1 y - Translate

နှစ်ကူးရုံးပိတ်ရက်တွင် ကျိုက်ထီးရိုးဘုရားဖူး ပိုမိုဝင်ရောက်နိုင်
------------------------
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို ဒီဇင်ဘာလ နောက်ဆုံးပတ် ရုံးပိတ်ရက်ရှည်(၅)ရက်မှာ ဘုရားဖူးတွေ ပိုမိုဝင်ရောက်လာနိုင်တယ်လို့ ကျိုက်ထီးရိုးဂေါပကအဖွဲ့က သိရပါတယ်။ ဒီဇင်ဘာရုံးပိတ်ရက်တွေတုန်းကလည်း ကျိုက်ထိုးရိုးစေတီတော်ကို ဘုရားဖူးခရီးသည်တွေ အများအပြားလာ ရောက်ဖူးမြော်ခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ကူးရုံးပိတ်ရက်(၅)ရက်မှာလည်း ဘုရားဖူးလာရောက်တဲ့သူတွေ များလာမှာဖြစ်ပြီး တောင်တက် တောင်ဆင် အဆင်ပြေစေဖို့နဲ့ အခမဲ့တည်းခိုနေထိုင်ရေးတွေကို ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှက ပြောပါတယ်။

ကျိုက်ထီးရိုးစေတီကို ဒီဇင်ဘာလ(၁)ရက်ကနေ (၂၆)ရက်အထိ ပြည်တွင်းဘုရားဖူးခရီးသည် ၂ သိန်း ၆ သောင်း ကျော်နဲ့ ပြည်ပဘုရားဖူးခရီးသည် ခုနစ်ရာကျော် လာရောက်ခဲ့ပြီး စုစုပေါင်း (၂)သိန်းကျော်ခန့် လာရောက်ဖူးမြော် ခဲ့ကြတယ်လို့ ကျိုက်ထီးရိုးဘုရားဂေါပကအဖွဲ့ရဲ့ စာရင်းအရ သိရပါတယ်။

image
1 y - Translate

ကိုရီးယားပတ်စ်ပို့ကိစ္စများအတွက် Application ပြောင်းလဲမည်
-----------------
ကိုရီးယားနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ် ပျောက်ဆုံး တာ၊ ပျက်စီးတာနဲ့ သက်တမ်းတိုးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်ဖို့အတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုမယ်လို့ မြန်မာသံရုံး၊ ဆိုးလ်မြို့က ထုတ်ပြန်ပါတယ်။

မြန်မာသံရုံး၊ ဆိုးလ်မြို့မှာ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ် ပျောက်ဆုံးတာ၊ ပျက်စီးတာနဲ့ သက်တမ်း တိုးတာတွေအတွက် လူကိုယ်တိုင်သွားပြီး ကြိုတင်ရက်ချိန်းယူတဲ့စနစ်အစား Online Appointment စနစ်ကို ဇူလိုင်လ ၂၂ ရက်နေ့က စတင်ပြောင်းလဲဆောင်ရွက်ခဲ့ပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ လက်ရှိဆောင်ရွက်နေတဲ့ Online Appointment စနစ် အသုံးပြုခဲ့ချိန်မှာ ကြုံတွေ့ခဲ့တဲ့ အခက်အခဲနဲ့ အတွေ့အကြုံတွေကို အခြေခံပြီး ကောင်စစ်ဆိုင်ရာကိစ္စတွေ အခုထက် ပိုမိုလွယ်ကူလျင်မြန် ထိရောက်အောင် ဆောင်ရွက်ပေးနိုင်ဖို့အတွက် Glow Mate Application ကို ပြောင်းလဲအသုံးပြုမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လာမယ့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ ကြိုတင်ရက်ချိန်းယူမယ့်သူတွေက လက်ရှိအသုံးပြုနေတဲ့ Online Appointment စနစ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် မတ်လနောက်ပိုင်းအတွက် ရက်ချိန်းရယူမယ့်သူတွေကတော့ ဒီဇင်ဘာ ၂၇ ရက်နေ့ကစပြီး Glow Mate Application ကတစ်ဆင့် ကြိုတင်ရက်ချိန်းယူရမယ်လို့ သိရပါတယ်။

ကိုရီးယားရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကူးလက်မှတ်သက်တမ်းတာအတွက် စာအုပ်တစ်အုပ်ကို ကိုရီးယားဝမ် ၅၅,၀၀၀ ၊ စာအုပ်ပျောက်ဆုံးဒဏ်ကြေးအတွက် တစ်အုပ်ကို အမေရိကန်ဒေါ်လာ ၁၀၅ ဒေါ်လာ နဲ့ သက်တမ်းလွန်ဒဏ်ကြေးအနေနဲ့ တစ်နှစ်ကျော်လွန်ရင် အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာ ပေးသွင်းဖို့ သတ်မှတ် ထားပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလအထိ တောင်ကိုရီးယားကို မြန်မာလုပ်သား ၂၄၀၀ ကျော် စေလွှတ် ထားတယ်လို့ မြန်မာသံရုံးဆိုးလ်မြို ရဲ့ စာရင်းတွေအရ သိရပြီး အခုနှစ်မှာ တောင်ကိုရီးယား နိုင်ငံကို မြန်မာလုပ်သား ၁၁၀၀၀ ခန့်စေလွှတ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။

image
1 y - Translate

တောင်ကိုရီးယားမှ မြန်မာအမျိုးသမီးလုပ်သားများ ခေါ်ယူ
--------------------
တောင်ကိုရီးယားနိုင်ငံမှာ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွေအတွက် မြန်မာနိုင်ငံရှိ အမျိုးသမီးလုပ်သားများကို ခေါ်ယူနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနအောက်ရှိ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA - EPS) က ကြေညာထားပါတယ်။

အလုပ်လျှောက်လွှာတွေဖြစ်တဲ့ ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နဲ့ ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁ အတွက်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်၊ ၃ ရက်နဲ့ ၆ ရက်၊ ၇ ရက်တွေမှာ ထုတ်ပေးသွားမှာဖြစ်ပြီး လျှောက်လွှာတွေကိုတော့ ဇန်နဝါရီလ ၈ ရက်၊ ၉ ရက် ၊ ၁၀ ရက်နဲ့ ၁၃ ရက်နေ့တွေမှာ လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့ ကြေညာချက်အရ သိရပါတယ်။

အလုပ်လျှောက်လွှာတွေကို ကာယကံရှင်ကိုယ်တိုင် နိုင်ငံကူးလက်မှတ်၊ စာပေးပွဲဖြေဆိုခွင့်ဖြတ်ပိုင်းတွေနဲ့အတူ ပြသထုတ်ယူရမှာဖြစ်ပြီး ကျန်းမာရေးစစ်ဆေးမှု အောင်မြင်သူတွေသာ အလုပ်လျှောက်လွှာ တင်သွင်းခွင့်ရမှာ ဖြစ်ပါတယ်။ အလုပ်လျှောက်လွှာ တင်သူတိုင်း တောင်ကိုရီးယားနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ရမယ်လို့ အာမ မခံကြောင်းလည်း POEA က အသိပေးထားပါတယ်။

အလုပ်လျှောက်လိုတဲ့သူတွေအနေနဲ့ အခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ (၁၆) ကြိမ်မြောက် ကိုရီးယားဘာသာ အရည် အချင်းစစ် (EPS-TOPIK)စားမေးပွဲနဲ့ အခြေခံကျွမ်းကျင်မှု စစ်ဆေးခြင်း (Skills Test) အောင်မြင်ပြီး ကုန်ထုတ် လုပ်ငန်းပထမအသုတ်နဲ့ ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁ အပြီးသတ် အောင်စာရင်းမှာ ပါရှိတဲ့ အမျိုးသား၊ အမျိုးသမီးတွေကို လျှောက်လွှာထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယား နိုင်ငံအနေနဲ့ ကုန်ထုတ်လုပ်သား၊ ဆောက်လုပ်ရေးလုပ်သား၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်သား နေရာများအတွက် EPS စနစ်နဲ့ မြန်မာနိုင်ငံက အမျိုးသားလုပ်သားများကိုသာ ခေါ်ယူခဲ့ရာမှ အခုနှစ်မှစပြီး ကျား/မ မရွေး ဝင်ရောက်လျှောက်ထားနိုင်တဲ့ ဝန်ဆောင်မှုလုပ်ငန်းအတွက် တိုးချဲ့ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ဝန်ဆောင်မှုလုပ်ငန်းအတွက် ဖြေဆိုမယ့် အမျိုးသမီးတွေဟာ ပညာအရည်အချင်း အနည်းဆုံး အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူဖြစ်ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တောင်ကိုရီးယားနိုင်ငံမှာ မြန်မာ EPS လုပ်သား ၇၀,၀၀၀ နီးပါး ရောက်ရှိလုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။

image
1 y - Translate

နှစ်သစ်ကူးလက်ဆောင်တွေက ကိုယ်မကြိုက်တာတွေချည်း 😞

image
1 y - Translate

မိမိနှင့် သူငယ်ချင်း ပေါင်းပြီးဆိုင်ဖွင့်ထားသောအခါ

image
1 y - Translate

2025 is coming soon, I hope everything will be better for me. ❤️

image
1 y - Translate

ကြိုးစားဖို့က Ready ဖြစ်နေပြီ

2025 က မရောက်နိုင်သေးဘူး

1 y - Translate

Why Garlic is most important for teeth whitening?

Ingredients
1 piece of fresh garlic

A little salt

Preparation
Crush the garlic to create a paste.

Add a little salt to it.

Apply the mixture to your teeth, making sure it covers them evenly.

Leave for a minute, then rinse with plenty of water.

Frequency: Use this method once a week as part of your oral care routine.

Additional Tips for Optimal Results

Rinse thoroughly: Always rinse your mouth well after using garlic to avoid irritation.

Take care of your teeth and mouth. Brush your teeth regularly and floss to take full advantage of the benefits of garlic.

Consult a dentist: Talk to a dental professional before introducing garlic or any new remedy into your routine.

image
1 y - Translate

ကြက်မွကြော်

ကြက်သားကိုပြုတ်ပီးနွှင်ထားပါ

ကြက်သွန်နီ ဖြူ ဂျင်း ငရုပ်သီး ဆီသပ်ပါနွှင်ထားတဲ့ကြက်သားကိုထည့်ပါ
အရသာမှုန့်ထည့်ပါ မဆလာထည့်ပါ ငံပြာရည်နည်းနည်းထည့်ပါ ရေ အနည်းငယ်ထည့်ပါလှိမ့်ပေးပါ. ကြွှတ်သွားရပါပီ

image
1 y - Translate

ဆင်အမွှာ ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ (၄)လပြည့်မွေးနေ့ပွဲကျင်းပပြုလုပ်

ပဲခူးမြို့၊ ဝင်္ဂဘော်ဆင်စခန်းတွင် မွေးဖွားခဲ့သည့် ဆင်အမွှာမောင်နှမ ဖြစ်သည့် ပုလဲဆင့်နှင့် ကျော်ပုလဲတို့၏ (၄)လ ပြည့်မွေးနေ့ပွဲကို ယမန်နေ့ ဒီဇင်ဘာ (၂၆)ရက်တွင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မွေးနေ့ပွဲတွင် ဆင်အမွှာနှစ်ကောင်အတွက် မွေးနေ့အလှူများ ပြုလုပ်ပေးခဲ့ပြီး၊ ဆင်အမွှာနှစ်ကောင်အတွက် လစဉ်ထောက်ပံ့ကြေးကျပ် (၃၀၀၀၀၀)နှင့် မိခင်ဆင်မကြီးအတွက် ဆင်ဘူဖေးစားသုံးရန် ကျပ်(၅၀,၀၀၀)ကို ၎င်းတို့အားချစ်မြတ်နိုးသည့် သူများက လာရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝင်္ဂဘော်ဆင်စခန်းရှိ ဆင်ဝန်ထမ်းများအတွက် တီရှပ်များ၊ ဆင်စခန်းရှိ ဝန်ထမ်းများအတွက် ဗလာမပါမဲစနစ်ဖြင့် မုန့်ဖိုးများ၊ ဆင်ဝန်ထမ်း သားသမီးကလေ-းငယ်များအား တစ်ဦးလျှင် ကျပ် (၅၀၀ဝ) နှင့် မုန့်များလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆင်အမွှာလေးနှစ်ကောင်အား မိခင်ဖြစ်သူ ဆင်မ ပုလဲစန္ဒာမှ ပြီးခဲ့သည့် ဩဂုတ်လ (၂၆) ရက်တွင်မွေးဖွားခဲ့ခြင်းဖြစ်ပြီး အထီးလေးအား ကျော်ပုလဲ ၊ အမလေးအား ပုလဲဆင့်ဟု အမည်ပေးထားခြင်းဖြစ်သည်။

လက်ရှိ ဝင်္ဂဘော်ဆင်စခန်းတွင် ဆင်မ(၂)ကောင်နှင့် ဆင်ထီး(၅) ကောင်ရှိကာ ၎င်းတို့အတွက် ဆင်ဘူဖေးကျွေးမွေးနိုင်သည်ဟုသိရပြီး ယခုရက်ပိုင်းအတွင်း ဆင်ဘူဖေး လာရောက်ကျွေးမွေးသူများရှိနေကြောင်း သိရသည်။

image