Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
#အာလူးကတ်တလိတ်အစာသွပ်ကြော်နည်း
-----------------------
ပါဝင်ပစ္စည်းများ
အာလူး - ရဝဝ ဂရမ်
နေကြာဆီ - စားပွဲဇွန်း ၂ ဇွန်း (အဆာသွတ်ရန်အတွက်)
ကြက်သွန်နီ - ၃၀ ဂရမ် (နုပ်နုပ်စဉ်းပါ)
ကြက်သွန်ဖြူ - ၁၀ ဂရမ် (နုပ်နုပ်စဉ်းပါ)
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း
ကြက်သား - ၃ဝဝ ဂရမ် (နုပ်နုပ်စဉ်းပါ)
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
မဆလာ - စားပွဲဇွန်း ၁ ဇွန်း
ပျဉ်းတော်သိမ် - ၂ ခက် (ပါးပါးလှီးပါ)
ဆား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
(အာလူးနယ်ရန်)
အကြော်မှုန့် - ၁ဝဝ ဂရမ်
ကွကျဥအကာ - ၁ လုံး
ကြော်ရန် ဆီ - အလုံအလောက်
ပြုလုပ်နည်း
၁။ ဦးစွာ အာလူးကို နူးအောင် ပြုတ်ထားပါ။
၂။ အဆာသွတ်ရန် ဆီ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ကြက်သား၊ ဆား၊ မဆလာနှင့် ပျဉ်းတော်သိမ်တို့ကို သမအောင်မွှေပါ။ ကြက်သား ကျက်ပြီဆိုလျှင် ရပါပြီ။
၃။ ပြီးလျှင် အာလူးပြုတ်ကို အခွံနွှာပြီး ကြိတ်ခြေထားပါ။ ဆား၊ အကြော်မှုန့်နှင့် ကြက်ဥအကာတို့ကို ထည့်ပြီး သမအောင်နယ်ပါ။
၄။ အာလူးကတ်တလိတ်လုပ်ရန်အတွက် အာလူးကို အနေတော်ယူပြီး အပြားလေး လုပ်ပါ။ ပြီးလျှင် ကြက်သားအဆာသွတ်ကို ထည့်ပြီး အဝိုင်း ပုံစံလေး ပြန်ပိတ်ပါ။ အာလူးများ အဆာသွတ်ပြီးပြီဆိုလျှင် ဆီများများနဲ့ ကြော်ပါ။ ဆီဆူဆူထဲ အာလူးအဆာသွတ်လုံးလေးများကို အစီအရီ
ထည့်၍ ကျက်အောင် အထက်အောက်လှန်ပြီး ကြော်ပါ။ အရောင်ရဲရဲလေး ရလာပြီဆိုလျှင် အာလူးကတ်တလိတ်လေး ရပါပြီ။
------------------------
Crd
Tin Tin Oo
Incident In A Ghostland (2018)
Psychopath ကားမျိုးကိုမှ ကြည့်ချင်တဲ့သူအတွက် Ghostland ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်လမ်းနဲ့မိတ်ဆက်ပေးပါရစေ။Incident in Ghostland ဆိုတဲ့ ဖြစ်ရပ်မှန်သရဲဝတ္တုစာအုပ်နဲ့ ရောင်းအားအကောင်းဆုံးမှာ ရှိနေတာပါ။
Beth မှာ အမေရယ် Vera ဆိုတဲ့ အစ်မတစ်ယောက်ရှိပါတယ်သူတိုဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က သူရယ် သူ့အစ်မရယ် သူ့အမေ ရယ်က အိမ်ကြီးတစ်အိမ်ပြောင်းသွားတော့ Psychopath နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကိုခံရတဲ့ အကြောင်းကို Beth ကရေးထားတာလေ။ အဲ့တော့ လူတိုင်းက စိတ်ဝင်စားနေကြတာပေါ့တစ်ရက်တော့ အဲ့ဒီကို အိမ်ကို သူပြန်ဖိုအကြောင်းဖန်လာခဲ့ပါတယ်။
သူပြန်ရောက်တော့ သူ့အစ်မ Vera နဲ့တွေ့ပြီး တကယ့်လက်တွေ့ဘဝက သူအဲ့ဒီအိမ်မှာပဲပိတ်မိနေသေးတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူတိုညီအစ်မ နှစ်ယောက် ဘယ်လို လွတ်အောင်ပြေးမလဲဆိုတာ။
#crd
ဒူးနာ၊ ခါးနာ ၊ အဆစ်အမြစ်ကိုက်ခဲ သူများ သိထားသင့်သော ဗဟုသုတများ ( Osteoarthritis) (Degenerative arthritis)
မင်္ဂလာပါ ခင်ဗျာ
ကျွန်တော်ပြောပြပေးချင်တဲ့ အကြောင်းကတော့ ဒူးတွေနာတယ် ၊ ခါးတွေနာတယ် ၊ အဆစ်အမြစ်တွေ ဆံ့မရဘူး ၊ ကိုက်ခဲနေတယ် ၊ လမ်းကောင်းကောင်းမလျှောက်နိုင်ဘူး ၊ ဘာလုပ်ရမလဲ ???
အကြံပေးပါဦးဆိုတာ အတွက် နည်းလမ်းတစ်ချို့နဲ့ ရောဂါ အကြောင်း အခြေခံလေးတွေပြောပြပေးချင်ပါတယ်
အဆစ်အမြစ်တွေ ကိုက်တာ ဘာလို့လဲ
ခန္ဓာကိုယ်ရဲ့ အရိုးတစ်ခုနဲ့တစ်ခု အဆစ်အမြစ်တွေကြားမှာ အရိုးနု ( hyaline cartilage ) တွေ က လှုပ်ရှားမှုတစ်ခုပြုတဲ့အခါအရိုးတစ်ခုနဲ့ တစ်ခုကြား မှာ ကူရှင် ( cushion ) သဖွယ် အကာအကွယ်ပေးကာ အရိုးတွေ မပွတ်တိုက်မိအောင် ၊ မနာကျင်အောင် ကာကွယ်ပေးပါတယ်။
ဒါ့အပြင် လှုပ်ရှားရလွယ်ကူအောင်လည်း ချောဆီ သဖွယ် ဆောင်ရွက်ပေးပါသေးတယ်
သို့သော်
အချိန်ကြာလာတာနဲ့အမျှ အဆိုပါ အရိုးနု ဟာလည်း ပါးလာတတ်ပါတယ်
ထိုအခါ အရိုးချင်း ပွတ်တိုက်မှုတွေဖြစ်ပြီး နာမယ် ၊ ထုံကျင်နေမယ် ၊ အရင်လို လှုပ်လှုပ်ရှားရှား လုပ်ရတာ ခက်ခဲလာတာ မလွဲမသွေပါပဲ ။
အသက် ၆၀ အထက်ရှိသူ (old age)
ထိခိုက်ဒဏ်ရာ ရတဲ့သူ (traumatic history)
ဟော်မုန်းဆိုင်ရာ ရောဂါရှိတဲ့သူ( Endocrine diseases)
အဝလွန်သူများ ( obesity)
ကိုယ်လက်လှုပ်ရှားနည်းသူများ ( lack of physically activities)
ဗီဇပိုင်းဆိုင်ရာ ရောဂါရှိသူ ( genetic disorders ) တွေကတော့ အဆိုပါ ရောဂါ ခံစားရနိုင်ချေ သူများ ဖြစ်ပါတယ် ။
ကာကွယ် ၊ ကုသ နည်းလမ်းများ
Prevention is better than Cure ( ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုမို ကောင်းမွန်ခြင်း) ဟာ ရောဂါတိုင်းအတွက် အခြေခံ အချက်ပါ ။
ကိုယ်လက် လှုပ်ရှားမှုအားကစားပြုလုပ်မယ်
အဝမလွန်အောင် မျှတတဲ့ အစားအစာတွေ စားသုံးမယ်
နီသော အသား ၊ သစ်ဥ သစ်ဖုများ ၊ မြေအောက်ထွက် သီးနှံများ အား ရှောင်ကြဉ်ခြင်း
ဆေးလိပ် နှင့် အရက်မသောက်ဘူး
ရောဂါအခံရှိလာလျှင်လည်း ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ဆေးတွေ အချိန်မှန်မှန်သောက်သုံးမယ်
အဆိုပါ အချက်များဟာ ကာကွယ်ခြင်းပါပဲ
အကယ်၍ ဒူးနာ ၊ ခါးနာ ၊ အဆစ်အမြစ်ကိုက်ခဲခြင်းတွေခံစားရပြီဆိုပါကလည်း ဆရာဝန်နှင့်တိုင်ပင်ကာ
- အကိုက်အခဲပျောက်ဆေး ( NSAIDs) များသောက်သုံးခြင်း
- လူးဆေး ၊လိမ်းဆေး ( Topical cream ) များ အသုံးပြုခြင်း
- အဆစ်အမြစ်အတွင်းများသို့ စတီးရွိုက်များ တိုက်ရိုက် ထိုးထည့်ခြင်း ( Steroid injection )
- ရေခဲ ၊ ရေနွေးအိတ်များအလျင်းသင့်သလို ကပ်ထားနိုင်ခြင်း ( using hot and cold packs )
- အစားထိုးခွဲစိတ်ကုသခြင်း ( hips or knee replacement surgery) များကို မိမိ၏ သက်ဆိုင်ရာ ဆရာဝန်နှင့်ပြသကာ တိုင်ပင် ဆွေးနွေးသင့်ပါကြောင်း ကျန်းမာရေး အသိပညာပေးတင်ဆက်လိုက်ရပါတယ် ခင်ဗျာ
အားလုံးကျန်းမာချမ်းသာကြပါစေ
မင်းကကိုယ်ပိုင် ဝင်ငွေနဲ့ပါကွာတဲ့
အများအမြင်တော့ ကြားကောင်းပြီး
အဆင်ပြေနေပေမယ့်
တကယ်တော့
အဲဒီနောက်ကွယ်မှာ ကိုယ့်ကိုကိုယ်ပြန်အားပေးပြီး
ရှေ့ဆက်ခဲ့ရတဲ့နေ့ရက်တွေ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းခဲ့ရတာတွေ ရုပ်ပိုင်းဆိုင်ရာချို့ယွင်းခဲ့ရတာတွေ
နားရတဲ့အချိန်နည်းတာတွေ ရွယ်တူတွေလို
မနေခဲ့ရတာတွေ ပင်ပန်းခဲ့ရတဲ့နေ့ရက်တွေ
ညညည့်နက်မှ အိပ်ခဲ့ရတဲ့နေ့ရက်တွေဆိုတာ
မရေတွက်နိုင်ခဲ့ပါဘူး...။
#kokie
#crd
No Way Up (2024)
Action, Horror, Thriller
ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ လတ်တလောမှ အသစ်ထွက်ရှိထားတဲ့ Thriller/Action ဇာတ်ကားလေး No Way Up ပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ Ava တို့သူငယ်ချင်းသုံးယောက်နဲ့အတူ Ava Bodyguard တို့ Cabo ကို အပန်းဖြေခရီးထွက်တာနဲ့စတင်ထားပါတယ် တစ်ဖက်မှာလည်း မြေးနဲ့အဘိုးအဘွားတို့သုံးယောက်ဟာလည်း ဒီခရီးကို သွားဖို့ စိတ်လှုပ်ရှားနေပါတယ်
လေယာဉ်ပေါ်ရောက်ပြီး အားလုံး ခရီးစဉ်အတွက် စိတ်လှုပ်ရှားနေကြတဲ့အချိန် လေယာဉ်ဟာ ရုတ်တရက်တုန်ခါမှုတွေဖြစ်လာပါတော့တယ် အစပိုင်းမှာတော့ သာမာန်တုန်ခါမှုလို့ ထင်ခဲ့ပေမယ့် မကြာခင်မှာပဲ အင်ဂျင်တစ်ခြမ်းမီးလောင်ပြီးလေယာဉ်ပျက်ကြပါတော့တယ် ဖြစ်ချင်တော့ လေယာဉ်ဟာ ရေထဲကို ထိုးကျသွားပြီး လေယာဉ်ဝမ်းခေါင်းထဲ ရေတွေဝင်လာပါတော့တယ် ရေတွေနဲ့အတူ ဘယ်လိုတုန်လှုပ်စရာတွေက သူတို့ဘဝတွေထဲကို ဝင်လာမလဲ
Thriller ဆိုပေမယ့် Survival လိုမျိုးသွားထားတဲ့ဇာတ်ကားလေးဖြစ်လို့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ အတူလိုက်ပါစီးမျောနိုင်မယ့် ဇာတ်ကားကောင်းလေးဖြစ်လို့ ကြည့်ရှုခံစားလိုက်ပါ။
#crd
၃.၁.၂၀၂၅ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd
၃.၁.၂၀၂၅ ရက်နေ့ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာပါ တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါနှင့်လေလံကြော်ငြာများ
#တင်ဒါ
#လေလံ
#crd