1 y - Translate

Baby Photoshoot Ideas 💡

image
1 y - Translate

Baby Photoshoot Ideas 💡

image
1 y - Translate

Baby Photoshoot Ideas 💡

imageimage
+6
1 y - Translate

Girl
ပုံတုန်းကြီးလုပ်နေတုန်းလား ဒါလေးတွေမှတ်ထားလိုက်နော် 😍

1 y - Translate

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

ယနေ့ ကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို မြန်မာ့ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ထုတ်လွှင့်မည် ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက် ညနေ ၅ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ပြုလုပ်မည် ဖြစ်ပြီး
ဖွင့်ပွဲအခမ်းအနားမစတင်မီ နာမည်ကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်မည် ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနား ကျင်းပပုံများကို မိဘပြည်သူများ တိုက်ရိုက်ကြည့်ရှုနိုင်ရန်အတွက် ညနေ ၃ နာရီ မိနစ် ၃၀ မှစတင်ပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ရုပ်သံလိုင်းများဖြစ်သော MRTV – HD၊ MRTV Sports ၊ MRTV Parliament ၊ MRTV Farmers’ ၊ MWD HD Channel ၊ MWD Variety HD Channel နှင့် အကျိုးတူ ရုပ်သံလိုင်းများဖြစ်သော Channel 7၊ 5 plus ၊ Sports 2၊ MNTV ၊ M Channel နှင့် မြန်မာ့အသံရေဒီယိုနှင့် အကျိုးတူ FM များဖြစ်ကြသော ပတ္တမြား၊ ချယ်ရီ၊ မန္တလေး၊ ပဉ္စဝတီ၊ ရွှေ၊ ပုဂံတို့အပြင် မိတ်ဖက် FM များဖြစ်ကြသော Star ၊ သဇင်တို့မှလည်းကောင်း၊ MOI Website ၊ MOI Youtube ၊ MRTV Website ၊ MRTV App အပါအဝင် MRTV Online Platform တို့မှ တိုက်ရိုက် Live ထုတ်လွှင့်ပြသမည်ဖြစ်သည်ဟု သိရသည်။

ထို့အပြင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများတွင် အားကစားဝါသနာရှင်များ အခမဲ့ဝင်ရောက်
ကြည့်ရှုနိုင်ပြီး ပြိုင်ပွဲကွင်း/ရုံအသီးသီး ဝင်ပေါက်ဂိတ်များ၌ လည်းကောင်း နိုင်ငံသားစိစစ်ရေးကတ် (သို့မဟုတ်) ယာဉ်မောင်း လိုင်စင်ဖြင့် ယာယီဝင်ထွက်ကတ်ပြားများကိုလဲလှယ်၍ အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

image
1 y - Translate

လှည်းတန်းခုံးကျော်တံတား အနီးတွင် ကုန်တင်ယာဉ်တစ်စီး တိမ်းမှေ-ာက်ပြီး အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာများရ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်၊ လှည်းတန်းခုံးကျော်တံတားအနီးတွင် ငါးများ တင်ဆောင်လာသည့် ကုန်တင်ယာဉ်တစ်စီး တိမ်းမှေ-ာက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖြစ်စဉ်သွားရောက်ကူညီပေးခဲ့သည့် လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။

ဒီဇင်ဘာ (၉)ရက် ၊ နံနက်အစောပိုင်း (၁)နာရီခန့်အချိန်က ပြည်လမ်းမပေါ်၊ လှည်းတန်းခုံးကျော်တံတား အတက်ချဉ်ကပ်လမ်း (KBZ BANK အနီး)တွင် ငါးများတင်ဆောင်လာသော ကုန်တင်ယာဉ်မှာ GEAR BOX JOINT SHAFT ပြု-တ်ထွက်ရာမှ တိမ်းမှောက်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သို့ Yangon Rescue Organization (YRO) ၏ အဖွဲ့ဝင်များဖြစ်သည့် ရတနာဖြိုးကူညီကယ်ဆယ်ရေးအဖွဲ့၊ ဝင်းမေတ္တာလူမှုကူညီရေးအသင်း၊ ဝန်းရံမှူး-လူမှုကူညီကယ်ဆယ်ရေးအသင်း၊ ပြည်သူ+လူရွှင်တော်၊ လှည်းတန်းလူမှုကူညီရေးအသင်းများမှ စေတနာ့ဝန်ထမ်းများ သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှေ-ာက်မှု ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် လိုအပ်သည့် မြေပြင်ဆေးကုသမှုများပြုလုပ်ပေးပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဝန်းရံမှူး၊ ဝင်းမေတ္တာအသင်းများ၏ အရေးပေါ် လူနာတင်ယာဉ်ဖြင့် ပို့ဆောင် ကူညီပေးခဲ့ကြောင်း သိရသည်။

image
1 y - Translate

မမဆောင်းလို ဖြစ်နေ တဲ့ ပိုစတယ်ဂလူးရဲ့ စပါး

♦️ နိုင်မလိုလိုမနိုင်မလိုလိုနဲ့ ရှုံးခဲ့တဲ့ပွဲစဉ်တွေကြောင့် ပိုစတယ်ဂလူးရဲ့ စပါးအသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာကို ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ ဒဏ်ရာပြဿနာ နှိပ်စက်မှုတွေရှိပေမဲ့ နိုင်သင့်နိုင်ထိုက်နိုင်အပ်တဲ့ပွဲစဉ်တွေမှာ စပါးအသင်းကိုယ်တိုင် ကိုယ့်သမိုင်းကိုမရေးနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ခြေစွမ်းက မြင့်ပြီဆို မိုး ဆိုးပြီးဆို ဂျိုး ဖြစ်တဲ့အထိ ခြေစွမ်းမငြိမ်တာပါ။ ဒါက အကြီးမားဆုံးပြဿနာဖြစ်ပြီး စပါးကို ဇယားအောက်ပိုင်းကို ဆွဲချနေတဲ့အချက်ဖြစ်ပါတယ်။ တိုက်စစ်ကစားတာပြဿနာမဟုတ်ပေမဲ့ ကောက်သမျှဖား အောက်ကျသွားပြီးသဲထဲရေသွန်သ လို အမှတ်တွေဆက်တိုက် လျော့တာကတော့ ကောင်းတဲ့အရာလို့မထင်မိပါဘူး။

ပိုစတယ်ဂလူးကြီးပြောတဲ့ ဒုတိယရာသီဆို အောင်မြင်မှုတစ်ခုခုရတယ်ဆိုတဲ့ အဖိုးတန်စကားကြီး လေထဲမှာပျောက်ကွယ်မသွားဖို့ တစ်ခုခုတော့ပြင်ဆင်ဖို့ လိုအပ်နေပါပြီ။

ဘရားသားတို့ ရဲ့ စပါးအပေါ်အမြင်ကရော?

image

❝စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ၇၃၀၀ ကျော်ကနေ အနည်းငယ်ကျဆင်း❞

ဒီဇင်ဘာ ၉

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ဒီဇင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၇၂၅၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဈေးနှုန်းသည် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဖြစ်ပေါ်နေသော ဈေးကွက်နှင့် ဈေးနှုန်းများအရ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်တစ်ပတ်ကရည်ညွှန်းဈေးနှုန်းမှာ ၇၃၀၅ ကျပ် ဖြစ်ခဲ့သဖြင့် ယခုတစ်ပတ်တွင် ၅၀ ကျပ် ကျဆင်းလာခဲ့သည်ကို တွေ့ရသည်။

အဆိုပါ စားအုန်းဆီများကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

#သတင်းဟင်းလေးအိုးကြီး

image

ရန်ကုန် ဘွဲ့နှင်းသဘင်ခန်းမ အပါအ၀င် အဆောက်အအုံ (၄၀) ခုကို ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်

ဒီဇင်ဘာ ၉

ရန်ကုန် ဘွဲ့နှင်းသဘင်ခန်းမ အပါအဝင် အဆောက်အအုံ (၄၀)ခုကို ရှေးဟောင်း အဆောက်အအုံများအဖြစ် သတ်မှတ်လိုက်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောပါတယ်။

အဲ့ဒီလို သတ်မှတ်လိုက်တဲ့အထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်လည်း ပါဝင်ပြီး က‌မ္ဘောဇရိပ်သာ ချင်းချောင်းနန်းတော်နဲ့ ရေနံချောင်းတက္ကသိုလ် ပင်မဆောင်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ယဉ်ကျေးမှုသမိုင်းတန်ဖိုး၊ အနုပညာနဲ့ ဗိသုကာလက်ရာကျန်ရှိမှု စသည့်အချက်တွေနဲ့ ကိုက်ညီတဲ့ တက္ကသိုလ်တွေ၊ အခြေခံပညာအထက်တန်းကျောင်းတွေက အဆောင်များနဲ့ ရုံးတွေကို ရှေးဟောင်းအဆောက်အုံများကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၄ ၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်ခဲ့တာလို့ သိရပါတယ်။

ရှေးဟောင်းအဆောက်အအုံတွေ အဖြစ်သတ်မှတ်ရာမှာ ရန်ကုန်တိုင်းမှာ (၁၅) ခု၊ မန္တလေးတိုင်းမှာ (၅) ခု၊ ဧရာဝတီတိုင်းမှာ (၂) ခု၊ ပဲခူးတိုင်းမှာ (၆) ခု၊ မကွေးတိုင်းမှာ (၂) ခု၊ မွန်ပြည်နယ်မှာ (၉) ခု နဲ့ ရှမ်းပြည်နယ်မှာ (၁)ခုတို့ ပါဝင်တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image
1 y - Translate

food
လိုအပ်သောအစားအစာများ 👍