တာချီလိတ်မှ OK ငွေလဲဆိုင်ပိုင်ရှင်အား ပြန်ပေးဆွဲသူ ၆ ဦးအား အသေပစ်ခတ် ဖမ်းဆီးရမိ

ဒီဇင်ဘာ ၁၉

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက် နံနက်ပိုင်းက တာချီလိတ် မြို့နယ်၊ မယ်ခေါင်ရပ်ကွက်တွင် OK ငွေလဲဆိုင်ဖွင့်ထားသူ ဦးရန်ထင်ချမ်း အိမ်ရှေ့တွင် ရေဖြန်းနေစဥ် အမည်မသိ လူငယ် (၄)ဦးမှ ကားပေါ်အတင်းဆွဲတင်ကာ အလိုမတူ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့သဖြင့် ပြန်ပေးဆွဲခံရသူ ဦးရန်ထင်ချမ်း၏ ဇနီး ဒေါ်ကြည်ကြည်ဌေးမှ တရားလိုပြုလုပ်တိုင်ကြားလာ၍ တရားခံများ အမြန်ဆုံး ဖမ်းမိနိုင်ရေးအတွက် တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက စုံစမ်းဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်ကို ရုပ်သံမှတ်တမ်းများမှ စိစစ်ရာ ပြန်ပေးဆွဲ ခေါ်ဆောင်ခံရစဉ်တွင် အသုံးပြုသည့်ကားအား တာချီလိတ်မြို့နယ်၊ ဗိုလ်ချုပ်လမ်းမမှတစ်ဆင့် ပုံလို့လမ်း၊ လားဟူစျေး၊ ထိုမှတဆင့် ဟယ်ရီပေါ်တာ (ဝရွာ) ၊ ကြိုဆိုပါ၏ ဆိုင်းဘုတ်ဘေးမှနေ၍ ပါဆတ်ရပ်ကွက်အတွင်းသို့ ဝင်ရောက်သွားကြောင်း တာဝန်ရှိရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ နယ်မြေသတင်းပေးများ၏ ချိတ်ဆက်ဆောင်ရွက်မှုမှ သိရှိခဲ့ရသည်။

ထို့အတွက် နယ်မြေ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ ပါဆတ်ရပ်ကွက်နှင့် ဆေးခမ်းရပ်ကွက် ဝန်းကျင်ရှိ ပြန်ပေးဆွဲရာတွင် အသုံးပြုခဲ့သည့် ကားအမျိုးအစားနှင့် နံပါတ်ပေါ်မူတည်၍ လိုက်လံရှာဖွေ စစ်ဆေးခြင်းများ ဆောင်ရွက်ကာ တရားခံများ အမြန်ဆုံး ဖမ်းဆီးနိုင်ရေးအတွက် စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

သံသယရှိသဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသော ပါဆတ်ရပ်ကွက် ဆင်ဖြူမင်းလမ်းကြားရှိ အိမ်အမှတ် (၁/၂၇၀)တွင် ပြန်ပေးဆွဲရာ၌ အသုံးပြုသည့် ကားနှင့် သဏ္ဍန်တူသော Toyota Crown Royal Saloon (အဖြူရောင် ) ကို တွေ့ရှိရကြောင်း သတင်းရရှိရသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူးထံ သတင်းပေးပို့ခဲ့ရာ သက်ဆိုင်ရာ တာဝန်ခွဲဝေဆောင်ရွက်၍ တရားခံများ ခိုအောင်းနေထိုင်သည့် အဆိုပါနေအိမ်အား ဝင်ရောက်ရှာဖွေ စီးနင်းမှု ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် စစ်ဗျူဟာအဖွဲ့၊အခြေချ (တာချီလိတ်)မှ ခေတ္တ စစ်ဗျူဟာမှူး ဦးဆောင်သောစစ်ဗျူဟာအဖွဲ့၊ တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့မှုး ဦးဆောင်သော ရဲတပ်ဖွဲ့များ၊ နယ်မြေပြည်သူ့စစ်အဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပါဆတ်ရပ်ကွက်အတွင်းရှိ သံသယရှိနေအိမ်အား စီးနင်းရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်သည့် တရားခံအဖွဲ့မှ စတင်ပစ်ခတ်ကာ ထွက်ပြေးရန် ကြိုးစားသဖြင့် အပြန်အလှန် ပစ်ခတ် ဖမ်းဆီးခဲ့ကြရာ ပြန်ပေးဆွဲ ဓားစာခံ ဖြစ်သည့် ဦးရန်ထင်ချမ်းအား ဘေးကင်းစေရေး ဦးစားပေးကယ်ဆယ်ရန် ဆောင်ရွက်ခဲ့၍ တရားခံ ကျန်းဘီယင်းနှင့် မောင်မောင်ဦးပါ (၆)ဦးအား အသေပစ်ခတ် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

အပြန်အလှန် ပစ်ခတ်မှုကြောင့် အမည်မသိ သေဆုံးသူ တရားခံတစ်ဦး၏ လက်ထဲမှ M 16 သေနတ်အရှည် တစ်လက်၊ ကျည်အိမ် တစ်ခု၊ကျည် (၁၇)တောင့်၊ ကျည်ဆံခွံ (၁၄)ခုနှင့်အတူ ပွိုင့် ၃၈၀ အမျိုးအစား ပစ္စတိုသေနတ် အတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် (၄)တောင့် ၊ ကျည်ခွံ (၄) ခုနှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။

သေဆုံးသွားသည့် တရားခံ(၆)ဦးအနက် ကျန်းဘီယင်း နှင့်မောင်မောင်ဦးတို့မှာ ကွတ်ခိုင်မြို့တွင် နေထိုင်ကြသူများဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ကျန်သည့် သေဆုံးတရားခံများ မည်သူမည်ဝါဖြစ်သည်ကို ဆက်လက် စုံစမ်းစစ်ဆေးနေကာ သေမှုသေခင်းရေး ဆောင်ရွက်ရန်အတွက် တာချီလိတ်ခရိုင် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

#centralnewsnaypyitaw

image
image
image
image
1 y - Translate

အဂ်လိပ်စကားလုံးတိုများ မှတ်ထားရအောင်🥰🥰

#englisheverywhere

image
1 y - Translate

အဂ်လိပ်စကားလုံးတိုများ မှတ်ထားရအောင်🥰🥰

#englisheverywhere

image
1 y - Translate

အဂ်လိပ်စကားလုံးတိုများ မှတ်ထားရအောင်🥰🥰

#englisheverywhere

image
1 y - Translate

အဂ်လိပ်စကားလုံးတိုများ မှတ်ထားရအောင်🥰🥰

#englisheverywhere

image
image
image
image

ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းသော မြန်မာနိုင်ငံသား ၂၀၀ ကျော်ကို မိခင်နိုင်ငံသို့ ပြန်ပို့

ဒီဇင်ဘာ ၁၉

ထိုင်းအာဏာပိုင်များသည် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော မြန်မာနိုင်ငံသား ၂၁၉ ဦးကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့တွင်မိခင်နိုင်ငံသို့ ပြန်ပို့လိုက်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား ၂၁၉ ဦးသည် ထိုင်းနိုင်ငံရှိ မတူညီသောနေရာအသီးသီးတွင် တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းခဲ့သူများဖြစ်ပြီး ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ခံယူစေခဲ့ပြီးနောက် မိခင်နိုင်ငံသို့ ပြန်ပို့ခြင်းဖြစ်ပြီး ကော့သောင်းမြို့သို့ ပြန်ပို့ခဲ့သည်ဟု သိရသည်။

ထိုင်းအာဏာပိုင်များနှင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတာဝန်ရှိသူများသည်လည်း မြန်မာနိုင်ငံသား ၂၁၉ ဦးကို ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ခြင်းအား လာရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသား ၂၁၉ ဦးသည် အသက် ၁၈ နှစ်မှ အသက် ၃၀ အရွယ်ကြားရှိသူများဖြစ်သည်။ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခံရပြီးနောက် မိခင်နိုင်ငံသို့ ပြန်ပို့ခံရမည့် မြန်မာနိုင်ငံသားတစ်ဦးက မိခင်နိုင်ငံသို့ ပြန်ပို့ခံရခြင်းကို စိုးရိမ်ကြောက်ရွှံ့ခြင်းမရှိကြောင်း ပြောသည်။

၎င်းသည် ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ရန်အတွက် ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ လှေဖြင့် ဝင်ရောက်ရန်ကြိုးပမ်းခြင်းဖြစ်ပြီး ပွဲစားခအဖြစ် မြန်မာကျပ်ငွေ သိန်း ၂၀ ပေးခဲ့ရသည်ဟု ပြောသည်။

ထိုင်းအစိုးရသည် လက်ရှိအချိန်တွင် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ဝင်ရောက်ရန်ကြိုးပမ်းခြင်းများကို တားဆီးနိုင်ရန်အတွက် နယ်စပ်ဒေသတွင် လုံခြုံရေးတင်းကြပ်ထားပြီး တရားမဝင်ဝင်ရောက်သူများကိုဖမ်းဆီးကာမိခင်နိုင်ငံသို့ ပြန်ပို့ခြင်းများရှိကြောင်း သိရသည်။

Ref, nationtv

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

ငယ်ငယ်တုန်းက ပုံရိပ်လေးနဲ့ ယခုပုံရိပ်လေးကို တင်လာပေးတဲ့ နေခြည်ဦး 🥰 ချီချီအမေက ငယ်ငယ်က လှတယ်နော် အခုလဲလှနေတုန်းပဲ 😍

#crd_photo

image
1 y - Translate

hair style
ရိုးရိုးရှင်းရှင်းလေး ကြိုက်တယ့်ကောင်မလေးတွေအတွက်

1 y - Translate

ဘာလုပ်နေကြလဲ

1 y - Translate

cute
😍