Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အနောက်ကို ခရီးမသွားကြရန် နိုင်ငံသားများကို ရုရှား တိုက်တွန်း
အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးသည် ပိုမိုထိပ်တိုက်တွေ့လာသည့် အနေအထားဖြစ်လာသောကြောင့် ရုရှားနိုင်ငံသားများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် အီးယူနိုင်ငံအချို့သို့ ခရီးမသွားကြရန်နှင့် အမေရိကန်အာဏာပိုင်များ၏ လိုက်လံဖမ်းဆီးခံရနိုင်သည့် အန္တရာယ်ရှိနေသည်ဟု ရုရှားက ဗုဒ္ဓဟူးနေ့တွင် သတိပေးတိုက်တွန်းလိုက်သည်။
အမေရိကန်ပြည်ထောင်စုနှင့် ဆက်ဆံရေးသည် ပြိုပျက်လုနီးနီး အခြေအနေတွင် ရှိနေသည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြောဆိုခဲ့သည်။
ဝါရှင်တန်၏ အမှားကြောင့် ပြိုပျက်လုနီးနီးဖြစ်နေပြီဖြစ်သော ရုရှား-အမေရိက ဆက်ဆံရေးတွင် ထိပ်တိုက်ရင်ဆိုင်မှုများ တိုးပွားလာသည့် အခြေအနေ၌ အမေရိကန်ပြည်ထောင်စုသို့ မလိုအပ်ဘဲ ခရီးသွားခြင်းများသည် အန္တရာယ်များသည်ဟု ဇာခါရိုဗာက သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။
ယခုအားလပ်ရပ်ကာလအတွင်း အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါ နှင့် အဓိက ဥရောပသမဂ္ဂနိုင်ငံအချို့အပါအဝင် ယင်း၏ လက်ဝေခံမဟာမိတ်နိုင်ငံများသို့ ခရီးသွားခြင်းကိုရှောင်ရှားကြရန် မိမိတို့ တိုက်တွန်းသည်ဟု သူက ဆက်လက် ပြောဆိုခဲ့သည်။
ယူကရိန်းစစ်ပွဲနှင့် ပတ်သက်၍ သဘောထားကွဲလွဲချက်များကြောင့် နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည်အရေးအခင်းနောက်ပိုင်း ဖြစ်ဖူးသမျှတွင် အဆိုးဆုံးအခြေအနေသို့ရောက်ရှိနေကြောင်း ရုရှားနှင့် အမေရိက သံတမန်များက ပြောဆိုခဲ့သည်။
ဒီဇင်ဘာလအတွင်း ၃ ရက်ခန့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သာစည်-ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း၌ ပျက်စီးမှုအချို့ဖြစ်ပေါ်ခဲ့
ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ၃ ရက်ခန့် မိုး သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သာစည်-ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်း၌ ရေတိုက်စား၍ ပျက်စီးမှုနှင့်မြေပြိ-ုကျမှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် သာစည်-ရွှေညောင်-တောင်ကြီးရထားလမ်းပိုင်းရှိ ဆင်တောင်-မြင်းဒိုက် ဘူတာကြားရှိ ရထားလမ်းတာပေါင်နေရာများ၊ ကမ်းပါနီဥမင် အဝင်/အထွက်နေရာများ၊ ဆင်တောင်ဘူတာ၊ မြင်းဒိုက်ဘူတာနှင့် ခွေးရုပ်ဘူတာတို့တွင် မြေပြိ-ုကျ ၍ပျက်စီးမှုဖြစ်ပေါ်ခဲ့သည်။
ထိုသို့ ပျက်စီးနေမှုများအား ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်မြိုင်မှ ကြည့်ရှုစစ်ဆေး၍ သာစည်-ရွှေညောင် ရထားလမ်းပိုင်းတွင် ရထားခရီးစဉ်များအမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထိုသို့ ပြန်လည်ပြုပြင်ရာ၌ လူအင်အား၊ ပစ္စည်းအင်အား၊ စက်ယန္တရားအင်အားများကို စနစ်တ ကျစုဖွဲ့အသုံးပြုရန်၊ မြေထိန်းနံရံများ စနစ်တကျဆောင်ရွက်ရန်၊ ရေစီးဆင်းမှုကောင်းမွန်စေရေးအတွက် ရေပြွန်များထည့်သွင်းတည်ဆောက်ရန်နှင့် ရေမြောင်းများပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးတို့ကို အလေးထား ဆောင်ရွက်ရန်လည်း မှာကြားခဲ့သည်။
ထို့ပြင် ဒု-ဝန်ကြီးမှ ပေါမူ-ထီသိမ်-တောင်ကြီး ရထားလမ်းပိုင်းအတွင်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် ရထားလမ်းအူကြောင်းတာပေါင်မြေကြီးလုပ်ငန်း၊ တံတားပြုပြင်တည်ဆောက်ခြင်း လုပ် ငန်း ၊ Gabion Basket ကျောက်စီမြေထိန်းနံရံနှင့် ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ယနေ့ ဖိလစ်ပိုင်-မြန်မာ ပွဲစဉ်အတွင်း သီဟဇော်ကို အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ထား
ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေပိုင်အချိန်တွင် အာဆီယံမစ်ဆူဘီရှိဖလားပြိုင်ပွဲ အုပ်စုအဆင့် ဒုတိယအကျောပွဲစဉ်အတွင်း မြန်မာလက်ရွေးစင်အသင်းတွင် သီဟဇော်အား အသင်းခေါင်းဆောင်အဖြစ်ရွေးချယ်ထားသည်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထားသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် အင်ဒိုနီးရှား-မြန်မာပွဲစဉ်အပြီး အသင်းခေါင်းဆောင်တာဝန်ယူခဲ့သည့် မောင်မောင်လွင်၏ နေရာတွင် အစားထိုး ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ ဖိလစ်ပိုင်နှင့်ပွဲစဉ်အတွင်းဟိန်းဖြိုးဝင်း၊ သက်ဟိန်းစိုး၊ နန္ဒကျော်၊ လွင်မိုးအောင်၊ သီဟဇော်၊ မောင်မောင်လွင်၊ ဝေလင်းအောင် ၊ အောင်ကောင်းမာန်၊ သီဟထက်အောင်၊ ဇော်ဝင်းသိန်းနှင့် ဂိုးသမားအဖြစ် ဇင်ညီညီအောင်တို့ကို ရွေးချယ်ထားသည်ကိုတွေ့ရသည်။
မြန်မာလက်ရွေးစင်အသင်း တိုက်စစ်မှူးများဖြစ်သည့် သန်းပိုင်နှင့် အောင်သူ ပါဝင်လာခြင်းမရှိသည်ကို တွေ့ရပြီး၊ မြန်မာအသင်းအနေဖြင့် ဖိလစ်ပိုင်အသင်းအား အနိုင်ကစားရန် လိုအပ်ကာ ရှုံးနိမ့်ခဲ့မည်ဆိုပါက အုပ်စုအဆင့် ထွက်ရန် ရာခိုင်နှုန်းများနေသည်။
အလုပ်သမားစုစုပေါင်း တစ်သိန်းကျော်ကို OWIC ကတ် ပြုလုပ်ပေးပြီးဖြစ်
အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ အလုပ်သမားစုစုပေါင်း (၁၈၁,၈၉၉) ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြုပြီး ပြည်ပနိုင်ငံများသို့ စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးသည့် ပြည်ပအလုပ်အကိုင် အလုပ်သမား သက်သေခံကတ် (Overseas Worker Identification Card- OWIC) မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်သည်။
OWIC ကတ်ကို ပထမဦးဆုံးပြုလုပ်မည့်သူများအနေဖြင့် ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း တက်ရန်လိုအပ်ပြီး သင်တန်းတက်ရောက်ခွင့်ရရန် နေပြည်တော် အလုပ်သမားရုံးချုပ်သို့ တင်ပြရမည်ဖြစ်သည်။
အဆိုပါ သင်တန်းတက်ရောက်ပြီးစီးကြောင်း လက်မှတ်အပြင် Visa နှင့် အခြားလိုအပ်သည့် စာရွက်စာတမ်း မူရင်းများကို တင်ပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် (၂၆) ရက်ကြာပျောက်ဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ခေါင်းတစ်ခြားကိုယ်တစ်ခြား တွေ့ရှိ
နေပြည်တော်၊ ဒီဇင်ဘာ ၁၂
နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၁၀၅ အနီးရှိ လျှိုထဲတွင် (၂၆) ရက်ကြာပျောက်ဆုံးနေသည့် စိတ်ကျန်းမာရေးချို့တဲ့သော အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို ခေါင်းတစ်ခြား ကိုယ်တစ်ခြားစီတွေ့ရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သေဆုံးသူအမျိုးသား၏ ဇနီးဖြစ်သူမှာ ခရီးထွက်သွားသောကြောင့် ထိုသေဆုံးသူမှာ နေအိမ်တိုက်ခန်းထဲတွင် အသက်ရူကြပ်သောကြောင့် အပြင်သို့ထွက်သွားရာမှ ပျောက်ဆုံး သွားပြီးနောက် ဒီဇင်ဘာလ ၁၁ ရက် ၄ နာရီ ၃၀ အချိန်တွင် ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၁၀၅ အနီးတွင် နေ ထိုင်သူများမှ အပုတ်နံ့ထွက်သောကြောင့် ဇမ္ဗူသီရိ အမှတ်(၇) မြို့နယ်ရဲစခန်းမှ တာဝန်ရှိသူများ လိုက်လံ စစ်ဆေးရှာဖွေရာတွင် ထိုတိုက်အနီးရှိ လျှိူထဲတွင် ခေါင်းတစ်ခြားကိုယ်တစ်ခြားဖြင့် သေဆုံးနေသည့် ရုပ် အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။
“ဆရာဝန်တွေပြောပြချက်အရတော့ အဆိပ်ရှိတဲ့ အကောင်တစ်ကောင်ကိုက်ပြီး သေတာလို့ပြောတယ်။ ခုလောလောဆယ်တော့ စစ်ဆေးနေတယ်” လို့ လုံခြုံရေးရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးမှ ဖြေကြားသည်။
ထိုသေဆုံးသည့် အမျိုးသားမှာ အသက် (၄၆) နှစ်ရှိပြီး ၎င်းမှာ ဉာဏသိဒ္ဓိရပ်ကွက်၊ တိုက် ၃၃၁၀၅ တွင် နေထိုင်သူတစ်ဦးဖြစ်ပြီး ရုပ်အလောင်းကို ဇမ္ဗူသီရိမြို့နယ်၊ ကုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း၊ ယင်းသေဆုံးမှုနှင့်ပတ်သက်ပြီး လက်ရှိအချိန်တွင် တာဝန်ရှိသူများမှ စစ်ဆေးနေကြောင်း သိရသည်။
Photo - Credit
#centralnewsnaypyitaw