1 နှစ် - ဘာသာပြန်ပါ။

ကြက်ခြေထောက်ချဉ်စပ်ဟင်းရည်

ကြက်ခြေထောက် ကို ဆား သကြား စပါးလင် အချိုမှုန့် ငရုတ်ကောင်း ကြက်သွန်ဖြူ ရှောက်ရွက်ထည့်ပြီး ရေနဲ့ ပြုတ်ထားပေးပါ။ ကြက်ခြေထောက်များနူးအိနေသည့်အနေထားရောက်ပြီဆို ကွဲရုံ ထောင်းထားတဲ့ ငရုတ်သီးစိမ်းထည့် နံနံပင်အုပ် သို့ ကြက်သွန်မြိတ်လှီးထည့် သံပုရာရည်ညှစ်ပြီး သုံးဆောင်နိုင်ပါပြီ 🙂

image
1 နှစ် - ဘာသာပြန်ပါ။

8.12.2024 (အဖွင့်ဈေး)

16ပဲရည် 6,110,000📈
15ပဲရည် 5,750,000📈
#goldprice

1 နှစ် - ဘာသာပြန်ပါ။

သူပုန်တွေ ထိုးစစ်ကြောင့် ဆီးရီးယားသမ္မတအာဆတ် လေယာဉ်နဲ့ထွက်ပြေးခဲ့ရပြီး အုပ်ချုပ်မှု အဆုံးသတ်

ဒီဇင်ဘာ ၈

ဆီးရီးယားအစိုးရဆန့်ကျင်ရေး အတိုက်အခံသူပုန်တွေဟာ အစိုးရရုံးစိုက်ရာ မြို့တော်ဒမတ်စကတ်ကို ရုတ်တရက် အံ့ဩသင့်ဖွယ် သိမ်းပိုက်ထိန်းချုပ်နိုင်ပြီး သမ္မတအာဆတ်ရဲ့ အုပ်ချုပ်မှုကနေ လွတ်မြောက်ပြီလို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သူပုန်အဖွဲ့ရဲ့ အံ့အားသင့်ဖွယ် ထိုးစစ်ကြောင့် ဆီးရီးယားသမ္မတ ဘာရှားအာဆတ်ကတော့ ဒမတ်စကတ်ကနေ လေယာဉ်နဲ့ ထွက်ပြေးသွားပြီလို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ တတိယအကြီးဆုံး ဟွမ်းမြို့ကို အပြီးတိုင် သိမ်းပိုက်လိုက်ပြီးနောက် သူပုန်တွေဟာ ဒမတ်စကတ်ကို ချီတက်လာကြတာဖြစ်ပါတယ်။

သမ္မတအာဆတ်ရဲ့ ၂၄ နှစ်ကြာ အုပ်ချုပ်မှု အဆုံးသတ်သွာပြီလို့ ဆီးရီးယားစစ်တပ်က တာဝန်ရှိသူတွေက အကြောင်းကြားမှုတွေရှိခဲ့တယ်လို့ အမည်မဖော်လိုသူ စစ်တပ်တာဝန်ရှိသူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒမတ်စကတ်လေဆိပ်မှ စစ်လေယာဉ်တစင်းကို သူပုန်တွေက သိမ်းယူသွားကြောင်း သတင်းတွေထွက်ပေါ်နေပြီး လေယာဉ်ဟာ အာဆတ်ရဲ့ အမာခံနယ်မြေဖြစ်တဲ့ ဆီးရီးယားကန်းရိုးတန်းဘက်ကို ပျံသန်းသွားခဲ့တယ်လို့ Flightradar ကဆိုပါတယ်။

အတိုက်အခံတွေကို ဒမတ်စကတ်ရှိ ပြည်သူတွေက ကြိုဆိုဂုဏ်ပြုနေကြပြီး သူပုန်များဟာ ဒမတ်စကတ်ဆင်ခြေဖုံးရှိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်အကျဉ်းထောင်ဖြစ်တဲ့ ဆက်နာရာက အကျဉ်းသားတွေကို လွှတ်ပေးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်လာတာကြောင့် ဆီးရီးယားအစိုးရနဲ့ သူပုန်တွေအကြား တွေ့ဆုံဆွေးနွေးဖို့ကို ရုရှား၊ အီရန်နဲ့ တူရကီတို သုံးပွင့်ဆိုင် ဆွေးနွေးပြီး နောက် တိုက်တွန်းသွားမယ်လို့ ဆိုပါတယ်။ ရုရှားနဲ့ အီရန်ကတော့ ဆီးရီးယားအစိုးရကို ထောက်ခံပြီး တူရကီကတော့ အတိုက်အခံသူပုန်အချို့ကို ကျောထောက်နောက်ခံ ပြုထားပါတယ်။

ဆီးရီးယားနိုင်ငံမှာ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို အာဏာရှင်သမ္မတ ဘာရှာအာဆတ်က အင်အားသုံးဖြိုခွဲမှုတွေပြီးနောက် ၁၀ နှစ်ကျော်ကြာ ပြည်တွင်းစစ်စတင်ခဲ့ပြီး လူပေါင်း တသန်းခွဲသေဆုံးခဲ့ပြီး သန်းပေါင်းများစွာ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

Ref:Reuters
Photo:AFP/AP

#centralnewsnaypyitaw

imageimage
+4
1 နှစ် - ဘာသာပြန်ပါ။

အဆိုးဆုံးအတွက် ပြင်ဆင်ထားဟု မန်စီးတီးနည်းပြဂွါဒီယိုလာ ပြော

အဆိုးဆုံးတွေအတွက် ပြင်ဆင်ထားကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ဝန်ခံပြောသွားပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့နဲ့ ပွဲစဉ်မှာ ၂ ဂိုးစီသရေကျခဲ့ပြီးနောက် အခုနှစ် ဘောလုံးရာသီမှာ မန်စီးတီးအသင်းအနေနဲ့ ပြန်လည်ရှင်သန်လာနိုင်ဖို့ ရုန်းကန်သွားရတော့မှာ ဖြစ်ပြီး အဆိုးဆုံးတွေအတွက်ပါ ပြင်ဆင်ထားကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

ရာသီစတင်ချိန် ကတည်းက လေ့ကျင့်ပြင်ဆင်ချိန် နည်းခဲ့တာကြောင့်ခက်ခဲခဲ့ပြီး တရာသီလုံး ခက်ခဲမှုတွေနဲ့ ရင်ဆိုင်ရနိုင်ကြောင်း၊ ဒဏ်ရာရ ကစားသမားတွေ ရှိနေတာကလည်း ကံမကောင်းကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။

မန်စီးတီးအသင်းဟာ ပဲလေ့နဲ့ သရေရလဒ်ကြောင့် လီဗာပူးထက် တပွဲပိုကစားထားပေမဲ့ ၈ မှတ်အထိ ကွာဟသွားပြီ ဖြစ်ပါတယ်။
DVB

image
1 နှစ် - ဘာသာပြန်ပါ။

Snow day! 🥰❄️🌨️

image
1 နှစ် - ဘာသာပြန်ပါ။

Snow day! 🥰❄️🌨️

image
1 နှစ် - ဘာသာပြန်ပါ။

Snow day! 🥰❄️🌨️

image
1 နှစ် - ဘာသာပြန်ပါ။

Snow day! 🥰❄️🌨️

image
1 နှစ် - ဘာသာပြန်ပါ။

Snow day! 🥰❄️🌨️

image
1 နှစ် - ဘာသာပြန်ပါ။

Snow day! 🥰❄️🌨️

image