49 w - Translate

အမွှေးအကြိုင် ရနံ့ပါတဲ့ အရွက်တွေရဲ့ ဝေါဟာတွေပါ 🌿🍃
#englisheverywhere

image
49 w - Translate

အမွှေးအကြိုင် ရနံ့ပါတဲ့ အရွက်တွေရဲ့ ဝေါဟာတွေပါ 🌿🍃
#englisheverywhere

image
49 w - Translate

အမွှေးအကြိုင် ရနံ့ပါတဲ့ အရွက်တွေရဲ့ ဝေါဟာတွေပါ 🌿🍃
#englisheverywhere

image
49 w - Translate

အမွှေးအကြိုင် ရနံ့ပါတဲ့ အရွက်တွေရဲ့ ဝေါဟာတွေပါ 🌿🍃
#englisheverywhere

image
49 w - Translate

အမွှေးအကြိုင် ရနံ့ပါတဲ့ အရွက်တွေရဲ့ ဝေါဟာတွေပါ 🌿🍃
#englisheverywhere

image
49 w - Translate

အမွှေးအကြိုင် ရနံ့ပါတဲ့ အရွက်တွေရဲ့ ဝေါဟာတွေပါ 🌿🍃
#englisheverywhere

imageimage
+4

တောင်သူများကို ဓာတ်မြေဩဇာနှင့် မျိုးစပါးနှစ်ခုလုံးအတွက် တစ်ဧက ကျပ်နှစ်သိန်းခွဲ ထောက်ပံ့ရန် စီစဉ်နေ

ဒီဇင်ဘာ ၂

စပါးစိုက်တောင်သူများအား ဓာတ်မြေဩဇာအတွက် တစ်ဧက ကျပ်နှစ်သိန်း ထောက်ပံ့နေရာမှ မျိုးစပါးအတွက်ပါ ထည့်သွင်းပြီး ဓာတ်မြေဩဇာနှင့် မျိုးစပါးနှစ်ခုလုံးအတွက် တစ်ဧက ကျပ်နှစ်သိန်းခွဲနှုန်း ထောက်ပံ့ပေးသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF)မှ သိရသည်။

“အခုလတ်တလောမှာတော့ ကျွန်တော်တို့ နိုင်ငံတော်ကနေ ဆောင်ရွက်နေတဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံချက်အောက်ကနေ တောင်သူတွေကို မြေဩဇာထောက်ပံ့ပေးတာ တစ်ဧကနှစ်သိန်းရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ မျိုးကိုပါ ထည့်သွင်းပြီးတော့ ထောက်ပံ့ပေးဖို့ နှစ်သိန်းခွဲနှုန်းနဲ့ ထောက်ပံ့ပေးဖို့ အကြံပြုတင်ပြထားပါတယ်” ဟု MRF မှ တာဝန်ရှိသူက ပြောသည်။

လက်ရှိတွင် စပါးပျိုးတောင်သူများအတွက် မျိုးစပါးသည် အဓိကလိုအပ်ချက်ဖြစ်နေမှုအပေါ် ယင်းကဲ့သို့ ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ မျိုးစပါးကို လွယ်ကူစွာရရှိစေမည့်အပြင် မျိုးစေ့ထုတ်လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။

“တစ်ဖက်မှာလည်း ကျွန်တော်တို့ မျိုးသည် တကယ်ကို လိုအပ်ချက်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ မျိုးထုတ်တဲ့ တောင်သူတွေရှိတယ်။ မျိုးထုတ်တဲ့ ကုမ္ပဏီတွေရှိတယ်။ မျိုးထုတ်တဲ့ အသင်းတွေရှိတယ်။ မျိုးထုတ်တဲ့ တောင်သူတွေ မျိုးထုတ်တဲ့ အသင်းတွေရဲ့ စီးပွားရေးလုပ်ငန်းလေးတွေ ကောင်းမှ မျိုးစေ့ထုတ်လုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

#centralnewsnaypyitae

image

အာဆီယံ ဘောလုံးအဖွဲ့ချုပ်ကောင်စီဝင်အဖြစ် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းဥက္ကဋ္ဌကို ခန့်အပ်ခဲ့

ဒီဇင်ဘာ ၂

အိမ်ရှင်အဖြစ် လာအိုနိုင်ငံ၊ဗီယန်ကျင်းမြို့တွင် လက်ခံကျင်းပသည့် (၃၁) ကြိမ်မြောက် အာဆီယံ ဘောလုံး အဖွဲ့ချုပ်ကွန်ဂရက်အခမ်းအနားတွင် အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီဝင်အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့်ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇကို ရွေးချယ်ခန့်အပ်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကိုယ်စားလှယ်အဖွဲ့အဖြစ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အထွေထွေအတွင်းအရေးမှူး ဦးထွန်းထွန်းအောင်တို့ တက်ရောက်ခဲ့ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီအဖွဲ့ဝင်မဲပေးရွေးချယ်ခြင်း၊ ၂၀၂၃ AFF ဘက်ဂျတ်အား အတည်ပြုခြင်း၊အာဆီယံဒေသတွင်း ဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြိုင်ပွဲများနှင့် အထွေထွေဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

image

သားဖြစ်သူ ဟန်းတားအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဘိုင်ဒန်လက်မှတ်ရေးထိုး

ဒီဇင်ဘာ ၂

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ရာဇဝတ်မှုနှစ်ခုနဲ့ တရားစွဲဆိုခံထားရတဲ့ သားဖြစ်သူ ဟန်းတားအတွက် တရားဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်မှတ်ရေးထိုးအတည်ပြုလိုက်ပါတယ်။

သားဖြစ်သူ ဟန်းတားဟာ သီးသန့်ပစ်မှတ်ထားတိုက်ခိုက်ခံရပြီး ၎င်းမကျူးလွန်ခဲ့တဲ့ ပြစ်မှုအတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ ရတာဖြစ်ကြောင်း ဘိုင်ဒန်ရဲ့ထုတ်ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဟန်းတားဘိုင်ဒန်ဟာ အခွန်ရှောင်မှုနဲ့ အပြစ်ရှိကြောင်း စက်တင်ဘာလအစောပိုင်းက ဝန်ခံခဲ့သလို တရားမဝင် မူးယစ် ဆေးဝါးသုံးစွဲမှု၊ သေနတ်တစ်လက်ပိုင်ဆိုင်ထားမှုတို့နဲ့ အပြစ်ရှိကြောင်း ဇွန်လအတွင်းက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ဟန်းတားရဲ့ဖြစ်စဉ်ဟာ လက်ရှိအာဏာရသမ္မတတစ်ဦးရဲ့ သားသမီးတစ်ယောက်ကို တရားရုံးက အပြစ်ရှိတယ်လို့ ပထမဦးဆုံး ပြစ်ဒဏ်ချမှတ်ခံရတဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲနိုင် အကြိုသမ္မတဒေါ်နယ်ထရမ့်က တုံ့ပြန်ရာမှာ “ဂျိုးဘိုင်ဒန်က ဟန်းတားကို ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ ဇန်နဝါရီလ ၆ ရက်နေ့က ဓားစာခံတွေအတွက်ရောပါသလား။ ဒါဟာ (အာဏာ) အလွဲသုံးစားမှုနဲ့ တရားရုံးရဲ့ မှားယွင်းတဲ့ဆုံးဖြတ်မှုလား။” လို့ ပြောပါတယ်။

သမ္မတဘိုင်ဒန်က ၎င်းသားကို ချမ်းသာခွင့်ပေးမှာမဟုတ်ကြောင်း အရင်က ပြောဆိုခဲ့ပြီးနောက်မှာ အခုလို ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ပေးလိုက်တာဖြစ်ပါတယ်။

သမ္မတဘိုင်ဒန်ဟာ သားဖြစ်သူအတွက် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်မှာမဟုတ်ကြောင်း စက်တင်ဘာလ ကလည်း အိမ်ဖြူတော်ပြန်ကြားရေးအရာရှိက ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ညနေပိုင်းမှာတော့ “ဟန်းတားရဲ့အမှုကိစ္စမှာ နိုင်ငံရေးဘက်လိုက်မှုတွေ ရောယှက်ပါဝင် နေ သလို တရားရုံးဆုံးဖြတ်ချက်ဟာလည်း လွဲမှားနေတယ်လို့ ယုံကြည်ကြောင်း” ဘိုင်ဒန်က ပြောပါတယ်။

“သမ္မတတာဝန်စတင်ထမ်းဆောင်ချိန်ကစပြီး တရားရေးဝန်ကြီးဌာနရဲ့ ဆုံးဖြတ်ချက်တွေကို ဝင်ရောက် စွက်ဖက်ခြင်းမပြုဘူးလို့ ကျွန်ပြောဆိုခဲ့ပါတယ်။ ပြောထားတဲ့ကတိတည်ဖို့အတွက် ကျွန်တော့်သား မမျှမတ တရားစွဲဆိုခံနေရတာကို တောင် ကျွန်တော် ထိုင်ကြည့်နေခဲ့ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

ဖခင်တစ်ဦးနဲ့ အမေရိကန်သမ္မတတစ်ဦးအနေနဲ့ ၎င်းရဲ့ဆုံးဖြတ်ချက်ကို အမေရိကန်ပြည်သူတွေ နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဘိုင်ဒန်က ပြောပါတယ်။

အမေရိကန်သမ္မတတစ်ဦးက မိသားစုဝင်တစ်ဦးက လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ဖြစ်စဉ်မှာ အခုဖြစ်စဉ်ဟာ ပထမဦးဆုံး အကြိမ်ဖြစ်စဉ်တော့ မဟုတ်ပါဘူး။ အမေရိကန်သမ္မတဘီလ်ကလင်တန်ဟာ ၁၉၈၅ ခုနှစ် ကိုကင်းဆက်စပ်မှုနဲ့ တရားစွဲခံထားရတဲ့ ၎င်းရဲ့ အမေတူ ဖအေကွဲညီဖြစ်သူ ရော်ဂျာကလင်တန်ကို ၂၀၀၁ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။

Ref: Biden hopes Americans will understand son's pardon

#centralnewsnaypyitaw

image