48 w - Translate

Latest hairstyles and haircut for women in 2024

image
48 w - Translate

Latest hairstyles and haircut for women in 2024

image
48 w - Translate

Latest hairstyles and haircut for women in 2024

imageimage
+7
48 w - Translate

Autumn Nail Designs Too Chic To Resist🍁

image
48 w - Translate

Autumn Nail Designs Too Chic To Resist🍁

image
48 w - Translate

Autumn Nail Designs Too Chic To Resist🍁

image
48 w - Translate

Autumn Nail Designs Too Chic To Resist🍁

image
48 w - Translate

Autumn Nail Designs Too Chic To Resist🍁

image
48 w - Translate

Autumn Nail Designs Too Chic To Resist🍁

image
image
image
image
image
48 w - Translate

မီးလောင်မှုများ ခပ်စိပ်စိပ်ဖြစ်နေသည့်အတွက် မီးဘေးအန္တရာယ် ဂရုစိုက်ရန် လိုအပ်လာ

ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အောက်တိုဘာ (၁၅)ရက် ညပိုင်းနှင့် အောက်တိုဘာ (၁၆)ရက် နေ့လယ်ပိုင်းအချိန်တွင် မီးလောင်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့သတင်းများအရ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ကြံကောက်ရပ်ကွက်၊ (၅၆)လမ်းနှင့် (၅၇)လမ်း၊ (၂၉)လမ်းနှင့် လမ်း (၃၀)ကြားတွင် ယနေ့ အောက်တိုဘာ (၁၆) ရက်၊ နေလယ် (၁)နာရီ (၅၅)မိနစ်အချိန်ခန့်က RC (၂)ထပ်တိုက် ဒုတိယထပ်တွင် မီးလောင်မှုဖြစ်ပွားရာ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်အုပ်စု ထွက်ခွာငြှိမ်းခဲ့ရာ နေ့လယ် (၂)နာရီ (၂၅)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ (၁၆) ရက်၊ နံနက်အစောပိုင်း (၅)နာရီအချိန်ခန့်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့၊ ကောင်းမှုလွယ်ရပ်ကွက်၊ ဖူလီလိုက်လမ်းတွင် မီးလောင်မှုဖြစ်ပွားရာ မူဆယ်ခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ အချိန်(၁)နာရီကျော် ငြှိမ်းသတ်ခဲ့ရပြီး နံနက် (၆)နာရီ (၅)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ (၁၆)ရက်၊ နံနက် (၄)နာရီ (၁၅) မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ နွယ်ချို(၁)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားရာ ပေါင်းတည်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃) စီး၊ ပေါင်းတည်မြို့နယ် အရန်မီးသတ်စခန်းများမှ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက်(၄)နာရီ (၃၅) မိနစ် အချိန်တွင် မီးငြိမ်းခဲ့သည်။

ထို့ပြင် အောက်တိုဘာ (၁၅)ရက်၊ ည(၈)နာရီ (၂၅)မိနစ်အ ချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရေ ကျော်ကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ ဒိုက်ဦးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ပြွန်တန်ဆာနယ် မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ည(၉)နာရီအချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာ (၁၅)ရက်၊ နေ့လယ် (၂)နာရီ (၅၃) မိနစ် အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရ၉ ရပ်ကွက်၊ အောင်သစ္စာလမ်းတွင် မီးလောင်မှုဖြစ်ပွားရာ ဒဂုံဆိပ်ကမ်းမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာ ဉ်(၂)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ရာ (၃)နာရီ (၁)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

image