1 နှစ် - ဘာသာပြန်ပါ။

L A လို့ခေါ်တဲ့ လော့စ် အိန်ဂျယ်လိ့စ်မြို့ ကြီးဟာ ပစ္စိဖိတ်ကမ်းခြေတလျှောက် ၇၅ မိုင် ရှည်ပါတယ်။ စတုရန်းမိုင်ပေါင်း ၄၀၈၄ မိုင် ကျယ်တယ်။ လူ ၁၈သန်းကျော်နေတယ်။ အိမ်ပေါင်း ၃.၈ သန်းကျော်ရှိတယ်။ မြို့ဟာ ရန်ကုန်ကနေ ဒိုက်ဦးလောက်အထိ အိမ်တွေဆက်စပ်နေပါတယ်။ L.A မှာ တက္ကသိုလ်၊ ကောလိပ် ၃၀၈ ခုရှိပါတယ်။
အမေရိကန်နိုင်ငံမှာ နယူးယောက်ပြီးရင် ဒုတိယအကြီးဆုံးမြို့ ဖြစ်ပါတယ်။ လူဖြူတွေက ၃၇% အာရှတိုက်သားတွေက ၁၂% အမဲက ၈.၅% ကျန်တာ မက်ဆီကန်လို တောင်အမေရိကကလူတွေ နေတယ်။
အခုမီးလောင်တဲ့ နေရာတွေဟာ ကမ်းခြေနားက တောင်တွေမှာ လောင်နေတာ၊ သူဌေးတွေက တောင်ကုန်းတွေပေါ်နေပြီး ပင်လယ်အလှ၊ မြို့ရဲ့အလှကို အပေါ်စီးက ကြည့်ဖို့ စျေးကြီးပေးဝယ်နေထိုင်ကြတယ်။ လူကုံထံ ရပ်ကွက်တွေပါ။
ကာလီဖိုးနီးယားပြည်နယ် ဟာ သဲကန္တာရဆန်တဲ့ ဒေသပါ၊ တနှစ်မှာ မိုးရွာတာ တနှစ် ၁၀ လက်မ ကနေ ၃၃ လက်မ ကြားပဲရွာတယ်။ အပင်တွေက ခြောက်သွေ့တော့ မီးသိပ်ကြိုက်တယ်။ ထင်းရှုး၊ ဝက်သစ်ချ ယူကလစ်လို မီးအားပေးတဲ့အပင်တွေများတယ်။
အဲ့ဒီတောင်တွေပေါ်မီးလောင်တာကတော့ ပုံမှန်ပါပဲ၊ ဒီနှစ်မှာ ဖြစ်ချင်လို့ကို မီးလောင်တဲ့အချိန် တောင်ပေါ်လေက မိုင် ၇၀ လောက် ထ တိုက်လိုက်တာ၊ နှစ်တရာ တခါတောင် ဘယ်ဘုရားမှ မကယ်နိုင်တဲ့ သဘာဝဘေးဖြစ်လာတယ်။
အမေရိကန်တွေရဲ့ အိမ်ဆောက်ပုံကလည်း ရန်ကုန်လို ကွန်ကရစ်၊ သံ နဲ့ မဆောက်ကြဘူး။ ငလျင်ဒဏ်ကိုကြောက်တော့ သူတို့အိမ်တွေက ၄/၂ လို ၅ ပေလောက် ရှည်တဲ့ သစ်သားချောင်း တွေ ဆက်ပြီး အထပ်သားကာပြီး ဆောက်ကြတယ်။ အိမ်ပြိုကျရင် လူပိတောင်မသေနိုင်တဲ့ ဆိုဒ်တွေရွေးပြီးတခုနဲ့တခု ချိတ်ပြီး ဆောက်တယ်။ အပြင်ကကြည့်ရင်တော့ အုတ်တိုက်လိုလိုပဲ၊ တကယ်က အိမ်တွေကို နံရံတခုနဲ့တခုကြား သစ်သားတန်းတွေနဲ့ အခေါင်းပေါက်တွေဆောက်ကြတာ။ တခန်းနဲ့တခန်းမီးကူးမလွယ်အောင် သိပ္ပံနည်းကျဆောက်ပေမယ့် သစ်သားအိမ်တွေဆိုတော့ ပြာကျလွယ်တာပေါ့။
LA ဟာ ရာသီဥတုက ပြင်ဦးလွင်လိုပဲ နေလို့ ကောင်းတယ်။ အလွန်ကြွယ်ဝ သလို အိမ်ခြေမဲ့တွေလည်း သိန်းချီရှိတယ်။ နေတဲ့ရပ်ကွက်ပေါ်မူတည်ပြီး တနေရာကနေတနေရာအလည်သွားချင်ရင် ဝေးလွန်းလို့ လမ်းပေါ် တနာရီ၊ ၂ နာရီလောက် ကားမောင်းရတယ်။ အခုမီးလောင်နေတဲ့နေရာက တကယ့်အထင်ကရတွေနေတဲ့နေရာတွေ။ ပြတိုက်တွေ၊ ရုပ်ရှင်လောကသားတွေ၊ သူဌေးကြီးတွေ၊ အလွန်လှတဲ့ အိမ်တွေရှိတဲ့နေရာပေါ့။ ကမ္ဘာကျော် တက္ကသိုလ်တွေ၊ ကမ်းခြေတွေရှိတဲ့နေရာ။ L.A ရဲ့ သမိုင်းဝင် အထင်ကရနေရာတွေပေါ့။
မီးစလောင်တဲ့နေ့ လေပြင်းလွန်းလို့ မီးငြှိမ်းတဲ့ လေယာဉ်တွေမတက်နိုင်ခဲ့ဘူး။ အဲ့ဒီမှာ မီးခုန်ကူးသွားတယ်။ ဒီကြားတဲ့ ပစ္စည်းမဲ့ ဒေါသ၊ လူမျိုးရေးဒေါသနဲ့ မီးဝင်ရှို့တဲ့ လူတွေက ရှိသေးတယ်။
အခုလောလောဆယ် ဧကပေါင်း ၃၇၀၀၀ ကျော် ဆက်လောင်နေတယ်၊ အဆောက်အဦပေါင်း ၁၂၀၀၀ လောင်ပြီးပြီ။ လူ တသိန်းသုံးသောင်းကျော် မီးလွတ်ရာရှောင်နေရတယ်၊ ၁၆ ယောက်သေတယ်။ မီးဟာ တောင်ကြောတလျောက် ဆက်စပ်နေတဲ့ သူဌေးရပ်ကွက်တွေကို ဦးတည်နေတယ်။ ငြိမ်းတဲ့နေရာက ငြိမ်းတယ်။ မထိမ်းနိုင်တဲ့ဧရိယာက မထိမ်းနိုင်သေးဘူး။
အမေရိကန်နိုင်ငံမှာ မြန်မာလူမျိုး သုံးသိန်းကျော် နေပါတယ်။ LA မှာလည်း မြန်မာပြည်က ကျောင်းတက်တဲ့ကလေးတွေကော၊ နေနေတဲ့လူတွေကောဟာ မြန်မာပြည်က မြို့ငယ်တမြို့စာ လူသောင်းချီရှိတယ်။
နိုင်ငံတကာကလူတွေ LA ရောက်တဲ့အခါ လူတွေက အခုမီးလောင်တဲ့နေရာတွေပဲသွားကြ၊ စားကြ၊ ဓါတ်ပုံရိုက်ကြ နေရာတွေဆိုတော့ မြို့ဟာအတော်အကျည်းတန်သွားပြီး ဘယ်တော့မှ အယင်လိုပြန်မဖြစ်တော့မှာ အတော်စိတ်မကောင်းစရာပါပဲ။
သမ္မတသစ် ထရန့်ကတော့ သူ နန်းတက်ရင် ဒီ ငွေကုန်ကြေးကျများလှတဲ့ မီးကိစ္စအရင်ရှင်းရမှာမို့ ဒေါကန်နေလေရဲ့။
Crd

imageimage
1 နှစ် - ဘာသာပြန်ပါ။

သိပ်မှတ်မိတာပေါ့ အဲဒီနေရာလေး 😥

image
1 နှစ် - ဘာသာပြန်ပါ။

Hmm...who's correct?

image
1 နှစ် - ဘာသာပြန်ပါ။

များလှချည်လားကွာ
ဝါးဝါးဝီးဝါးက ဘာပြောတာလဲ🤣

1 နှစ် - ဘာသာပြန်ပါ။

12 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,520
USD Sell - MMK 4,600
EUR Buy - MMK 4,565
EUR Sell - MMK 4,655
SGD Buy - MMK 3,225
SGD Sell - MMK 3,285
THB Buy - MMK 129.03
THB Sell - MMK 131.58
JPY Buy - MMK 28.27
JPY Sell - MMK 28.83
MYR Buy - MMK 990
MYR Sell - MMK 1,010
CNY Buy - MMK 608
CNY Sell - MMK 620

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,060,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,440,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
1 နှစ် - ဘာသာပြန်ပါ။

နည်းပြ အာမိုရင်ဟာ မန်ယူနည်းပြရာထူးနှင့် ထိုက်တန်သူဖြစ်ဟု နည်းပြအာတေတာ ချီးကျူး

နည်းပြအာမိုရင်ဟာ မန်ယူနည်းပြရာထူးနဲ့ ထိုက်တန်တဲ့အရည်အချင်းရှိကြောင်း ပြိုင်ဘက် အာဆင်နယ် နည်းပြအာတေတာက ချီးကျူးသွားပါတယ်။

အက်ဖ်အေဖလားပွဲစဉ်မတိုင်ခင် ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြိုင်ဘက်အသင်း နည်းပြအာမိုရင်အပေါ် မှတ်ချက်ပေးရာမှာ နည်းပြအာတေတာက ချီးကျူးစကားဆိုခဲ့တာပါ။

စပို့တင်းလစ္စဘွန်းမှာရှိစဉ်ကတည်းက နည်းပြအာမိုရင်ကို ကောင်းကောင်းသိပြီး မန်ယူအသင်းဆီပြောင်းရွှေ့လာတာက ကြီးမားတဲ့ရည်မှန်းချက်ကြောင့် ဖြစ်ကြောင်း၊ မန်ယူနည်းပြရာထူးနဲ့လည်း ထိုက်တန်သူဖြစ်ကြောင်း အာတေတာကပြောပါတယ်။

နည်းပြတိုင်းဟာ သူ့ရည်မှန်းချက်နဲ့ သူ အသင်းတွေကို တာဝန်ယူကြတာဖြစ်ပြီး အသင်းတသင်းကို ပြန်လည်တည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်ကတော့ အချိန်ယူရမှာဖြစ်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။

image

1 နှစ် - ဘာသာပြန်ပါ။

၂၀၂၄ ခုနှစ်အတွင်း လူနာပေါင်း(၁)သိန်းကျော်ကိုကုသပေးခဲ့သည့် ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး

ရန်ကုန်တိုင်း၊ တာမွေမြို့နယ်ရှိ ရန်ကုန်မျက်စိအ ထူးကုဆေးရုံကြီးမှ ၂၀၂၄ ခုနှစ်အတွင်း မျက်စိရောဂါလူနာပေါင်း(၁)သိန်းကျော်ကို ကုသပေးခဲ့ကြောင်း သိရသည်။

ဆေးရုံတက်ရောက်ကုသရသည့် အတွင်းလူနာပေါင်း(၁၁၀၀၀)ကျော်၊ ပြင်ပမှရက်ချိန်းဖြင့် လာရောက်ပြသသည့် ပြင်ပလူနာပေါင်း(၉၀၀၀၀) ကျော်ပါဝင်ကာ မျက်စိခွဲစိတ်ကုသမှုပေါင်း (၉၀၀၀)ကျော်ကိုလည်း ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ခွဲစိတ်ကုသမှုပေါင်း(၉၀၀၀)ကျော်အ နက် အများဆုံးခွဲစိတ်ကုသရမှုများမှာ အတွင်းတိမ်ရောဂါခံစားနေရသူများဖြစ်ပြီး အမြင်လွှာကွာခြင်း၊ အမြင်လွှာပေါက်ခြင်း၊ မျက်လုံးအိမ်နောက်ခန်းသွေးယိုစိမ့်ခြင်း၊ မျက်တွင်းရောင်ခြင်းရောဂါများလည်းပါဝင်ကြောင်း သိရသည်။

ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး၌ မျက်ခွံနှင့် မျက်ရည်လမ်းကြောင်းဆိုင်ရာရောဂါများ၊ က လေးမျက်စိရောဂါများ၊ မျက်ကြည်လွှာဆိုင်ရာ ရောဂါများ၊ ရေတိမ်ရောဂါများ၊ အတွင်းတိမ် နောက်ဆက်တွဲရောဂါများနှင့် မျက်စိအာရုံကြော ဆိုင်ရာရောဂါများကိုလည်း စမ်းသပ်ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

image
1 နှစ် - ဘာသာပြန်ပါ။

HMPV ဗိုင်းရပ်စ် အရေး အစိုးရိမ်မလွန်ရန် ထိုင်းအာဏာပိုင်များ ပြော

ထိုင်းနိုင်ငံတွင် human metapneumovirus (HMPV) ဗိုင်းရပ်စ် အစုလိုက်ကူးစက်မှုမရှိဟု ထိုင်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်များက စနေနေ့တွင် အတည်ပြုခဲ့ပြီး အများပြည်သူအနေဖြင့် စိုးရိမ်ထိတ်လန့်မှုမဖြစ်ကြရန် တိုက်တွန်းခဲ့သည်။

ရောဂါထိန်းချုပ်ရေးဌာန(DDC) သည် HMPV ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် တရုတ်နိုင်ငံတို့မှ သတင်းအချက်အလက်များအပေါ် လိုက်နာဆောင်ရွက်ထားကြောင်းနှင့် တရုတ်နိုင်ငံတွင် HMPV ရောဂါဖြစ်ပွားမှုသည် ပြင်းထန်အဆင့်တွင်ရှိနေသည်ဟု အတည်ပြုနိုင်ခြင်းမရှိကြောင်းလည်း DDC ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ Panumas Yanawetsakul က ပြောကြားခဲ့သည်။

HMPV သည် ကာလရှည်ကြာဖြစ်ပွားနေခဲ့သည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ဖြစ်ပွားခြင်းမဟုတ်ဟု သူက ပြောဆိုသည်။

ရောဂါလက္ခဏာများသည် ဖျားနာခြင်းနှင့် ချောင်းဆိုးခြင်းကဲ့သို့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ကူးစက်မှု၊ တုပ်ကွေးရောဂါတို့နှင့် ဆင်တူသည်။ အချို့သည် အဆုတ်အအေးမိခြင်း သို့မဟုတ် ပြင်းထန်သော ပန်းနာရင်ကြပ်ရောဂါကို ခံစားရနိုင်သည်။ လောလောဆယ်တွင် အဆိုပါရောဂါပိုးအတွက် ပိုးသတ်ဆေး မရှိသေးဟု ဒေါက်တာ Panumas က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ယမန်နှစ်အတွင်း HMPV ပိုးတွေ့လူနာ ၄၂ ဦးရှိခဲ့သည်ဟု DDC ဒုတိယညွှန်ကြားရေးမှူးချုပ် Direk Khampaen က ပြောသည်။ ရောဂါကူးစက်ခံရသူအများစုသည် အသက် ၅ နှစ်အောက် ကလေ-းငယ်များဖြစ်ပြီး အသက် ၅၀-၅၉ နှင့် ၃၀-၃၉ အရွယ်များတွင် ဒုတိယကူးစက်မှုအများဆုံးဖြစ်သည်ဟု ဆိုသည်။

“အစုလိုက်ကူးစက်ဖြစ်ပွားတဲ့ သတင်းတွေ မရှိသေးတာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်တာတွေ မဖြစ်သင့်ပါဘူး” ဟု သူက ပြောကြားခဲ့သည်။

image

ပေါ်တူဂီဒုတိယတန်း ကလပ်တစ်သင်းကို ဝယ်ဖို့ ဗီနီစီးယက်စ်စဉ်းစား

CNI Sport News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၂

ရီးရယ်လ်အသင်းကြယ်ပွင့် ဗီနီစီးယက်စ်ဟာ ပေါ်တူဂီဒုတိယတန်းက ဘောလုံးအသင်း တစ်သင်းကို ဝယ်ယူဖို့ စဉ်းစားနေတယ်လို့ ESPN က ဖော်ပြထားပါတယ်။

ရီးရယ်လ်အသင်းနဲ့ စပိန်စူပါဖလား ပြိုင်ပွဲယှဉ်ပြိုင်ဖို့ ဆော်ဒီနိုင်ငံကို ရောက်ရှိနေတဲ့ ဗီနီစီးယက်စ်ဟာ ကစား သမား ဘဝကနေ အနားယူပြီးနောက်မှာ သူ့ရဲ့အနာဂတ် အစီအစဉ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ရှိနေတာပါ။

ပေါ်တူဂီကလပ် အသင်းတစ်သင်းကို ဗီနီစီးယက်စ် ဝယ်ယူဖို့ စဉ်းစားနေတဲ့ သတင်းကို ရေဒီယို Cadena Cope က ပထမဆုံးဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။

ဗီနီစီးယက်စ်ဟာ ကိုယ်ပိုင်စပွန်ဆာ သဘောတူညီမှုတွေကို ရရှိထားပြီး Nike နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ရှိ နေတာပါ။

ဗီနီစီးယက်စ်ဟာ Roc Nation အေဂျင်စီကို ကိုယ်စားပြုပြီး NBA နဲ့ NFL တို့က နာမည်ကြီး ကစားသမား အများအပြားနဲ့ အဆက်အသွယ်ရှိနေတာ ဖြစ်ပါတယ်။

ဘရာဇီးလ်ကြယ်ပွင့်ဟာ နိုင်ငံအတွင်းမှာလည်း ပရဟိတဖောင်ဒေးရှင်း တစ်ခုကို တည်ထောင်ပေးထားတာပါ။

ပေါ်တူဂီဒုတိယတန်းမှာ ပေါ်တိုနဲ့ ဘင်ဖီကာအသင်းတို့ရဲ့ အရန်အသင်းတွေ အပါအဝင် ကလပ်အသင်းပေါင်း ၁၈ သင်း ပါဝင်ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။

လက်ရှိကစားနေတဲ့ ဘောလုံးသမားတွေထဲမှာ နာမည်ကြီး ကစားသမားအချို့ဟာ ကလပ်အသင်းတွေကို ပိုင်ဆိုင် ထားကြပါတယ်။

ချယ်လ်ဆီးအသင်း ကစားသမားဟောင်း ကန်တီဟာ ဘယ်လ်ဂျီယံ တတိယတန်းကလပ် အသင်းတစ်သင်းကို ပိုင်ဆိုင်ထားပြီး ဗီနီစီးယက်စ်ရဲ့ ရီးရယ်လ်အသင်းဖော် ဘတ်ပီဟာ ပြင်သစ်ဒုတိယတန်းကလပ် ကိန်းအသင်းရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတာပါ။

ဗီနီစီးယက်စ်နဲ့ ဘတ်ပီတို့ဟာ ဘာစီလိုနာအသင်းနဲ့ ယှဉ်ပြိုင်မယ့် စပိန်စူပါဖလား ဗိုလ်လုပွဲအတွက် ရီးရယ်လ် အသင်းနဲ့အတူ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး ၂၀၂၅ ခုနှစ်ထဲမှာ ပထမဆုံးဆုဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Source: ESPN

ပုံ - ဗင်နီစီးယက်စ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image