မျှစ်နီအစပ်ကြော်
°°°°°°°°°°°°°°°

မျှစ်နီအမျှင်ခြစ်.............၂၀ကျပ်သား
ကြက်သွန်နီ................၂လုံး
ကြက်သွန်ဖြူ.. .............၅တက်
ငရုတ်သီးခွဲကြမ်း...........၂ဇွန်း
ဆား..........................သင့်ရုံ
ဟင်းခတ်မှုန့်.. ..............သင့်ရုံ

အမျှင်ခြစ်ထားတဲ့မျှစ်နီလေးတွေကိုတစ်ကြိမ်ပြန်ပြုတ်ပေးပါ။ရေအေးလောင်း၊ရေစစ်ထားပါ။

အမျှင်တွေသိပ်ကြီးနေရင်တော့အနည်းငယ်ပြန်ထောင်းပေးပါ။

ဆား၊ဟင်းခတ်မှုန့် ၊ကြက်သွန်ဖြူ ထောင်း၊
ငရုတ်ခွဲကြမ်းမှုန့်တွေထည့်ပြီးနယ်ပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီး
ပါးပါးလှီးထားတဲ့ကြက်သွန်နီကိုနနွင်းမှုန့်အနည်းငယ်နှင့်အတူဆီသတ်ပါ။

အနည်းငယ်မွှေးပြီးနွမ်းလာလျှင်အရသာနယ်ထားတဲ့မျှစ်တွေကိုထည့်ကြော်ပါ။

တစ်ခုသတိထားရမှာကမီးရှိန်အေးအေးမှာရေ
ခမ်းပြီးကျနေအောင်ကြော်ပေးဖို့လိုအပ်ပါတယ်။

‌သတ်သတ်လွတ်စားသုံးတဲ့သူတွေအတွက်
ထမင်းမြိန်စေမယ့်ဟင်းတစ်ခွက်ပါ။

image

ဗဟိုဘဏ်မှ ထိုင်းဘတ် ၈ သန်းကျော် ထပ်မံထုတ်ရောင်း၍ ယခုနိုဝင်ဘာလအတွင်း ထိုင်းဘတ် ၃၄၆ သန်းကျော် ထုတ်ရောင်းထား

နိုဝင်ဘာ ၃၀

ဗဟိုဘဏ်မှ ထိုင်းဘတ် ၈ ဒသမ ၁၉၁ သန်း ထပ်မံထုတ်ရောင်းပေးခဲ့၍ ယခုနိုဝင်ဘာလအတွင်း ထိုင်းဘတ် ၃၄၆ သန်းကျော် ထုတ်ရောင်းပေးထားကြောင်း နိုဝင်ဘာလ ၂၈ ရက် (ယမန်နေ့)တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပါတယ် ။

ဗဟိုဘဏ်အနေဖြင့် နိုဝင်ဘာ ၂၇ ရက်တွင် ထိုင်းဘတ် ၃ ဒသမ ၂၁၈ သန်းနှင့် နိုဝင်ဘာ ၂၈ ရက်(ယမန်နေ့)တွင် ထိုင်းဘတ် ၄ ဒသမ ၉၇၃ သန်း ထပ်မံထုတ်ရောင်းပေးခဲ့၍ ယခုနိုဝင်ဘာလအတွင်း ၁၀ ကြိမ်ထုတ်ရောင်းပေးမှုမှာ စုစုပေါင်းထိုင်းဘတ် ၃၄၆ သန်းအထိရှိသည်။ ထိုပြင် ယခုနိုဝင်ဘာလအတွင်း ဒေါ်လာ ၉၄ သန်းကျော်နှင့် တရုတ်ယွမ် ၁၃ ဒသမ ၇၅ သန်း ထုတ်ရောင်းပေးခဲ့ပြီးဖြစ်ပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image

မိုင်းဖုန်းဆရာတော်ကြီး အထူးဒေသ(၄)သို့ကြွရောက်တော်မူခဲ့

နိုဝင်ဘာ ၃၀

ဘူတန်နိုင်ငံ၊ ဟိမဝန္တာတောင်တန်း၏ မုကျားဟိရိရေခဲတောင်ပေါ်ရှိ ‌ခူးပါးရင်းပိုချေကျောင်း၌ ရက်ပေါင်း ၉၀ သီတင်းသုဉ်းနေတော်မူခဲ့ပြီးနောက် မိုင်းဖုန်းကျောင်းတိုက်သို့ပြန်လည်ကြွရောက်တော်မူခဲ့သည့် မိုင်းဖုန်းဆရာတော်ကြီးသည် နိုဝင်ဘာ ၂၇ ရက်က ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူးဒေသ(၄)သို့ ကြွရောက်တော်မူခဲ့ကြောင်း သိရပါတယ်။

မိုင်းဖုန်းဆရာတော်ကြီးသည် ကွယ်လွန်သွားခဲ့သည့် အထူးဒေသ(၄)၏ ဥက္ကဋ္ဌဦးစိုင်းလင်းအားမြေချထားသော ဗိမ္မာန်သို့ကြွရောက်တော်မူပြီး တရားဓမ္မများဟောကြားခြင်း၊ ညပိုင်းတွင် ဒွေနဂရရွှေစေတီတော်၌ တရားဓမ္မများဟောကြားခြင်းများပြုလုပ်တော်မူခဲ့ကြောင်း သိရပါတယ်။

#centralnewsnaypyitaw

image
image
image
image
image

ဗဟိုစံပြငါးစျေး ရေခဲကြိတ်စက်ရုံ မီးလောင်မှုဖြစ်ပွား

နိုဝင်ဘာ ၃၀

နိုဝင်ဘာ ၃၀ ရက်နေ့ နံနက် ၆ ခွဲ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ကြည့်မြင်တိုင်မြို့နယ်၊ မန်ကျည်းတန်းမြောက် အနောက်ရပ်ကွက်၊ ဉယာဉ်လမ်းရှိဗဟိုစံပြငါးဈေး၊ ရေခဲကြိတ်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့်် ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စုထွက်ခွာငြိမ်းသတ်ခဲ့ရာ ၀၆ ၃၆ အချိန် မီးထိန်းပြီး
၀၆ ၃၉ အချိန် မီးငြိမ်းခဲ့တယ်လို့သိရပါတယ်။

အဆိုပါဖြစ်စဥ်တွင် မီးလောင်ရသည့်အကြောင်းအရင်းနှင့်ဆုံးရှုံးမှုတန်ဘိုး၊လူ ထိခိုက်ဒဏ်ရာ သေဆုံးမှု ရှိ/မရှိအား စုံစမ်းလျှက်ရှိပါတယ်။

#သတင်းဟင်းလေးအိုးကြီး

ယူကရိန်းနိုင်ငံမှာ တပ်ဖွဲ့ဝင်အင်အား ၁၀၀,၀၀၀ တပ်ဖြန့်ချထားဖို့ နေတိုးစီစဉ်နေကြောင်း ရုရှားပြော

နိုဝင်ဘာ ၃၀

ယူကရိန်းနိုင်ငံ လက်တုံ့ပြန်တိုက်ခိုက်နိုင်ရေး ပြင်ဆင်ပေးတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် ယူကရိန်းနိုင်ငံမှာ ငြိမ်း ချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင် အင်အား ၁၀၀,၀၀၀ တပ်ဖြန့်ချသွားဖို့ နေတိုးအဖွဲ့က စီစဉ်ဆောင်ရွက်နေ ကြောင်း ရုရှားနိုင်ငံက ပြောကြားလိုက်ပါတယ်။

နေတိုးအဖွဲ့ဝင် လေးငါးနိုင်ငံဟာ ငြိမ်းချမ်းရေးထိန်းသိမ်းရေးတပ်ဖွဲ့ဝင်တွေ တပ်ဖြန့်ချထားတယ်ဆိုတဲ့ ခေါင်းစဉ် နဲ့ ယူကရိန်းနိုင်ငံကို ဝင်ရောက်သိမ်းပိုက်မှာဖြစ်တယ်လို့ ခန့်မှန်းရကြောင်း ရုရှားပြည်ပနိုင်ငံထောက်လှမ်းရေး တပ်ဖွဲ့ (SVR) က နိုဝင်ဘာ ၂၉ ရက်နေ့ (သောကြာနေ့) က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ရုရှားထောက်လှမ်းရေးအဖွဲ့ဟာ ဘာသက်သေအထောက်အထားမှ မရှိဘဲ အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

နေတိုးအဖွဲ့အနေနဲ့ ယူကရိန်းနိုင်ငံကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ပြီး တပ်ဖြန့်ချထားဖို့ ရည်ရွယ်ချက် လုံးဝမရှိ ကြောင်း အခုနှစ်အစောပိုင်းမှာ အဲဒီအချိန်က နေတိုးအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ် ဂျန်းဆော့တ်တန်း ဘာ့ဂျ်က ပြောပါတယ်။

Newsweek မီဒီယာက နေတိုးအဖွဲ့ကို အွန်လိုင်းကတစ်ဆင့်ဆက်သွယ်ခဲ့သလို ရုရှားကာကွယ်ရေးဝန်ကြီးဌာန ကိုလည်း အီးမေးလ်ကတစ်ဆင့် ဆက်သွယ်ခဲ့ပါတယ်။

စစ်မြေပြင်မှာ ရုရှားကို မဟာဗျူဟာမြောက်အနိုင်ရရှိရေး ဒုက္ခပေးနိုင်တဲ့ အခြေအနေတွေ သိသိသာသာ ကင်းမဲ့ လာတာကြောင့် နေတိုးအဖွဲ့ဟာ ယူကရိန်းစစ်ပွဲကို ရပ်တန့်စေချင်နေပြီဖြစ်ကြောင်း ရုရှား SVR ထောက်လှမ်း ရေးအဖွဲ့က ပြောပါတယ်။

နေတိုးအဖွဲ့ဟာ စစ်မှုထမ်းဥပေဒနဲ့ စုဆောင်းထားတဲ့ ယူကရိန်းစစ်သား တစ်သန်းထက်မနည်းကို လေ့ကျင့်သင် ကြားပေးပြီး ယူကရိန်းနိုင်ငံရဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်းတွေကို ပြန်လည်ထိန်းသိမ်းစေချင်နေ တယ်လို့ SVR က ခန့်မှန်းထားပါတယ်။

“အခုလို အနာဂတ်ဖြစ်နိုင်ခြေ ဆောင်ရွက်ချက်ကို ယူကရိန်းတပ်မတော်ရဲ့ တိုက်ခိုက်ရေးစွမ်းရည် ပြန်လည်မြှင့် တင်ရေးအတွက် အခွင့်အလမ်းတစ်ရပ်အဖြစ်နဲ့ လက်စားချေစစ်ပွဲတစ်ရပ်ပြန်လည်ဆင်နွှဲနိုင်ဖို့ ပြင်ဆင်မှုအဖြစ် အနောက်အုပ်စုက စဉ်းစားထားပါတယ်။” လို့ SVR အဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ယူကရိန်းတပ်မတော်ကို လုံလောက်တဲ့ လက်နက်ခဲယမ်းတွေ မထောက်ပံ့ဘဲနဲ့ ယူကရိန်းနိုင်ငံက အလွန်ရှည် ကြာတဲ့ကာလအတွင်း ပြင်းထန်တဲ့တိုက်ပွဲတွေကို ဆင်နွှဲနိုင်စွမ်းရှိလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချင်ဟာ သဘာဝမကျ ဘူးဆိုတာ နေတိုးဌာနချုပ်က သဘောပေါက်ပါတယ်။” လို့ SVR က ပြောပါတယ်။

ယူကရိန်းကို ဝင်ရောက်သိမ်းပိုက်ရေးအစီအစဉ်ဟာ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် အနောက်အုပ်စုက အသုံးပြုမယ့်နည်းလမ်းဖြစ်လိမ့်မယ်လို့ SVR က ပြောပါတယ်။

Ref: NATO to ‘Deploy 100,000 Peacekeepers’ in Ukraine, Russia Claims: Newsweek

#centralnewsnaypyitaw

image

image

ယူကရိန်းနဲ့ အစ္စရေးကို စစ်ရေးအကူအညီထောက်ပံ့နေတဲ့အတွက် တရုတ်ကိုရင်ဆိုင်ရမယ့်စစ်ရေးအသင့်ဖြစ်မှု ကို ထိခိုက်နေကြောင်း အမေရိကန်ရေတပ်ဗိုလ်ချုပ်ကြီးပြော

နိုဝင်ဘာ ၃၀

အမေရိကန်နိုင်ငံဟာ ယူကရိန်းနဲ့ အစ္စရေးကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့နေရတဲ့အတွက် တရုတ်ကို ရင်ဆိုင်ဖို့ဆောင်ရွက်ထားတဲ့ စစ်ရေးအသင့်ဖြစ်မှုကို စတင်ထိခိုက်နေပြီဖြစ်ကြောင်း အမေရိကန်ရေတပ်အဆင့် မြင့်အရာရှိကြီးတစ်ဦးက ပြောကြားလိုက်ပါတယ်။

အမေရိကန်လက်နက်တိုက်ထဲက ခေတ်မီလက်နက်တွေကို ထောက်ပံ့ပေးနေတာဟာ အမေရိကန်ရဲ့ အဆင့် မြင့်ခေတ်မီလက်နက်တိုက်ကို ထိခိုက်နေကြောင်း အမေရိကန်ပညာရှင်အဖွဲ့ Brookings Institution ရဲ့ ဆွေး နွေးပွဲတစ်ခုမှာ မိန့်ခွန်းပြောကြားစဉ် အင်ဒို-ပစိဖိတ်ဒေသ ရေတပ်အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဆယ်မြူ ရယ်ပါပရိုက ပြောကြားခဲ့တာဖြစ်ပါတယ်။

“တရုတ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်အားအကောင်းဆုံး အနာဂတ်ရန်သူဖြစ်တာကြောင့် အခုလို လက်နက်တွေ တခြားနိုင်ငံတွေကိုထောက်ပံ့နေတာဟာ အရေးအကြီးဆုံးစစ်နယ်ဝန်းဖြစ်တဲ့ အင်ဒို-ပစိဖိတ်ဒေသမှာ တုံ့ပြန်ရ မယ့် အမေရိကန်ရဲ့ စစ်ရေးအသင့်ဖြစ်မှုကို ထိခိုက်စေပါတယ်။” လို့ ၎င်းက ပြောပါတယ်။

အစပိုင်းမှာ ဥရောပနဲ့ အရှေ့အလယ်ပိုင်းဒေသကို တင်ပို့ပေးနေတဲ့လက်နက်အများစုဟာ အမြောက်တွေနဲ့ တာ တိုပစ်လက်နက်စနစ်တွေဖြစ်တာကြောင့် အဲဒီကိုတင်ပို့နေတဲ့လက်နက်တွေနဲ့ပတ်သက်ပြီး ကနဦးမှာ စိုးရိမ်ပူပန် မှု မရှိခဲ့ကြောင်းလည်း ၎င်းက ပြောပါတယ်။

ဒါပေမဲ့ ဆက်လက်ထောက်ပံ့ပေးနေတဲ့ စစ်ရေးအကူအညီတွေထဲမှာ ပိုမိုခေတ်မီတဲ့လက်နက်တွေပါဝင်လာတဲ့ အတွက် လက်ရှိအချိန်မှာ အမေရိကန်လက်နက်တိုက်ထဲမှာ စစ်လက်နက်ပစ္စည်းတွေလျော့ပါးလာတာ မရိုးသား ဘူးလို့ထင်မြင်မိကြောင်း ၎င်းက ပြောပါတယ်။

အမေရိကန်က ယူကရိန်းကိုထောက်ပံ့နေတဲ့ စစ်လက်နက်တွေထဲမှာ ပက်ထရီယော့ဒုံးကျည်တွေနဲ့ HMARSL ဒုံးပစ်လောင်ချာတွေပါဝင်ပါတယ်။

အီရန်နိုင်ငံရဲ့ ပဲ့ထိန်းဒုံးကျည်ရန်ကို ကာကွယ်ဖို့အတွက်လည်း ပင်တဂွန်စစ်ဌာနချုပ်ဟာ THAAD လေကြောင်း ရန်ကာကွယ်ရေးဒုံးကျည်စနစ်တစ်စုံကိုလည်း အစ္စရေးမှာ တပ်ဖြန့်ချထားပါတယ်။

ထိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး အနာဂတ်မှာ တရုတ်နိုင်ငံနဲ့ စစ်မက်ဖြစ်ပွားလာတဲ့အချိန်မှာ ပြင်ဆင်ထားဖို့ အ တွက် လက်နက်တိုက်တွေ တိုးချဲ့ထားဖို့နဲ့ လက်နက်တိုက်တွေထဲကို စစ်လက်နက်ပစ္စည်းတွေ ပြန်လည်ဖြည့် တင်းထားဖို့ အမေရိကန်စစ်တပ်ကို တိုက်တွန်းထားတဲ့ ဇူလိုင်လအတွင်းက ကွန်ဂရက်လွှတ်တော်ရဲ့ ဆန်းစစ် လေ့လာမှုတစ်ခုမှာ ဖော်ပြခဲ့တဲ့အတိုင်း ဗိုလ်ချုပ်ကြီးပါပရိုက ပြောကြားခဲ့တာဖြစ်ပါတယ်။

အမေရိကန်စစ်တပ်ဟာ တရုတ်/ရုရှား နှစ်နိုင်ငံစလုံးကို တပြိုင်တည်း ရင်ဆိုင်ဖို့ မဆိုထားနဲ့ တစ်နိုင်ငံချင်းနဲ့ စစ် မက်ဖြစ်ပွားဖို့တောင် စစ်ရေးပြင်ဆင်မှု အားနည်းနေကြောင်း စာမျက်နှာ ၁၁၄ မျက်နှာပါ အဆိုပါအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လက်ရှိ အမေရိကန်လက်နက်တိုက်တွေထဲမှာ ရှိနေတဲ့ လက်နက်ခဲယမ်းတွေနဲ့ အမေရိကန်နိုင်ငံဟာ စစ်ပွဲတစ်ပွဲ ကို တစ်လထက်ကျော်ပြီး တောင်ခံထားနိုင်လောက်အောင် တိုက်ခိုက်နိုင်စွမ်းရှိမှာမဟုတ်ကြောင်း အဆိုပါအစီ ရင်ခံစာမှာ သတိပေးထားပါတယ်။

Ref: US Admiral Admits Ukraine, Israel Military Aid Affecting Readiness for China

#သတင်းဟင်းလေးအိုးကြီး

image
image
image
image

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ (DEMU) ရထားတွဲဆိုင်းအသစ်များဖြင့် စတင်ပြေးဆွဲ

နိုဝင်ဘာ ၃၀

ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းတွင် ခေတ်မီ Diesel Electric Multiple Unit (DEMU) ရထားတွဲဆိုင်း အသစ်များဖြင့် စတင်ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ၊ ရန်ကုန်ဘူတာကြီး၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး အမှာစကား ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အခြေခံလူတန်းစား ပြည်သူအများစု နေ့စဉ်နှင့်အမျှ အဓိက အားကိုးအားထားပြုနေရသည့် ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးဆုံး လိုအပ်ချက်ဖြစ်သည်ဟု သုံးသပ်ဖော်ထုတ်နိုင်ကြောင်း၊ စရိတ်စက သက်သာစွာနှင့် ခရီးသည်အများအပြားကို လိုရာခရီးကို ပို့ဆောင်ပေးနိုင်ကြောင်း၊ ကုန်စည်အမြောက်အများ ကိုလည်း ရထားလမ်းကွန်ရက်ရှိရာ ဒေသအသီးသီးသို့ ကုန်ကျစရိတ်ကျဉ်းကျဉ်းနှင့် အချိန်တိုအတွင်း ပို့ဆောင်ပေးနိုင်ကြောင်း၊ ယင်းတို့သည် ရထားပို့ဆောင်ရေးလုပ်ငန်း၏ ထင်ရှားသည့် အဓိကအားသာချက်များ ပင်ဖြစ်ကြောင်း ပြောသည်။

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများအတွက် အကြိုအင်ဂျင်နီယာလုပ်ငန်းများကို ၂၀၁၅ ခုနှစ်မှ၂၀၁၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့ကြောင်း၊ တည်ဆောက်ရေးကာလကို ၂၀၁၇ ခုနှစ်တွင် စတင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆောင်ရွက်ပြီးဖြစ်သည့် စီမံကိန်းလုပ်ငန်းများနှင့်အတူ စပိန်နိုင်ငံမှဝယ်ယူရောက် ရှိလာသည့်ခေတ်မီ DEMU လေအေးစက်ပါ ရထားတွဲဆိုင်းအသစ်များအသုံးပြုပြီး မြို့ပတ်ရထားစီးခရီးသွား ပြည်သူများကို ပိုမိုအဆင်ပြေကောင်းမွန်သည့် ဝန်ဆောင်မှုများ တိုးမြှင့်ဆောင်ရွက်ပေးနိုင်တော့မည် ဖြစ်ကြောင်း၊ အလိုအလျောက်မီးရောင်ပြောင်းအချက်ပြနှင့် ဆက်သွယ်ရေးစနစ်များတပ်ဆင်ပြီး ခေတ်မီ ရထားပြေးဆွဲမှုစနစ် ဖြစ်သည့်အတွက် ယခင်က ပြေးဆွဲမှုတစ်နာရီကီလိုမီတာ ၄၀ နှုန်းမှ ကီလိုမီတာ ၆၀ နှုန်းအထိ တိုးမြှင့်ပြေးဆွဲနိုင်တော့မည်ဖြစ်ကြောင်း၊ နေ့စဉ် RBE ရထားအစင်း(၂၀)နှင့် DEMU(၁၅)စင်း အသုံးပြုပြီး အစားထိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image
image
image
image

ကြက်သား ခရုဆီ
~~~~~~~~~
ကြက်သား ၃၀သား(အသားလွှာထားပါ)
ဥနီ ၁တောင့်(လှီးထားပါ)
ဘိုစား ၄တောင့်( ။ )
ကြက်သွန်နီ ၂လုံး(လေးစိတ်စိတ်၍ အဖတ်ခွာထားပါ)
ငရုတ်ပွ ၁တောင့်(လှီးထားပါ)
ကြက်သွန်ဖြူ ၃မွှာ (ဓားပြားရိုက်)
ဂျင်း ၂ပြား(အမျှင်လှီးထားပါ)
ကြက်သွန်မိတ် ၂ပင်
ခရမ်းချဉ်သီး ၁လုံး (လေးစိတ်)
ငရုတ်ပုတောင့် ၁တောင့်
ခရုဆီ ၂ဇွန်း(စားပွဲတင်)
ပဲငံပြာရည်အနောက် အနည်းငယ်
။ အကြည် ။
သကြား ။
ဆား ။
ငရုတ်ကောင်း ။
နှမ်းဆီမွှေး ။
ကော်မှုန့် လိုသလောက်
ဂျုံမှုန့် ။

-ကြက်သား အသားလွှာထားတာကို ပါးပါးလှီး၍ ဆား/သကြား/ငရုတ်
ကောင်း/နှမ်းဆီမွှေး/အနောက်ရည်/ခရုဆီတို့နှင့်နယ်၍နှပ်ထားပါ။
-အသီးအရွက်များကို ဆားထည့်၍ ၂မိနစ်ခန့်ကြော်ပြီ ဆယ်ထားပါ၊
-ပန်းကန်း ၁ချပ်ထဲတွင် ဂျုံမှုန့် ၃ဇွန်ူ ပြောင်းကော်မှုန့် ၁ဇွန်းရော၍နယ်
ထားပါ။
-အိုးတစ်လုံးထဲသို့ ဆီများများထည့်၍ ဆီပူလာလျှင် ကြက်သားများကို
ပန်းကန်းပြားထဲရှိ ဂျုံမှုန့်လူး၍ ထည့်ကြော်ပါ၊နီလာလျှင် ဆီစစ်ပြီး ထည့်ထားပါ၊
### အိုးထဲ၌ ဆီအနည်းငယ်ချန်၍ ငရုတ်ပုထောင်းထည့်ကြော်ပြီး
ဆယ်ထားပါ။ပြီးလျှင် ကြက်သွန်ဖြူ ဂျင်းထည့်ပါ။မွှေးလာလျှင် ပဲအ
ကြည်/အနောက်ထည့်ပါ၊ကြော်ထားသောကြက်သားထည့်မွှေပါ။ကြက်သွန်နီ/ခရုဆီ/ငရုတ်ကောင်း/သကြားထည့်မွှေပြီးရေနွှေးအနည်းငယ်ထည့်၍အဖုံးအုပ်ထားပါ၊ရေခန်းလျှင်ခဏဆက်ကြော်၍အသ္ဓးအရွက်များထည့်ပါ။ခရမ်းချဉ်သီးထည့်ပါ၊ရေနွေးအနည်းငယ်ထည့်ပါ။ကော်မှုန့်ရေဖျော်ထည့်ပါ။အရသာစိတ်ကြိုက်ဖြစ်လျှင်နှမ်းဆီမွှေး/ကြက်သွန်မိတ် ထည့်၍ ရပါပြီရှင်။

image
50 w - Translate

ရန်ကုန်မြို့မှာတည်ရှိပြီး လူသိပ်မသိသေးတဲ့ နှစ်ပေါင်း (၈၀၀) ကျော်သက်တမ်းရှိ သိဒ္ဓိအောင် ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီး🙏

လူသူအရောက်နည်းတဲ့ဘုရား🙏

သိဒ္ဓိအောင်ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီးဟာ
လွန်ခဲ့တဲ့နှစ်ပေါင်း (၈၀၀) ကျော်လောက်ကတည်းကဧရာဝတီမြစ်ကြီးထဲက ဆယ်ယူပြီး ဗုဒ္ဓဆင်းတုတော်ကြီးအဖြစ် ထုလုပ်ပူဇော်ခဲ့တာ ဖြစ်ပါတယ်🙏

အလွန်ရှားပါးအဖိုးထိုက်တန်တဲ့ရေဆန်ကျွန်းနက်နဲ့ ထုလုပ်ပူဇော်ထားတာမို့ လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးစီးပွားနဲ့ ပြည့်စုံစေမယ့်အပြင် ပီယ လာဘသိဒ္ဓိအစွမ်းတွေကိုပါ ပြီးမြောက်အောင်မြင်စေမှာပဲ ဖြစ်ပါတယ်🙏

သိဒ္ဓိအောင်ရေဆန်ကျွန်းနက် မြတ်စွာဘုရားကြီးရဲ့
တည်နေရာကတော့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊(၄၈) ရပ်ကွက်၊ ဗိုလ်မှူးဗထူးအိမ်ယာနားက
ယောက်ကော်အဖေကြီး တည်ထားကိုးကွယ်ခဲ့တဲ့ဇေယျမုနိဘုရားကြီးဝန်းထဲမှာ ကိန်းဝပ်စံပယ်လျှက်
ရှိပါတယ်

မြန်မာပြည်ရဲ့လူဦးရေအများဆုံး ရန်ကုန်မြို့တော်ကြီးမှာ ရှိနေပေမယ့်လည်း လူအရောက်အပေါက်နည်းပြီး အေးချမ်းဆိတ်ငြိမ်တဲ့နေရာလေးမှာ တည်ရှိတာမို့ အခါသင့်အခွင့်ကြုံတဲ့ သွားရောက်ဖူးမျှော်ကြဖို့လည်း တိုက်တွန်းနှိုးဆော်လိုက်ပါတယ်နော်🙏

🚌YBSနဲ့လာရောက်ဖူးမျှော်ချင်တဲ့သူတွေအတွက်10 ၊ 28 ၊ 2 ၊ 27 ၊ 108၊ 13( ကျန်းမာရေး မှတ်တိုင်)မှာဆင်းပြီးဆိုင်ကယ်ငှားပြီးသွားလို့ရတယ်နော်

ညီသုတ (ဧည့်လမ်းညွှန်)

image