ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဒန့်သလွန်
'''ကြက်ရိုးဟင်းခါး"
ကြက်ရိုးကိုသန့်စင်အောင်ဆေးပီအိုးထဲထည့် ရေကိုလိုသလောက်ထည့်ပီတည်ပါရေဆူပီအမြုပ်တေတက်လာရင်ဆယ်ထုပ်ပါအမြုပ်တေကုန်ပီနူးလာရင် ကြက်သွန်ဖြူနဲ့ငရုပ်ကောင်းမှုန့်ထောင်းထားတာထည့်ကြက်သွန်နီကိုလေးစိတ်လှီးအဖတ်လေးတေရအောင်ခွါထည့် ဆား အချိုမှုန့်ပါရုံထည့်ပီ ၂မိနစ်လောက်ပြန်တည် အိုးချခါနီးကိုယ်စားချင်တဲ့အရွက်တေပစ်ထည့်အပေါ့အငန်မီးကာအိုးချလို့ရပါပီ
ဆင်နာ၏ တားမြစ်ဆေးအမှု ဧပြီလ၌ ကြားနာမည်
-----------------------
ကမ္ဘာ့အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာရဲ့ တားမြစ်ဆေးမှုကို လာမယ့် ဧပြီလ ၁၆ ရက်နဲ့ ၁၇ ရက်နေ့ တွေမှာ စတင်ကြားနာသွားမယ်လို့ သိရပါတယ်။ ၂၀၂၄ မတ်လအတွင်း တားမြစ်ဆေး စစ်ဆေးမှုတွေမှာ ၂ ကြိမ် ဆေးကျခဲ့တဲ့ ဆင်နာရဲ့အမှုကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်က စစ်ဆေးခဲ့ပြီးနောက် ဆင်နာမှာ အပြစ်မရှိဘူးလို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့တားမြစ်ဆေး တိုက်ဖျက်မှုအေဂျင်စီက ဆင်နာရဲ့ အမှုကို ပြန်လည်စုံစမ်းစစ်ဆေးပေးဖို့ အားကစားဆိုင်ရာ ခုံသမာဓိရုံးကို လျှောက်ထားခဲ့ပြီး လာမယ့် ဧပြီလမှာ ကြားနာမှုတွေ စတင်တော့မှာ ဖြစ်ပါတယ်။ တားမြစ်ဆေးတိုက်ဖျက်မှုအေဂျင်စီကတော့ တားမြစ်ဆေး သုံးစွဲခဲ့တဲ့ ကစားသမားကို ပြစ်ဒဏ်အဖြစ် ၁ နှစ်ကနေ ၂ နှစ်အတွင်း ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို့ တောင်းဆိုထားပါတယ်။
ဆင်နာ ကတော့ သူ့ဘက်က အမှားအယွင်း တစ်စုံတစ်ရာကျူးလွန်ထားတာ မရှိဘူးလို့ ပြောကြားထားပါတယ်။ ဆင်နာ အနေနဲ့ လက်ရှိမှာ ဩစတြေးလျအိုးပင်းချန်ပီယံဆုကို ကာကွယ်ဖို့အတွက် ပြင်ဆင်နေပြီး လာမယ့်တနင်္လာနေ့မှာ ပထမအဆင့်ပွဲအဖြစ် ချီလီနိုင်ငံသား ဂျာရီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ဆင်နာဟာ ပြီးခဲ့တဲ့နှစ်က အင်ဒီးယန်း ဝဲလ်ပြိုင်ပွဲ ယှဉ်ပြိုင်နေစဉ်တုန်းကလည်း ဆေးစစ်မှုမှာ ၂ ကြိမ် ဆေးကျခဲ့ဖူးပါတယ်။
တရုတ်နိုင်ငံတွင် ကျောင်းသားတစ်ဦးသေဆုံးမှု ဆန္ဒဖော်ထုတ်မှုဖြစ်နေ
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်စီပြည်နယ်မှာ ဆယ်ကျောက်သက်တစ်ဦး သေဆုံးမှုကို အာဏာပိုင်တွေက ဖုံးကွယ်မှုကြောင့် ဆန္ဒဖော်ထုတ်မှုတွေဖြစ်ပေါ်နေပါတယ်။
လူမှုကွန်ရက်ပေါ်တက်လာတဲ့ ဗီဒီယိုတွေကို ကိုးကားပြီး CNN သတင်းက သောကြာနေ့မှာ သတင်းရေးသား ဖော်ပြလာတာပါ။
CNN စိစစ် အတည်ပြုထားတဲ့ ဗီဒီယိုတွေမှာ ဆန္ဒဖော်ထုတ်သူ ဒါဇင်များစွာဟာ ပူချန်သက်မွေးသိပ္ပံကျောင်းအပြင်ဘက် မှာ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကို ထိပ်တိုက်ရင်ဆိုင်နေတာ တွေ့ရပါတယ်။
တချို့ ဆန္ဒဖော်ထုတ်သူတွေက ရဲတွေကို အရာ၀တ္ထုတွေနဲ့ ပစ်ပေါက်နေတာကိုလည်း တွေ့ရပါတယ်။
ဒါကို တုံ့ပြန်တဲ့အနေနဲ့ ရဲတွေကလည်း ဆန္ဒဖော်ထုတ်မှုကို ကြမ်းကြမ်းတမ်းတမ်း ကိုင်တွယ်ခဲ့ရာမှာ တစ်ချို့ကို ရိုက်နှက်တာ ၊ မြေကြီးပေါ် တွန်းထိုးလှဲချခဲ့တာတွေလည်း ရှိခဲ့ပါတယ်။
အဲဒီ သက်မွေးသိပ္ပံကျောင်းက ဒန်လို့ ခေါ်တဲ့ ဆယ်ကျော်သက် တတိယနှစ် ကျောင်းသားတစ်ယောက် သေဆုံးမှုဟာ မတော်တဆဖြစ်စဉ်သာ ဖြစ်ပြီး ရာဇဝတ်မှုမဟုတ်ဘူးလို့ အာဏာပိုင်တွေက ဇန်နဝါရီ (၂) ရက်နေ့က ပြောခဲ့ပါတယ်။
ဒါပေမဲ့ လူမှုကွန်ရက်တွေပေါ်မှာတော့ အဲဒီကျောင်းသား သေဆုံးမှုကို ဖုံးကွယ်ထားတယ်လို့ စွပ်စွဲမှုတွေ က ပျံ့နှံ့နေခဲ့တာမှာ ဒါကို အကြောင်းပြုပြီး ဆန္ဒဖော်ထုတ်မှုတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။