ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သက်ဆိုင်ရာနိုင်ငံ၏ လေယာဉ်လက်မှတ်ပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမည်
ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် မိမိသွားရောက်မည့် နိုင်ငံ၏ လေယာဉ်လက်မှတ်ပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် ယခင်သတ်မှတ်ထားသည့် အချက်အလက်များအပြင် လေယာဉ်လက်မှတ်ကိုပါ တပါတည်းပြရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အလုပ်အကိုင်အမျိုးအစား(PJ) နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဖြင့် OWIC ကတ်ရှိမှသာ ပြည်ပထွက်ခွာခွင့်ရရှိမည်ဖြစ်သည့်အတွက် OWIC ကတ်ကို မဖြစ်မနေလျှောက်ထားရန် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနက အသိပေးထားသည်။
OWIC ကတ်လျှောက်ထားရာတွင်လည်း လူသစ်ဖြစ်ပါက နိုင်ငံကူးလက်မှတ်၊ သန်းခေါင်စာရင်း၊ အလုပ်ခေါ်စာ၊ အေဂျင်စီထောက်ခံချက်၊ စမတ်ကတ်တို့ပြရမည်ဖြစ်ပြီး ခွင့်ပြန်အလုပ်သမားများအနေဖြင့် မိသားစုဆီလွှဲပို့ငွေ၊အခွန်ဆောင်ထားသည့် အထောက်အထားနှင့် အလုပ်ခွင့်စာတို့လိုအပ်ကြောင်း သိရသည်။
မွေးမြူရေးလုပ်ငန်းများ၌ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရန် နစက ဥက္ကဋ္ဌတိုက်တွန်း
မွေးမြူရေးလုပ်ငန်းများ၌ လျှပ်စစ်ဓာတ်အားအထောက်အကူပြုစေရေး နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ထုတ်လုပ်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ရှိ တွံတေးမွေးမြူရေးဇုန်သို့ ရောက်ရှိစဉ် တိုက်တွန်းပြောကြားခဲ့သည်။
၎င်းက ဇုန်များအလိုက် ရေရရှိရေးမှာအဓိကကျ ၍ မွေးမြူရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် လုံလောက်သည့်ရေပမာဏပေးဝေနိုင်ရေးကို စနစ်တကျတွက်ချက်ဆောင်ရွက်ပေးရမည်ဟု ပြောသည်။
ဇုန်များအလိုက် လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ရန်လိုပြီး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ခြင်းများဆောင်ရွက်ပါက မွေးမြူရေးလုပ်ငန်းများ အတွက်အထောက်အကူဖြစ်စေနိုင်မည်ဟု တိုက်တွန်းပြောကြားသည်။
ထို့ပြင် တိရစ္ဆာန်အစာများကို ဇုန်များအလိုက် ဒေသထွက်ကုန်ကြမ်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် စွန့်ပစ်ပစ္စည်းများဖြင့် အသုံးပြုကာ ဇုန်များအလိုက် Green zone Area များဖော်ဆောင်ပေးခြင်း၊ မြက်နှင့် အရိပ်ရလေကာပင်များစိုက်ပျိုးခြင်းတို့ကိုလည်း ထည့်သွင်းပြောကြားသည်။
အလားတူ ကုန်ထုတ်လုပ်ရေးနှင့်ပတ်သက်ပြီး ရေရှည်အကျိုးစီး ပွားနှင့်စဉ်ဆက်မပြတ်သည့် ထုတ်လုပ်မှုဖြစ်စေရေး စနစ်တကျတွက်ချက်၍ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကိုအခြေခံသော တန်ဖိုးမြင့်စက်မှုကုန်ထုတ်လုပ်ငန်းများကိုထုတ်လုပ်နိုင်ရန်လည်း မှာကြားသည်။
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအောင်မြင်ခြင်းဖြင့် လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေနိုင်မည်ကို နစကဥက္ကဋ္ဌက အသိပေးပြောကြားခဲ့သည်။