Oxford Online English Lessons ကနေ မိမိ English စာစွမ်းရည် Reading, Writing, Speaking, and Listening များအတွက် အခမဲ့ သင်ခန်းစာများကို ဖွင့်ထားပါတယ်။ ဒီမှာတစ်ခါတည်း ကိုယ် English စာစွမ်းရည် Level ကိုလည်း တစ်ခါတည်း စစ်ဆေးလို့ရပါတယ်။ ဒီထက်ပိုကောင်းတာက တစ်ပတ်ကိုနှစ်ရက် Live Stream Lesson တွေကို YouTube ကနေ ပို့ချပေးတာလည်းဖြစ်ပါတယ်။
ပို့ချပေးတဲ့ သင်ခန်းစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
Business English Lessons
Cambridge Exam Preparation Lessons
English Gramar Lessons
English Listen Lesso
English Pronunciation Lessons
English Study Advice Lessons
English Vocabulary Lessons
English Writing Lessons
IELTS Preparation Lessons
Spoken English Lessons
Link: https://www.oxfordonlineenglis....h.com/free-english-l

#crd

image

52 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)🍓🍓🍓

ပွင့်အားကောင်း အသန့် ကာလာစပ်လှလှလေးတွေ
အရွယ်ညီညီ ကျောက်သားလေးပြောင်နေတာပဲ

#gems

image
52 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)🍓🍓🍓

ပွင့်အားကောင်း အသန့် ကာလာစပ်လှလှလေးတွေ
အရွယ်ညီညီ ကျောက်သားလေးပြောင်နေတာပဲ

#gems

image
52 ပတ် - ဘာသာပြန်ပါ။

Natural Spinal (Mogok)🍓🍓🍓

ပွင့်အားကောင်း အသန့် ကာလာစပ်လှလှလေးတွေ
အရွယ်ညီညီ ကျောက်သားလေးပြောင်နေတာပဲ

#gems

imageimage
52 ပတ် - ဘာသာပြန်ပါ။

ချန်ပီယံဆုအတွက် ဘာမဆိုဖြစ်နိုင်သေးကြောင်း တိုက်စစ်မှူးဟောင်း အလန်ရှီးယားသုံးသပ်

ချန်ပီယံဆုအတွက် ဘာမဆိုဖြစ်နိုင်သေးကြောင်း အင်္ဂလန်နဲ့ နယူးကာဆယ်တိုက်စစ်မှူးဟောင်း အလန်ရှီးယားက သုံးသပ်သွားပါတယ်။

ပရီးမီးယားလိဂ် ရာသီဝက်ကာလအထိ လီဗာပူးအသင်းက ပြိုင်ဘက်တွေကို အမှတ်ဖြတ် ဦးဆောင်ထားပေမဲ့ ပွဲစဉ်တွေ အများကြီးရှိသေးတဲ့အတွက် ဘာမဆိုဖြစ်နိုင်သေးတဲ့အကြောင်း အလန်ရှီးယားက ပြောခဲ့တာပါ။

လီဗာပူးအသင်းဟာ အကောင်းဆုံးစွမ်းဆောင်ရည် ပြသနေပြီး ပွဲထွက်ကစားသမားတွေအပြင် အရန်ကစားသမားတွေကလည်း ပွဲကို အဆုံးအဖြတ်ပေးနိုင်သူတွေဖြစ်တယ်လို့ အလန်ရှီးယားက ချီးကျူးပါတယ်။

ဒါပေမဲ့ ဘုန်းမောက်၊ နော်တင်ဟမ်ဖောရက်နဲ့ ချဲလ်ဆီးတို့က ထင်မှတ်မထားတာတွေ လုပ်ဆောင်ပြနေပြီး လီဗာပူးအသင်းကိုယ်တိုင်လည်း နည်းပြသစ်လက်ထက်မှာ မထင်မှတ်တာတွေ လုပ်ပြနေတာဖြစ်လို့ ချန်ပီယံဆုအတွက် မထင်မှတ်တာတွေ ဖြစ်လာနိုင်သေးကြောင်း အလန်ရှီးယားက ပြောပါတယ်။
DVB

image
52 ပတ် - ဘာသာပြန်ပါ။

ကယားပြည်နယ်ပြည်သူ့ပါတီ(KySPP) ၏ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို UEC ခွင့်ပြု

နေပြည်တော်၊ ဒီဇင်ဘာ ၂၇

ကယားပြည်နယ်ပြည်သူ့ပါတီ(KySPP) ၏ နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

နိုင်ငံရေးပါတီတည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ဒီဇင်ဘာလ ၂၆ရက်နေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၈ ဖွဲ့ရှိပြီး၊ ယင်းသို့လျှောက်ထားသည့်အဖွဲ့များအနက် ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ယမန်နေ့တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုလိုက်ကြောင်း သိရှိရသည်။

ပါတီတည်ထောင်ခွင့်ရရှိသော ကယားပြည်နယ်ပြည်သူ့ပါတီ (KySPP)သည် ခွင့်ပြုချက်ရရှိသည့် နေ့မှစ၍ ရက်ပေါင်း ၃၀ အတွင်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေ ၇ နှင့်အညီ ကော်မရှင်သို့ နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့အထိ တည်ထောင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၁၅ ပါတီ ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image
52 ပတ် - ဘာသာပြန်ပါ။

27 Dec 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,380
USD Sell - MMK 4,450
EUR Buy - MMK 4,560
EUR Sell - MMK 4,650
SGD Buy - MMK 3,255
SGD Sell - MMK 3,315
THB Buy - MMK 128.21
THB Sell - MMK 130.72
JPY Buy - MMK 27.77
JPY Sell - MMK 28.31
MYR Buy - MMK 981
MYR Sell - MMK 1,000
CNY Buy - MMK 600
CNY Sell - MMK 612

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,760,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,120,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image

ငါ့အစ်မ၃ယောက်ကဆရာကြီး အပိုင်း-၅

အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်း အသက် ၉၂ နှစ်အရွယ်၌ ကွယ်လွန်

ဒီဇင်ဘာ ၂၇

အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုကို ကျယ်ပြန့်စွာဆောင်ရွက်ခဲ့သူနဲ့ အမေရိကန်နဲ့ နျူကလီးယား သဘောတူညီချက်တစ်ရပ် ရယူနိုင်ခဲ့သူအဖြစ် အသိအမှတ်ပြုကြရတဲ့ အိန္ဒိယဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းဟာ ဒီဇင်ဘာလ ၂၆ ရက်၊ ည ၉ နာရီ ၅၁ မိနစ်အချိန် အသက် ၉၂ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။

ဆင်းဟာ နေအိမ်မှာ ရုတ်တရက်သတိလစ်ပြီးနောက် နယူးဒေလီမြို့ရှိ All India Institute of Medical Sciences ဆေးရုံကို ည ၈ နာရီ ၆ မိနစ်မှာ တင်ပို့ခဲ့တာပါ။ ဆရာဝန်များက အစွမ်းကုန်ကြိုးစားကြပေမယ့် ည ၉ နာရီ ၅၁ မိနစ်မှာတော့ ဝန်ကြီး ချုပ်ဟောင်း မန်မိုဟန်ဆင်း ကွယ်လွန်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဆင်းဟာ ပါလီမန်ရဲ့ အထက်လွှတ်တော်မှာ ကွန်ဂရက်ပါတီခေါင်းဆောင်ဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ နှစ်အကြာဆုံးတာဝန်ထမ်းခဲ့တဲ့ ဝန်ကြီးချုပ်တွေထဲက တစ်ဦးလည်းဖြစ်ကာ ဝန်ကြီးချုပ်တာဝန်ကို ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။၂၀၁၄ ခုနှစ်မှာ ဆင်းဆီက ဝန်ကြီးချုပ်တာဝန်လွှဲပြောင်းရယူခဲ့တဲ့ မိုဒီက ဆင်းကို အိန္ဒိယနိုင်ငံရဲ့အောင်မြင်ကျော်ကြားမှု အရှိဆုံး ဝန်ကြီးချုပ်အဖြစ် ချီးကျူးခဲ့ပါတယ်။

ဆင်းက တရုတ်နိုင်ငံနဲ့လည်း နယ်စပ်အငြင်းပွားမှု ရပ်ဆိုင်းဖို့ ကြိုးစားခဲ့ပြီး နှစ် ၄၀ ကျော်ပိတ်ထားခဲ့ ရတဲ့ တရုတ်နဲ့အိန္ဒိယ နိုင်ငံတို့အကြားက နာတူလာ တောင်ကြားပြန်လည်ဖွင့်လှစ်နိုင်ရေး သဘောတူညီချက်အတွက် စေ့စပ်ပြောဆိုခဲ့ပါတယ်။

ဆင်း မှာ ဇနီးဖြစ်သူ ဂါရှရန် ကောနဲ့ သမီးသုံးဦး ကျန်ရစ်ခဲ့ပါတယ်။

Ref- AP

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image