1 y - Translate

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ လိုအပ်‌နေတဲ့ကစားသမား ခေါ်ယူဖို့အတွက် ဘတ်ဂျက် မရှိကြောင်း သိရပါတယ်။

ဒါကြောင့် လက်ရှိအသင်းမှာ ပိုနေတဲ့ ၊ အနာဂတ်မရှိတော့ ကစားသမား တွေကို ရောင်းချပြီးမှသာ ကစားသမားသစ် တွေကို ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

image
1 y - Translate

Breakfast 🍳

image
1 y - Translate

Breakfast 🍳

image
1 y - Translate

Breakfast 🍳

image
1 y - Translate

Breakfast 🍳

image
1 y - Translate

Breakfast 🍳

image
1 y - Translate

Breakfast 🍳

image
1 y - Translate

Breakfast 🍳

image
1 y - Translate

Breakfast 🍳

imageimage
+5
1 y - Translate

~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“မောင်”
“ကိုယ့်စိတ်ထဲမှာ ဟိုတုန်းက အိပ်မက်တစ်ခုကို ပြန်မက်နေရသလိုပဲ။ နောက်ပြီး နောင်တရတာလဲ မဟုတ်ဘဲနဲ့ စိတ်မကောင်းဘူး ။ မောင် မှားလိုက်တာနော် ၊ သိပ်ကို မှားလိုက်တာ”
မောင် ရုတ်တရက် ငိုချလိုက်မလားဟု ကျွန်မ စိုးရိမ်သွားမိပါသည်။
“ခဏပါကွယ် ၊ နောက်နေ့ကျ မေ့ပျောက်သွားမှာပါ”
ကျွန်မသည် ဂစ်တာကြိုးများကို စမ်းတဝါးဝါး တီးခတ်ရင်း လက်ရှိ အခြေအနေကို မေ့ပျောက်ရန် အတတ်နိုင်ဆုံး ကြိုးစားနေရသည်။
“မောင် သီချင်းဆိုပါလား”
“ဘယ် … တစ်ပုဒ်မှ ကောင်းကောင်းမရတာကြီးကို”
ကျွန်မ မောင့်ကို တီးပြဖို့ သီချင်းကို အတော်ကြာအောင် ရွေးယူရပါမည်။ ကျွန်မတို့လက်ရှိဘ၀ အခြေအနေနှင့် အနှောင့်မလွတ် အသွားမလွတ် သီချင်းမျိုးလည်း မဖြစ်စေရ။ နောက် ကျွန်မ၏
ခံစားချက်နှင့် ဆင်တူသော သီချင်းလည်း မဖြစ်စေရ။ အိမ်ထောင်သည် ယောက်ျားတစ်ယောက်ကို မြူဆွယ်သော သီချင်းမျိုးလည်း မဖြစ်စေရ။ တော်တော်တော့ အရွေးရခက်သော ပြဿနာ ဖြစ်ပါသည်။
ကျွန်မသည် အနည်းငယ် ရယ်ချင်စွာ မောင့်ကို တာ၀န်ပေးမိ၏။
“ကဲ … ဘာ နားထောင်မလဲ ရွေးလေ”
မောင်က ခုတင်ပေါ်မှာ စောင်းလျက် လှဲအိပ်ပြီး ကျွန်မဆီသို့ ငေးမောကြည့်နေရာက ခေါင်းယမ်းပြသည်။ မောင်သည် ပစ္စုပ္ပန်မှာ ရှိနေသူ တစ်ဦးနှင့်လည်း မတူပါ။ မောင် ဘယ်ရောက်နေလဲ။
“ဒီမှာ လာထိုင်ပြီး တီးပါလား ။ ကုလားထိုင်ပေါ်က သိပ်မကောင်းဘူး”
မောင့်အသံက အနည်းငယ် တုန်ယင်ချင်သည်။ မောင်သည် ကျွန်မကို စကားတစ်ခွန်းပြောဖို့ တော်တော် စဉ်းစားနေရဟန် ရှိ၏။
“မောင် နေကောင်းရဲ့လား”
“တော်စမ်းပါ ချစ်ရယ် ၊ မောင့်ကို မင်းရဲ့ လူနာမေးသလို မေးမနေစမ်းပါနဲ့”
အခုမှ မောင့်အသံက လွန်ခဲ့သည့်သုံးလေးနှစ်က လူငယ်ကလေး တစ်ယောက်၏ ပုံစံအတိုင်း ပြန်ဖြစ်လာသည်။
“ဒီမှာလာထိုင်တီးစမ်းပါ”
“ရိုးရိုးသားသား ပြောတာနော်”
“သြော် .. ခက်နေပါပြီ”
ကျွန်မ အသံထွက်အောင် ရယ်မော၍ နေရာက ရွှေ့လိုက်လေသည်။ မောင် ရယ်မောနိုင်ဖို့က အဓိကပါ။ မောင် ပျော်လျှင် ကျွန်မ ပျော်ရမှာ။မောင် စိတ်ဆင်းရဲလျှင် ကျွန်မ စိတ်ဆင်းရဲရမှာ။ ခုတင်ပေါ် ၀င်ထိုင်လျှင် မောင် ကျွန်မ ခါးကို ဖြစ်ဖြစ် ပွေ့ဖက်မည်ဟု ထင်ထားခဲ့သော်လည်း တကယ်မှာတော့ ကျွန်မအား လက်ဖျားဖြင့် ထိကိုင်ခြင်းပင် မရှိပါ။

#ဆက်ရန်ရှိ

image