1 y - Translate

Perfect hair tones for these holidays🥰

image
1 y - Translate

Perfect hair tones for these holidays🥰

image
1 y - Translate

Perfect hair tones for these holidays🥰

image
1 y - Translate

Perfect hair tones for these holidays🥰

image
1 y - Translate

Perfect hair tones for these holidays🥰

image
1 y - Translate

Perfect hair tones for these holidays🥰

image
1 y - Translate

Perfect hair tones for these holidays🥰

imageimage
+6
1 y - Translate

ကြက်အူ အာလူးမဆလာ ဟင်းပါ
......................................................
ကြက်အူကိုင်ရတာ အင်မတန်လက်ဝင်ပါတယ်နော်.
ဒါတောင် စျေးသည်က ကြက်အူတွေကိုင်ပေးလိုက်တာ အိမ်ရောက်တော့
ကြက်အူတွေကို ဇကာထဲထည့် လက်အိပ်စွပ်
(ဒေါ်ခကတော့ ရာဘာလက်အိပ် အသေး ဆောင်ထားပါတယ် ကြွပ်ကြွပ်အိတ်တွေက
သိပ်အဆင်မပြေပါဘူး)
ကျောက်ချဉ်တုံးထည့် ဇကာထဲမှာပွတ်တိုက်ပြီး အညှိတွေထုတ်ရေနဲ့ဆေး တခါ ဇလုံထဲ မှာ ဗာနီကာရည်နဲ့ နယ်ပြီး ၂ခါဆေး အနှစ်တွေညှစ်ချ ရေနဲ့ ၃ထပ်ဆေးပြီးမှ သန့်စင်တဲ့ကြက်အူတွေရပါတယ်
အဲတော့မှ အထုံးလေးတွေထုံး ဂျင်းရည်ညှစ် ဆနွင်းထည့် ကြက်သားမှုန့်ထည့်ပြီး နယ်ကာ နှပ်ထားရတာ ပြီးမှ အိုးထဲထည့် နာနတ်ပွင့်၂ပွင့်ထည်ု့ပီး သူ့ရေနဲ့သူခမ်းအောင်ပြုတ်ပါတယ် ။
ဒါဆို ညှီနံ့ကင်းတဲ့ ကြက်အူရပါပြီ။
ချက်တော့မယ်ဆို .....
အာလူးကို အခွံနွှာ ၄စိတ်စိတ် ရေဆေးပြီး ဆီနဲနဲနဲ့ကြော်ပါတယ် အပေါ်ယံတင်းပြီဆိုရင် ဆယ်ထားပြီးတော့ အဲဒီဆီထဲကိုပဲ ပျဉ်းတော်သိမ်ရွက်လေးဆီသပ် ကြက်သွန်ဖြူနီငြုပ်သီးထောင်းအနှစ်ထည့်ဆီသပ်မွှေးပြီးရဲလာရင် ကြက်အူထည့် အာလူးထည့် ရေအနည်းငယ်ထည့်ပြီးချက်ပါတယ်
အာလူးနူးပြီဆိုရင်အရသာမြည်း အချိုအငံလိုတာထည့် မဆလာလေးအုပ် ၁ချက်၂ချက်မွှေပေး ပြီး မီးပိတ် အိုးချပါ အရသာရှိလှတဲ့ကြက်အူ အာလူး မဆလာချက်လေးရပါပြီ....

image
1 y - Translate

ခရစ္စမတ်နေ့ နိုင်ပွဲအများဆုံးကစားသမား ဂျိမ်းစ် ဖြစ်လာ
--------------------
အမေရိကန် NBA ဂန္ထဝင်ကစားသမား လီဘရွန်ဂျိမ်းစ်ဟာ ခရစ္စမတ်နေ့မှာ ကစားတဲ့ NBA ပွဲစဉ်မှာ နိုင်ပွဲအများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။ LA လိတ်ကာအသင်းနဲ့ ဂိုးဒင်းစတိတ် ဝါရီယာအသင်းတို့ပွဲစဉ်မှာ လီဘရွန်ဂျိမ်းစ် ပါဝင်နေတဲ့ လိတ်ကာအသင်းက ၁၁၅ မှတ် - ၁၁၃ မှတ်နဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အခုနိုင်ပွဲက အသက် ၃၉ နှစ် အရွယ် လီဘရွန်ဂျိမ်းစ်အတွက် ကစားသမားဘဝ ၁၁ ပွဲမြောက် ခရစ္စမတ်နေ့နိုင်ပွဲ ဖြစ်ခဲ့တာပါ။

လီဘရွန်ဂျိမ်းစ်ရဲ့ ကစားသမားဘဝ ခရစ္စမတ်နေ့ပွဲစဉ် ၁၉ ပွဲမှာ အခုလိုမျိုး ၁၁ ပွဲမြောက်နိုင်ပွဲကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး လိတ်ကာ အသင်းဖော် ဝါဒီရဲ့ ခရစ္စမတ်နေ့ပွဲစဉ်နိုင်ပွဲအများဆုံး စံချိန်ကို ချိုးဖျက်ခဲ့တာ ဖြစ်ပါတယ်။ အခုပွဲစဉ်မှာလည်း ဂျိမ်းစ်က အကောင်းဆုံးလက်စွမ်းကို ပြသသွားနိုင်ခဲ့ပြီး လိတ်ကာအသင်းအတွက် ရမှတ် ၃၁ မှတ်အထိ ရယူပေး သွားနိုင်ခဲ့ပါတယ်။

နိုင်ပွဲရဖို့အတွက် နောက်ဆုံး စက္ကန့်အထိ ကြိုးစားခဲ့ရပေမယ့် ပွဲအပြီးမှာ နိုင်ပွဲရခဲ့သလို စံချိန်မှတ်တမ်းသစ်တစ်ခု ကိုလည်း ရေးထိုးနိုင်ခဲ့တဲ့အတွက် ကျေနပ်ပျော်ရွှင်မိပါတယ်လို့ ပွဲအပြီးမှာ လီဘရွန်ဂျိမ်းစ်က ပြောသွားခဲ့ပါတယ်။ အခုပွဲစဉ်မှာ လိတ်ကာအသင်းရဲ့ အားထားရတဲ့ ကစားသမား ဒေးဗစ်က ခြေကျင်းဝတ်ဒဏ်ရာ ရသွားခဲ့လို့ လာမယ့် ပွဲစဉ်တွေကို လွဲချော်ရဖွယ် ရှိနေပါတယ်။

image
1 y - Translate

ပြည်တွင်းထုတ်ကုန်အချို့ နိုင်ငံခြားကုမ္ပဏီများအား တင်ပို့ခွင့်ပြု
----------------------
ပြည်တွင်းမှာ ထုပ်လုပ်တဲ့ တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထားတဲ့ အသား၊ ငါး နဲ့ ရေထွက်ကုန်၊ ကောက်ပဲ သီးနှံတွေ အပါအဝင် ကုန်ပစ္စည်းအုပ်စု ၈ မျိုးကို နိုင်ငံခြားကုမ္ပဏီတွေကို တင်ပို့ခွင့် ပြုတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ပါတယ်။

ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်တွေကို ပြည်ပဈေးကွက် ချဲ့ထွင်တင်ပို့ပြီး ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ဖို့၊ ပြည်ပဈေးကွက် ပိုမိုရရှိဖို့နဲ့ ထုတ်လုပ်သူတွေရဲ့ ရောင်းဈေးပိုမိုရရှိစေဖို့အတွက် ရည်ရွယ်ပြီး တင်ပို့ခွင့် ပြုတာလို့ ဆိုပါတယ်။

ပြည်ပကို တင်ပို့ခွင့်ပြုတဲ့ ကုန်ပစ္စည်း ၈ မျိုးမှာ တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထားတဲ့ အသား၊ ငါး နဲ့ ရေထွက် ကုန်တွေ၊ ကောက်ပဲသီးနှံတွေ၊ ပျော့ဖတ်နဲ့ စက္ကူအမျိုးမျိုး၊ သန့်စင်ထားတဲ့ သတ္တုရိုင်းတွေ၊ သစ်သီးဝလံ ပန်းမန် ကုန်ကြမ်းတွေကနေ အဆင့်မြင့်ထုတ်လုပ်ထားတဲ့ တစ်ဝက်တစ်ပျက် ကုန်ချော ဒါမှမဟုတ် ကုန်ချောပစ္စည်းတွေ၊ သစ်အခြေခံပရိဘောဂပစ္စည်းတွေ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အထောက်အကူပြု ကုန်စည်တွေ ဖြစ်ပါ တယ်။

အဲဒီကုန်ပစ္စည်း ၈ မျိုးကို နိုင်ငံခြားကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံအတွင်း ကိုယ်တိုင်ထုတ်လုပ်ပြီးဖြစ်စေ ထုတ်လုပ်သူတွေဆီက တစ်ဆင့်ဝယ်ယူပြီးဖြစ်စေ ပြည်ပကို တင်ပို့ခွင့်ပြုတာလို့ အမိန့်ကြော်ငြာစာအရ သိရပါတယ်။ ပြည်ပကို တင်ပို့ခွင့်ပြုတဲ့ ကုန်ပစ္စည်းတွေကို တင်ပို့ရာမှာ သက်ဆိုင်ရာဦးစီးဌာနတွေရဲ့ ထောက်ခံ ချက်နဲ့ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမှာ ဖြစ်ပါတယ်။

တစ်ဆင့်မြင့် ပြုလုပ်ထားတဲ့ ဆန်နဲ့ ဆန်ကွဲ တင်ပို့ရာမှာတော့ ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရယူရမှာအပြင် ပြည်ပက ပြည်တွင်းဘဏ်တစ်ခုခုကို ကနဦးရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ငွေ အနည်းဆုံးဒေါ်လာ ၃ သန်း လွှဲပြောင်းပြီးကြောင်း အထောက်အထား၊ လုံလောက်တဲ့ သိုလှောင်ရုံရှိကြောင်း အထောက်အထားနဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ အသင်းဝင်ဖြစ် ကြောင်း အထောက်အထားတွေ လိုအပ်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာ ပါရှိပါတယ်။

သန့်စင်ထားတဲ့ သတ္တုရိုင်းတွေအတွက်ကတော့ မြန်မာ့သတ္တုတွင်းဥပဒေအရ သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ ဓာတ် သတ္တုရောင်းချခြင်း နဲ့ ဝယ်ယူခြင်းခွင့်ပြုမိန့်နဲ့ သတ္တုတွင်းဦးစီးဌာနရဲ့ ထောက်ခံချက်တို့နဲ့အတူ ကုန်သွယ်ရေးဦးစီး ဌာနရဲ့ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။

image