27 w - Translate

ကိုင်ဟာဗက်ဇ်ဟာ ယူနိုက်တက် ကို ရှူံးလို့ ထွက်ခဲ့ရတဲ့ FA ဖလားပွဲစဉ်မှာ အာဆင်နယ်အတွက် ဗီလိန် ဖြစ်ခဲ့ရပါတယ် ။ ပွဲချိန်တွင်း အပိုင်အခွင့်အရေး အပြင် အဆုံးအဖြတ် ပင်နယ်တီကိုလည်း ဝင်အောင် မကန်သွင်းနိုင်ခဲ့ပါဘူး ။ ဒါကိုပဲ အာဆင်နယ် ပရိတ်သတ်တွေ ကတော့ ဟာဗက်ဇ် အပေါ် အခဲမကြေ ဖြစ်နေခဲ့ရာကနေ သူ့ရဲ့မိသားစုသာမက ကိုယ်ဝန်လွယ်ထားရတဲ့ ဇနီးရဲ့ ရင်သွေးလေးကိုတောင် ရန်ရှာနေကြပြီ ဖြစ်ပါတယ် ။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကိုင်းဟာဗက်က သူ့ရဲ့ လွဲချော်မှု ဟာ သူ့ရဲ့မဟေသီတင်မဟုတ်ပဲနဲ့ ဗိုက်ထဲ မှာပဲ ရှိသေးတဲ့ ရင်သွေးလေးကိုတောင် အသက် အန္တရာယ် ပြု အခြိမ်းခြောက်ခံနေရတယ်လို့ ထုတ်ပြောလာပါတယ်။ ဇနီးဖြစ်သူရဲ့ IG ကိုလည်း " ကိုယ်ဝန် ပြ-တ်ပါစေ.. ၊ အိမ်ထိလာပြီး မင်း ကလေးကို tat ပစ်မယ် " စတဲ့ message တွေ အဆက်မပြတ် ပို့နေကြောင်း ဝန်ခံလာခဲ့ပါတယ် ။

ဟာဗက် ကို အပြစ်တင် ဝေဖန် ရင်တောင် လက်ခံလို့ ရနိုင်ပေမယ့် လူမဖြစ်သေးတဲ့ ရင်သွေးလေးကို ခြိမ်းခြောက်တာတော့ တကယ့်ကို စိတ်ပျက်စရာ Toxic fan တွေလို့ သတ်မှတ်ရမှာ ဖြစ်ပြီး တစ်ဦးတစ်​ယောက်တည်းမဟုတ်ဘဲ အသင်းလိုက် ကစားတဲ့ ဘောလုံးမှာ အနိုင် အရှုံးဆိုတာ ရှိစမြဲမို့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဟာ ဘောလုံးအားကစား ကို များစွာ အရုပ်ဆိုး အကျည်းတန်စေမှာ ဖြစ်ပါတယ် ။

image