၂၀၂၅ အတွင်း စောင့်ကြည့်ရမည့် တရုတ်၏ စီးပွားရေးအရင်းခံ ၅ ချက်

ဟောင်ကောင်၊ ဇန်နဝါရီ ၇

၂၀၂၅ ခုနှစ်အတွင်း တရုတ်၏ စီးပွားရေးအရင်းခံ အချက် ၅ ချက်ကို စောင့်ကြည့်ရမည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။

ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အား အကြီးဆုံး တရုတ်နိုင်ငံသည် စီးပွားရေး ပရမ်းပတာ အခြေအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်းသို့ ဝင်လာခဲ့သည်။

၂၀၂၄ ခုနှစ် တစ်နှစ်လုံးကို ပြန်လည် သုံးသပ်ကြည့်ရမည်ဆိုပါက တရုတ်သည် အိမ်ခြံမြေဈေးကွက် အကျပ် အတည်း၊ ဒေသန္တရအစိုးရများ၏ ရန်ပုံငွေ အကျပ်အတည်း၊ နှေးကွေးလေးလံသည့် အလုပ်သမား ဈေးကွက်တို့နှင့် လုံးပန်းခဲ့ရသည်။

ထိုအခြေအနေများက စားသုံးသူများနှင့် စီးပွားရေး လုပ်ငန်းရှင်များအကြား နဂိုကတည်းက ကျိုးပျက်လွယ်သည့် ယုံကြည်မှုကို ပိုမိုထိခိုက်စေခဲ့သည်။

ထို့ကြောင့် ၂၀၂၅ ခုနှစ်အတွင်း တရုတ်၏ စီးပွားရေးကို ခန့်မှန်းရမည်ဆိုပါက အောက်ဖော်ပြပါ အချက် ၅ ချက်က လွှမ်းမိုးဖွယ်ရှိနေသည်။

ပထမအချက်မှာ စီပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းဖြစ်သည်။

တရုတ်သည် ၂၀၂၄ ခုနှစ်က မျှော်မှန်းထားသကဲ့သို့ ၂၀၂၅ ခုနှစ်တွင်လည်း ဂျီဒီပီ ဖွံ့ဖြိုးတိုးတးက်မှုနှုန်းကို ၅ ရာခိုင်နှုန်းအထိ မျှော်မှန်းထားသည်။

သို့သော် ကျွမ်းကျင်သူ အချို့ကမူ ပြည်တွင်းမူဝါဒများနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အခြေအနေများကြောင့် တရုတ်၏ ဂျီဒီပီကို ၃ ရာခိုင်နှုန်းမှ ၄ ဒသမ ၅ ရာခိုင်နှုန်းသာ ခန့်မှန်းထားသည်။

ဒုတိယအချက်မှာ အစိုးရ၏ စီးပွားရေးလှုံ့ဆော်သည့် အစီအစဉ်များဖြစ်သည်။

စီးပွားရေး စိန်ခေါ်မှုများကို တန်ပြန်ရန် တရုတ်အစိုးရသည် ပိုမိုထိရောက်သည့် စီးပွားရေး မူဝါဒများကို ချမှတ် အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။

ထိုအစီအစဉ်များထဲတွင် ငွေတိုက်စာချုပ် အာမခံများ၊ အထူးငွေတိုက်စာချုပ်များ အပါအဝင် ငွေကြေး မူဝါဒများ ပါဝင်သည်။

တတိယအချက်မှာ နည်းပညာ ခေတ်မီတိုးတက်မှုဖြစ်သည်။

တရုတ်သည် တစ်ပိုင်းလျှပ်ကူး ပစ္စည်းများ၊ လျှပ်စစ်ကားများ၊ ဇီဝနည်းပညာနှင့် အဆင့်မြင့် ကုန်ထုတ်ကဏ္ဍများ တွင် နည်းပညာအရ မိမိကိုယ်ကိုယ် မှီခိုအားထားပြီး လုပ်ဆောင်နိုင်ရန် အာရုံစိုက်ထားသည်။

စတုတ္ထအချက်မှာ လူဦးရေ ပြဿနာဖြစ်သည်။

တရုတ်သည် သက်ကြီးပိုင်းလူဦးရေ လျင်မြန်စွာ များပြားလာမှုနှင့် ရင်ဆိုင်နေရသဖြင့် လုပ်သားဈေးကွက်နှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့အပေါ် သက်ရောက်မှု ရှိလာနိုင်သည်။

၂၀၅၀ ပြည့်နှစ်တွင် တရုတ်၏ လူဦးရေ စုစုပေါင်း၏ ၃၉ ရာခိုင်နှုန်းသည် ပင်စင်စားအရွယ်များ ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းထားသည်။

ပဉ္စမအချက်မှာ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးဖြစ်သည်။

အထူးသဖြင့် အမေရိကန်က တရုတ်၏ သွင်းကုန်များအပေါ် အခွန်များ တိုးမြှင့်ကောက်ခံရန် စီစဉ်ထားသဖြင့် တရုတ်၏ ပို့ကုန်ကဏ္ဍအတွက် အန္တရာယ်တစ်ခု ဖြစ်နေသည်။

ထို့ကြောင့် တရုတ်သည် အခြားမိတ်ဖက်နိုင်ငံများနှင့် ကုန်သွယ်မှု ဆက်ဆံရေးများကို တိုးမြှင့်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

အထက်ဖော်ပြပါ အချက်များသည် ၂၀၂၅ ခုနှစ်အတွက် တရုတ်၏ စီးပွားရေး မြှင့်တင်ရေး အစီအစဉ်များ၏ အဓိက အကြောင်းခံများဖြစ်ပြီး တရုတ်အနေဖြင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတးက်မှုကို ရရှိရန် ဂရုတစိုက် လုပ်ဆောင်ရန် လိုအပ်မည်ဖြစ်သည်။

Source: Nikkei Asia

ပုံ - တရုတ်အမျိုးသမီး အလုပ်သမားများကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
1 y - Translate

HOK မှာတော့ လေးထောင့်လေးပေါ့. Luben 7 တို့ Hou Yi တို့ Map Wide ပစ်ရင် အဲလိုပဲ

နောက်လာမယ့် update မှာ
ရန်သူကို Selena arrow ထိရင်
Moskov လိုအဝိုင်းလေးပေါ်ပါမယ်တဲ့
Crd

image
1 y - Translate

စွန်လေးနဲ့ ဘီးလုံး
ဝေးသွား ကြတယ်ဆိုတာ
ကြားလူ ရှိလို့နေမှာပေါ့
#စာတို

1 y - Translate

Elon Musk ရဲ့ ဒုံးပျံကုမ္ပဏီမှာ ပန်းကန်ဆေးခေါ်နေတယ်ဆိုလို့
ခက်တာက အိမ်မှာတောင် ကိုယ့်ပန်းကန်ကိုယ်မဆေးသောအခါ 🤣

image
1 y - Translate

အင်္ဂုလိမာလ
မရယ်ရဘူးဗျ

1 y - Translate

3best friends tattoo

image
1 y - Translate

3best friends tattoo

image
1 y - Translate

3best friends tattoo

image
1 y - Translate

3best friends tattoo

image
1 y - Translate

3best friends tattoo

image
image
image
image