Part_1
*လူနည်းစု ရပိုင်ခွင့်ကို ကာကွယ်မှု
သာမန်အားဖြင့် စဉ်းစားသော် ဒီမိုကရေစီနိုင်ငံတွင် အာဏာသုံးရပ်ရှိလျှင် သုံးရပ်လုံးသည် ပြည်သူ့ကိုယ်စားလှယ်များ လက်တွင်း၌သာ ရှိရလိမ့်မည်ဟု ယူဆစရာရှိသည်။ ထိုသဘောအရ တရားစီရင်ရေး အာဏာကို ကိုင်တွယ် သုံးစွဲမည့် တရားသူကြီးများကို ပြည်သူတို့ကိုယ်တိုင် ဆန္ဒမဲပေး၍သော် လည်းကောင်း၊ ပြည်သူတို့ ရွေးလိုက်သည့် ကိုယ်စားလှယ်များကသော် လည်းကောင်း ခန့်အပ် တာဝန်ပေးခြင်း၊ ရုပ်သိမ်း ဖြုတ်ပယ် ခြင်းများ ပြုခွင့်ရှိသင့်သည်ဟု စဉ်းစားနိုင်သည်။
သို့သော် လက်တွေ့သဘောအရ ကြည့်သည့်အခါ
၄-၅ နှစ် တစ်ကြိမ် ကျင်းပသည့် ရွေးကောက်ပွဲတွင် နေရာအများစု အနိုင်ရသော ပါတီမှ ကိုယ်စားလှယ်တို့ လွှတ်တော်တွင် ဦးဆောင်မှုရရှိပြီး၊ မိမိတို့ပါတီက လိုလားသော မူဝါဒများကို အကောင်အထည်ဖော်ရန်အတွက် လိုအပ်သော ဥပဒေများကိုအများစုအင်အားဖြင့် ပြဋ္ဌာန်းကြမည်၊ ထို့နောက် ၎င်းတို့ပါတီမှ ပုဂ္ဂိုလ်များဖြင့်ပင် ဖွဲ့စည်းသော အစိုးရပိုင်း (အုပ်ချုပ်ရေး စီမံခန့်ခွဲရေး) ပုဂ္ဂိုလ်များက ထိုဥပဒေများကို ကိုင်စွဲကာ ၎င်းတို့၏ မူဝါဒများကို ဖော်ဆောင်ကြမည်၊ တစ်ဖန် အကယ်၍ ထိုမူဝါဒများနှင့် ဆန့်ကျင်ကွဲလွဲသော အယူအဆရှိသူတို့၏ ပြောဆို လုပ်ကိုင်မှုများသည် ထိုဥပဒေများနှင့် ငြိစွန်းသည်ဟု စွပ်စွဲမှုများရှိ၍ ထိုစွပ်စွဲခံရသူတို့အား အာဏာရပါတီမှ ပုဂ္ဂိုလ်တို့ ရွေးချယ်ခန့်အပ်သော တရားသူကြီးများကပင် စစ်ဆေးစီရင်မည်ဆိုလျှင် တိုင်းပြည်၌ နိုင်ငံရေးအရ အများစု ဖြစ်နေသူတို့က အာဏာရှင်သဖွယ် စိုးမိုးအုပ်ချုပ်သော စနစ်မျိုး ဖြစ်ပေါ်လာလိမ့်မည်။
#ဆက်ရန်ရှိ