မသန်စွမ်းကလေးများကို ယူနီဆက်ဖ် ငွေကြေးထောက်ပံ့မည်
------------------------
မသန်စွမ်းမှုပြင်းထန် ဒါမှမဟုတ် အလွန်ပြင်းထန်အဆင့်ရှိတဲ့ အသက် ၂ နှစ်ကနေ ၁၈ နှစ်အရွယ် မသန်စွမ်း ကလေးသူငယ်တွေကို ယူနီဆက်ဖ်မြန်မာက ထောက်ပံ့ငွေအဖြစ် တစ်လကို ကျပ် ၄၂၀၀၀ နှုန်းနဲ့ ထောက်ပံ့ပေး မယ်လို့ ထုတ်ပြန်ပါတယ်။
ဒီမသန်စွမ်းကလေးငယ်တွေအတွက် မိသားစုတွေက ကျန်းမာရေး၊ အာဟာရပြည့်ဝမှု၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ပညာရေး၊ မသန်စွမ်းအထောက်အကူပြုပစ္စည်းနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်ဖို့အတွက် အခုလို ကြေးငွေ ထောက်ပံ့ပေးမှာပါ။ မသန်စွမ်းမှုပြင်းထန် ဒါမှမဟုတ် အလွန်ပြင်းထန် အဆင့်ရှိတယ်ဆိုတာကို စိစစ်အတည်ပြုချက်ရရှိထားတဲ့ ကလေးငယ်တွေက ယူနီဆက်မြန်မာကပေးမယ့် ထောက်ပံ့ကြေးငွေကိုရရှိမှာ ဖြစ်ပါတယ်။
ထောက်ပံ့ကြေးငွေပေးအပ်ရာမှာ နှစ်လ တစ်ကြိမ် Wave Money ကတစ်ဆင့် အကျိုးခံစားခွင့်ရ ကလေးတွေဆီ တိုက်ရိုက်ပေးမှာဖြစ်ပြီး အိမ်ထောင်စုတစ်စုမှာ အများဆုံး ၃ ယောက်အထိ ထောက်ပံ့သွားမယ်လို့ သိရပါတယ်။ ထောက်ပံ့ကြေးငွေလိုအပ်နေတဲ့ မသန်စွမ်းကလေးငယ်တွေအနေနဲ့ ယူနီဆက်ဖ်မြန်မာရဲ့ မသန်စွမ်းကလေးသူငယ် ထောက်ပံ့ကြေး အရေးပေါ်ဖုန်းနံပါတ်တွေဖြစ်တဲ့ ၀၉၈၈၀၉၁၉၂၁၁ ၊ ၀၉၈၈၀၉၁၉၂၁၂ နဲ့ ၀၉၈၈၀၉၁၉၂၁၃ တို့ကို ဆက်သွယ်ရမှာ ဖြစ်ပါတယ်။
