ငါးတင်ဆောင်လာသည့် ယာဉ်တစ်စီး Gear Box Joint Shaft ပြုတ်ထွက်၍ ယာဉ်တိမ်းမှောက်ရာ သားဖနှစ်ဦး ဒဏ်ရာရ

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းပေါ်၊ လှည်းတန်းခုံးကျော်တံတား အတက်ချဉ်ကပ်လမ်း (KBZ Bank) အနီးတွင် ငါးတင်ဆောင်လာသည့် ယာဉ်တစ်စီး Gear Box Joint Shaft ပြုတ်ထွက်၍ ယာဉ်တိမ်းမှောက်ရာ သားဖနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၉ ရက် နံနက် ၁ နာရီခန့်တွင် ယာဉ်တစ်စီးတိမ်းမှောက်ကြောင်း သတင်းရရှိသောကြောင့် ဒေသခံလူမှုကူညီကယ်ဆယ်ရေးအသင်းများမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ကားပေါ်မှာ သားဖနှစ်ယောက် ပါလာတာ။ သားဖြစ်တဲ့သူက ခေါင်းပေါက်တယ်။ အဖေဖြစ်တဲ့သူက ပွန်းပဲ့ဒဏ်ရာရတယ်” လို့ Yangon Rescue Organization အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို ဝန်းရံမှူးလူမှုကူညီကယ်ဆယ်ရေးအသင်း (ကြည့်မြင်တိုင်) နှင့် ဝင်းမေတ္တာ လူမှုကူညီရေးအသင်း(ကြည့်မြင်တိုင်) အသင်းတို့မှ အထွေထွေရောဂါကုဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

Photo - Credit

#centralnewsnaypyitaw

image
image
image
image

image

မိမိတို့အစိုးရအဖွဲ့အနေဖြင့် အားကစားကဏ္ဍကိုအလေးထားမြှင့်တင်ဆောင်ရွက်ပေးနေသည့်အတွက် ယခုအချိန်တွင် နိုင်ငံ၏အားကစားအဆင့်အတန်း ပြန်လည်ဦးမော့လာနေပြီဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

နေပြည်တော်၊ ဒီဇင်ဘာ ၁၀

မိမိတို့အစိုးရအဖွဲ့အနေဖြင့် အားကစားကဏ္ဍကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးနေသည့်အတွက် ယခုအချိန်တွင် နိုင်ငံ၏အားကစားအဆင့်အတန်းသည် ပြန်လည်ဦးမော့လာနေပြီဖြစ်ကြောင်း ပဉ္စမအကြိမ် မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယခုကျင်းပသည့် အမျိုးသားအားကစားပွဲတော်ကြီးမှ နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့် အမျိုးသားတို့၏ မျိုးချစ်စိတ်ဓာတ်ထက်သန်မှု၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိမှု၊ စည်းလုံးညီညွတ်မှု၊ အမျိုးသားရေးစိတ်နှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ တည်ငြိမ်အေးချမ်းမှုကို ဖော်ထုတ်ပြသနိုင် သည့် ပွဲတော်ကြီးပင်ဖြစ်ကြောင်း၊ အားကစားကို မြှင့်တင်ဆောင်ရွက်ခြင်းကို မွန်မြတ်သည့် လုပ်ငန်းစဉ်တစ်ရပ်၊ နိုင်ငံတော်အတွက်အရေးပါသည့် အမျိုးသားရေးတာဝန်တစ်ရပ်ကဲ့သို့ တန်ဖိုးထားပြီးဆောင်ရွက်ကြမည်ဆိုပါက နိုင်ငံအတွက် စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး ကျန်းမာကြံ့ခိုင်သည့်၊ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံကို အကျိုးပြုနိုင်မည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ကြောင်း ပြောသည်။

လူငယ်များ၏ ပညာရေးနှင့်ကျန်းမာရေးကို အားကစားကဏ္ဍနှင့်ပေါင်းပြီး တိုးမြှင့်ဆောင်ရွက်နိုင်ရန် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ထူးချွန် အားကစားသမားများ ပေါ်ထွက်ရေးအတွက် လူထုအားကစား Mass Sports အဆင့်မှ Excellent Sports အဆင့်အထိ လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်လျက်ရှိသောကြောင့် ကျောင်းသားလူငယ်များနှင့် မသန်စွမ်းသူများအပါအဝင် ပြည်သူတစ်ရပ်လုံးက လိုက်ပါဆောင်ရွက်နိုင်ကြရန် လိုအပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့အစိုးရအဖွဲ့အနေဖြင့် အားကစားကဏ္ဍကို အလေးထား မြှင့်တင်ဆောင်ရွက်ပေးနေသည့်အတွက် ယခုအချိန်တွင် နိုင်ငံ၏အားကစားအဆင့်အတန်းသည် ပြန်လည် ဦးမော့လာနေပြီဖြစ်ကြောင်း၊ တိုးတက်အောင်မြင်မှုအထိုက် အလျောက်ရနေပြီလည်းဖြစ်ကြောင်း၊ အားလုံးက ထိုအပေါ်တွင် ကျေနပ်မနေဘဲ ယခုထက် ပိုပြီးအောင်မြင်အောင်၊ အတိတ်ကကဲ့သို့ အောင်မြင်မှုမျိုးရရှိအောင်၊ နိုင်ငံတကာအလယ်တွင် မြင့်မြင့်မားမားရပ်တည်နိုင်အောင် မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဟူသည့် ရည်မှန်းချက်အတိုင်း ဆက်လက်ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း ပြောကြားခဲ့သည်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image

video
😍😍🤗

Online Sale လုပ်ငန်းတွေကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ လုပ်ငန်းမှတ်ပုံတင် ထုတ်ပေးတော့မယ်

ဒီဇင်ဘာ ၁၀

Online Sale လုပ်ငန်းတွေကို မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ လုပ်ငန်း မှတ်ပုံတင် လက်မှတ် ထုတ်ပေးတော့မယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

အဲ့ဒီလို ကွင်းဆင်းစစ်ဆေးပြီးလုပ်ငန်း လက်မှတ်ထုတ်ပေးမှုကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့ကနေ စတင် လုပ်ဆောင် သွားမှာလို့ ဆိုပါတယ်။

စားသုံး သူတွေကို အကာအကွယ် ပေးဖို့နဲ့ e-Commerce လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ လုပ်ငန်းတွေကို အရေးကြီး ကုန်စည် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ထားတာ ကိုတွေ့ရပါတယ်။

e-Commerce Registration စနစ်နဲ့ အွန်လိုင်းကနေ စျေးရောင်းချဖို့ လျှောက်လွှာ တွေနဲ့ လုပ်ငန်း သက်တမ်းတိုးတာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးပြီး လက်မှတ် ထုတ်ပေးနေတာပဲ ဖြစ်ပါတယ်။

#centralnewsnaypyitaw

image
Bbc burmese is feeling Happy
1 y - Youtube

1 y - Translate - Youtube

Binance မှာ Trading မလုပ်ပဲငွေရှာလို့ရလား

1 y - Translate

ဟင်းမှာစားချင်ပေမဲ့...အသံမထွက်တတ်ဘူး..😒😒

image
1 y - Translate

🩶🩶🩶

image
1 y - Translate

🩶🩶🩶

image