Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကိုင်ဟာဗက်ဇ်၏ခြေစွမ်း ပိုကောင်းလာနိုင်ဟု နည်းပြအာတေတာ သုံးသပ်
တိုက်စစ်မှူးကိုင်ဟာဗက်ဇ်ရဲ့ ခြေစွမ်းဟာ ပိုကောင်းလာဖို့ရှိသေးကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
ဂျာမန်တိုက်စစ်မှူးဟာ အာဆင်နယ်မှာ ပုံစံကောင်းပြန်ရနေပြီး နောက်ဆုံးလေးပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့သလို ရာသီအစမှာပဲ ပြိုင်ပွဲစုံသွင်းဂိုး ၆ ဂိုးအထိ ရရှိထားပါတယ်။
ဟာဗက်ဇ်ဟာ ဘောလုံးနဲ့အတူ လုပ်ဆောင်ရာမှာ ယုံကြည်မှုကောင်းရှိနေပြီး နံပါတ် ၉ နေရာကစားရမယ်ဆိုရင်လည်း နေရာစုံမှာရောက်ရှိနေတက်လို့ လူကပ်ကစားခံရဖို့ ခက်ခဲကြောင်း နည်းပြအာတေတာကချီးကျူးပါတယ်။
ဟာဗက်ဇ်ဟာ လက်ရှိ ခြေစွမ်းအပေါ် အားမလိုအားမရ ဖြစ်နေသေးပြီး နောက်တဆင့်မြင့်တဲ့ စွမ်းဆောင်ရည်ရရှိလာဦးမှာဖြစ်ကြောင်း အာတေတာက ပြောပါတယ်။
DVB
Seinn Lei Hnin
Delete Comment
Are you sure that you want to delete this comment ?