ဂျာမန်ဘွန်ဒက်လီဂါလိဂ်ကလပ်အသင်းကြီးဘိုင်ယန်မြူးနစ်အသင်းက အသင်းဆီခေါ်ယူအားဖြည့်ဖို့အတွက်မန်ချက်စတာယူနိုက်တက်အသင်းကစားသမား ကော့ဘ်ဘီးမိုင်နူကိုလက်မှတ်ထိုးခေါ်ယူအားဖြည့်ရေးအတွက်ပြင်ဆင်နေတယ်လို့ The Sun သတင်းကဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းကွင်းလယ်ကစားသမားကော့ဘ်ဘီးမိုင်နူက တကယ်လို့ကလပ်အသင်းအနေနဲ့သူလိုချင်တဲ့လုပ်ခလစာအတိုင်းမပေးနိုင်ဘူးဆိုရင်တော့ အိုးထရက်ဖို့ဒ်ကွင်းကနေထွက်ခွာဖို့ဆုံးဖြတ်ချက်ချဖွယ်ရှိနေပါတယ်။

ကော့ဘ်ဘီးမိုင်နူရဲ့လက်ရှိစာချုပ်အရတော့ တပတ်လုပ်ခလစာပေါင် ၂၀၀၀၀ ခန့်ရှိပြီး ကာယကံရှင်အနေနဲ့ကတော့ ၂၀၂၇ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေပါတယ်။အဆိုပါတိုက်စစ်ကစားသမားအနေနဲ့ တပတ်လုပ်ခလစာပေါင် ၂၀၀၀၀၀ လက်ခံရရှိမဲ့စာချုပ်သစ်လိုချင်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ အဆိုပါပမာဏလောက်မြင့်မားတဲ့လုပ်ခလစာကိုပေးအပ်ဖို့စိတ်မရှိတာကြောင့်ကော့ဘ်ဘီးမိုင်နူအနေနဲ့ နွေရာသီကာလ သို့မဟုတ် ဒီဇန်နဝါရီကာလမှာကလပ်အသင်းကနေထွက်ခွာဖို့ဆုံးဖြတ်ချက်ချဖွယ်ရှိနေတယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းကလည်းကော့ဘ်ဘီးမိုင်နူကိုခေါ်ယူဖို့ရေပန်းစားနေတဲ့အသင်းဖြစ်ပေမဲ့ ဂျာမန်ဘွန်ဒက်လီဂါလိဂ်ကလပ်ဘိုင်ယန်မြူးနစ်အသင်းကလည်း အဆိုပါကစားသမားကိုစိတ်ဝင်စားမှုရှိနေပြီး တကယ်လို့အသင်းပြောင်းရွှေ့ဖို့အဆင်သင့်ဖြစ်မယ်ဆိုရင်တော့ အဆိုပါကွင်းလယ်ကစားသမားကိုခေါ်ယူဖို့ပြင်ဆင်လာဖွယ်ရှိနေပါတယ်။
 
#ဘောလုံးသတင်းစုံ

image