26 ပတ် - ဘာသာပြန်ပါ။

အရသာရှိတဲ့ ကော်ပြန့်ဖက်ထုပ် ဘယ်လိုလုပ်စားမလဲ။ ဆိုင်မှာတအားဈေးကြီးပေမယ့် ဒီလုပ်နည်းက သက်သာပြီး ပိုစားကောင်းစေပါတယ်။ အရင်ဆုံးဂျံနုနုလေးထဲကို ကြည်ဥထည့်နယ်။ ရောသမအောင် မွှေပြီးသွားရင် အဝိုင်းပြားလေးတွေလုပ်ပြီး တစ်ထပ်ချင်းကြက်ဥသုတ်ပါမယ်။ ဆိုင်မှာကော်ပြန့်ဖတ်ဝယ်လိုက်ရင် ပိုမြန်ပေမယ့် စိတ်ကြိုက်အရွယ်အစားနဲ့ အရသာကောင်းကောင်းလေး ရအောင် စိတ်ရှည်ရှည်ထားရပါမယ်။ အဝိုင်းလေး ၅ ခုလောက် ကြက်ဥနဲ့မံပြီးသွားရင် ဒလိမ့်တုံးကို သုံးပြီး အချပ်ကြီးကြီးရအောင် ကြိတ်ပစ်ရပါမယ်။ မထူမပါးအနေအထားက အသင့်တော်ဆုံးပါပဲ။ ရလာတဲ့ အဝိုင်းချပ်ကြီးကို ရေနွေးငွေ့နဲ့ပေါင်းပြီးရင် ပထမအဆင့်ပြီးဆုံးသွားပါပြီ။ ပြီးရင် နုတ်နုတ်စင်းထားတဲ့ ကြက်သွန်မြိတ်ထဲကို သံလွင်ဆီထည့်နယ်။ ခါကြက်ဥ ပေါက်ပေါက်၊ အသားတောက်တောက်၊ တကယ့်ကြက်ဥပေါက်ပေါက်ကို ပစ်ထည့်ပြီး ဆား၊ နှမ်း၊ ကြက်သားမှုန့်၊ ခရုဆီထည့်ကာ နှံ့စပ်သွားအောင် မွှေပေးရပါမယ်။ ခုနကပေါင်းထားတဲ့ ဂျုံချုပ်တွေကို ထုတ်လိုက်ရင်တော့ အလွှာပါးပါး အပြားကြီးကြီးဖြစ်နေတာကို တွေ့ရမှာပါ။ စားချင်စိတ်ကိုထိန်းချုပ်ပြီး ဂျုံချပ်ထဲကို ရောနယ်ထားတဲ့ ကြက်သွန်မြိတ်နဲ့အသားပေါက်ပေါက်တွေ ထည့်ပြီးလိပ်ရင်တော့ လျှာလည်သွားမယ့် ကော်ပြန့်ဖက်ထုပ်ကို အိမ်လက်ရာအတိုင်း ရရှိပါပြီ။
#မြိန်မြိန်

image
image
image
image