညာ၊ အတားအဆီးများဖယ်ရှားရေးပေးနိုင်ရေးတွေမှာ အကျိုးရှိစွာသုံးစွဲဖို့ ယုယူနီဆက်ကပြောထားပါတယ်။

လက်ရှိမှာလည်းယူနီဆက်က မသန်စွမ်းသူတွေကို ငွေကြေးထောက်ပံ့မှုတွေရှိနေတယ်လို့သိရပါတယ်။

Photo - Unicef Myanmar

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image

ပုဂံရဲ့ လူသိနည်းတဲ့ ဒီနေရာလေးကို ရောက်ဖူးကြလား " နတ်သမီးကမ်းပါး"🤍

image

ပုဂံရဲ့ လူသိနည်းတဲ့ ဒီနေရာလေးကို ရောက်ဖူးကြလား " နတ်သမီးကမ်းပါး"🤍

image

ပုဂံရဲ့ လူသိနည်းတဲ့ ဒီနေရာလေးကို ရောက်ဖူးကြလား " နတ်သမီးကမ်းပါး"🤍

image

ပုဂံရဲ့ လူသိနည်းတဲ့ ဒီနေရာလေးကို ရောက်ဖူးကြလား " နတ်သမီးကမ်းပါး"🤍

image

ပုဂံရဲ့ လူသိနည်းတဲ့ ဒီနေရာလေးကို ရောက်ဖူးကြလား " နတ်သမီးကမ်းပါး"🤍

image

ပုဂံရဲ့ လူသိနည်းတဲ့ ဒီနေရာလေးကို ရောက်ဖူးကြလား " နတ်သမီးကမ်းပါး"🤍

image

ပုဂံရဲ့ လူသိနည်းတဲ့ ဒီနေရာလေးကို ရောက်ဖူးကြလား " နတ်သမီးကမ်းပါး"🤍

image